Showing posts with label Milestones. Show all posts
Showing posts with label Milestones. Show all posts

07 August 2009

88 Anniversary turns 21 and the songs and the flags

၈ လေးလုံး ၂၁ နှစ်ပြည့် အခမ်းအနားများအတွက် သီချင်း ၂ ပုဒ်နဲ့ စပ်မိစပ်ရာ

ကိုမိုက်ခဲစိန်

သြဂုတ် ၇၊ ၂၀၀၉

ပြည်ပရောက် မြန်မာတွေနဲ့ အဖွဲ့အစည်းအသီးသီးက နက်ဖြန် ၈ လေးလုံး ၂၁ နှစ်ပြည့်ပွဲကို အင်တိုက်အားတိုက် ကျင်းပကြမယ် ဖြစ်ပါတယ်။ ရဟန်းရှင်လူ ကျောင်းသားလူငယ်နဲ့ ပြည်သူလူထုတရပ်လုံး ထကြွခဲ့ကြတဲ့ ၈၈ အရေးတော်ပုံကြီး ၂၁ နှစ်ပြည့်ခဲ့ပြီ။ အဲသည်နောက်ဆက်တွဲ - ၁၉၉၆ ၊ ၂၀၀၀ ကျောင်းသားအရေးအခင်းတွေ၊ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု၊ ၂၀၀၇ သံဃာ့အရေးတော်ပုံ၊ ၂၀၀၈ နာဂစ်မုန်တိုင်းအရေးအခင်း၊ ၂၀၀၉ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချလုပ်ကြံမှု စသည်ဖြင့် ပြည်သူတွေ သွေးမြေကျခဲ့ရတဲ့ အရေးအခင်းတွေကလည်း စစ်အာဏာရှင်မကျဆုံးမချင်း သွေးစက်လက် မျက်ရည်စက်လက်နဲ့ ပြည်သူလူထုလှုပ်ရှားမှုကြီးလမ်းတလျောက်လုံး လိုက်ပါလို့ နေမှာပါပဲ။

ဒီတခေါက်တော့ အရင်ဆောင်းပါးမှာ လက်စရှိခဲ့တဲ့ မူလနိုင်ငံတော်သီချင်း တပုဒ်၊ မူလနိုင်ငံတော် အလံ။ ပြီးတော့ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ကျောင်းသားတို့ရဲ့ အလံနဲ့ ၈၈ မော်ကွန်းတေးဖြစ်တဲ့ ကမ္ဘာမကြေဘူး သီချင်းတို့ကို တခါတည်း တစုတည်း ကူးယူလို့ရအောင်၊ ဖြန့်ချိလို့ရအောင် ဒီနေရာကနေ ပေးလိုက်ပါရစေ။

ခုကတည်းက ရှင်းအောင် တင်ဆက်ထားလိုက်ချင်တာက ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ အတိုက်အခံနိုင်ငံရေးလှုပ်ရှားမှုများမှာ အများစု သုံးစွဲကြတဲ့ အလံပုံတွေကိုပါ ဒီမှာ စာတမ်းထိုးပြီးတော့ ပေးထားလိုက်ပါရစေ။ (၁) မူလနိုင်ငံတော်အလံ၊ (၂) ကျောင်းသားသမဂ္ဂ အလံ (၃) အင်န်အယ်ဒီပါတီ အလံ (၄) သာသနာ့အလံ (သာနာ့အလံကိုလည်း ထည့်သွင်းလိုက်ပါရစေ၊ စစ်အာဏာရှင်တွေက သာသနာ့အလံကိုပါ သူတို့ဆန့်ကျင်တဲ့အလံလို့ သဘောထားကြောင်း ပြသခဲ့ပြီး ဖြစ်လို့ပါ) (၅) အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်အလံ (၆) လူ့ဘောင်သစ်ပါတီ အလံ (၇) ဗမာပြည်ကွန်မြူနစ်ပါတီအလံ စသည်တို့ ဖြစ်ပါတယ်။



File:Burma flag(1948) large.png





၈ လေးလုံး အရေးတော်ပုံ သီချင်း

နိုင်မြန်မာ - ကမ္ဘာမကြေဘူး

ဂီတပညာရှင် မာမာအေးက နိုင်မြန်မာကို အမှတ်တရ ရှိရှိနဲ့ ပြန်ပြောင်း ပြောပြပါတယ်။ ကိုယ်ပိုင်သံစဉ် စတီရီယို သီချင်းရေးတဲ့ မြန်မာဆန်တဲ့ သီချင်းရေးဆရာ၊ ၈၈ အရေးတော်ပုံမှာ သူရေးတဲ့သီချင်း “ကမ္ဘာမကြေဘူး” သီချင်းကို အရေးတော်ပုံကြီးက ရင်ထဲ၊ အသည်းထဲက ပွေ့ဖက် ရှင်သန်ခဲ့လို့ ၈၈ အရေးတော်ပုံရဲ့ ဥဒါန်းတွင်တဲ့ တော်လှန်ရေး သီချင်း ဖြစ်ခဲ့တာ။ သူနေတဲ့ မြောက်ဥက္ကလာမှာ အရေးအခင်း နောက်ပိုင်း ခြေချုပ်နဲ့ နေခဲ့ရတဲ့ ကာလတွေ ရှိခဲ့။ နိုင်ငံခြား သီချင်းသံစဉ် ဖြစ်နေတာကလွဲလို့ သူရေးလိုက်တဲ့ သီချင်းစာသားဟာ မြန်မာလူငယ်တွေ အားလုံးအတွက် တော်လှန်ရေး စိတ်ဓာတ်ကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်တဲ့ သြဇာကြီးလှတဲ့ သီချင်း အနုပညာ တခုပါပဲ တဲ့။ အဲဒီ သီချင်း စာသားနဲ့ သီချင်းကို ပြန်လည် ရှာဖွေ တင်ဆက်လိုက်ပါတယ်။ အင်တာနက်ပေါ်က ရတာပါ။


သီချင်းကို တိုက်ရိုက်ဒေါင်းလုပ် ရယူပြီး နားဆင်ရန်

Listen or Download the Song from Here >>>

မူလအစ မြန်မာနိုင်ငံတော်သီချင်း

File:Burma flag(1948) large.png

ခြေဆင်း

"တရားမျှတ လွတ်လပ်ချင်းနဲ့မသွေ၊ ... ဒို့ပြေ(ပြည်) ဒို့မြေ (သံပြိုင်)

များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊

ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့မြေ၊ ... ဒို့ပြေ(ပြည်) ဒို့မြေ (သံပြိုင်)

ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊

အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ ..."

သီချင်း (သံပြိုင်)

"ကမ္ဘာမကြေ၊ မြန်မာပြေ(ပြည်)

ဒို့ဘိုးဘွား အမွေစစ်မို့၊ ချစ်မြတ်နိုးပေ

ကမ္ဘာမကြေ၊ မြန်မာပြေ(ပြည်)

ဒို့ဘိုးဘွား အမွေစစ်မို့၊ ချစ်မြတ်နိုးပေ

ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ

ဒါ ဒို့ပြေ(ပြည်) ဒါ ဒို့မြေ၊ ဒို့ပိုင်တဲ့မြေ

ဒို့ ... ပြေ(ပြည်) ဒို့ ... မြေ အကျိုးကို

ညီညာစွာ ဒို့တတွေ၊ ထမ်းဆောင်ပါစို့လေ

ဒို့တာဝန်ပေ ...

အဖိုးတန်မြေ ..."

မိုးမခ ရုပ်သံဘဏ်တိုက် - မာမာအေးဖောင်ဒေးရှင်း ရန်ပုံငွေ သီချင်းစီဒီမှ နားဆင်ရန် -

http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=37&PageNo=1&key=1&hit=1

တိုက်ရိုက် ဒေါင်းလုပ်ရယူပြီး နားဆင် မျှဝေရန် - http://moemaka.com/images/zoom/MMA-Charity/05_National_Song_-_Mar_Mar_Aye.mp3