08 December 2009

117th Moe Gaung Pagoda Fastival & Burmese Traditional Food

ရန်ကင်း မိုးကောင်းဘုရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံး

မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၉၊ ၂၀၀၉
ရန်ကုန်မြို့၊ ရန်ကင်း၊ ၁၁၇ ကြိမ်မြောက် မိုးကောင်းဘုရားပွဲတော်ကြီးကို ဒီဇင်ဘာ ၁ ရက်က ၇ ရက်အထိ တပတ်ကြာ ၁၂ ပွဲ ဈေးသည်များ၊ မြို့ခံ ဘုရားပွဲတော်လာ ပရိသတ်များနဲ့ နေ့စဉ် ရက်ဆက် ကြိတ်ကြိတ်တိုး စည်းကားခဲ့တာကို တွေ့ရပါတယ်။
မြန်မာ့ရိုးရာဘုရားပွဲတော်များရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာဖြစ်တဲ့ မြန်မာ့ရိုးရာနဲ့ ခေတ်ပေါ် အစားအစာ၊ အသုံးအဆောင်နဲ့ ထွေထွေရရာ လက်ဆောင်ပစ္စည်းတွေကို ရောင်းချနေကြတာကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် မြန်မာ့ရိုးရာအစားအစာတွေကို ဆိုင်ခင်းပြီး ချက်ပြုတ်ကြော်လှော် ရောင်းချနေကြတာတွေ၊ တထိုင်တည်း ၀ယ်ယူစားသုံးကြတာတွေကို တွေ့နိုင်ပါတယ်။

၁၁၇ ကြိမ်မြောက် မိုးကောင်းဘုရားပွဲ အ၀င်မုဒ်ဦး

ပွဲဈေးတန်း လမ်းကြား - လက်သုတ်စုံ ဆိုင်ကလေးများ


ပွဲဈေးတန်း ကုန်ပဒေသာ ဆိုင်တန်း - ကော်ပြန့်ကျော် ဖို

ကော်ပြန့်ကျော်၊ သုတ် ဆိုင် - တရုတ်စောင်နဲ့ မျက်နှာသုတ်ပ၀ါ ဆိုင်


မြန်မာ့လက်ယက် ဇကော၊ ဇကာ၊ ခြင်းနဲ့ ဖျာ ဆိုင် - မြန်မာပွဲဈေးတန်းရဲ့ အဆင်တန်ဆာ - ဖျာဆိုင်

ကလေးများအတွက် ခြားနဲ့ ရဟတ် ပျော်စရာတန်း - ငြိမ်းချမ်းကမ္ဘာ ခြားရဟတ် အဖွဲ့က တင်ဆက်သည်


မိုးကောင်း ဆုတောင်းပြည့် စေတီတော်ကြီး

ညဦးပိုင်း ပွဲဈေးတန်း စတင် သက်ဝင်ပြီ - ဘူးသီးကြော် ဆိုင်တန်းများ
 
မြန်မာ့ဇာတ်ပွဲသဘင် နောက်ခံ၊ ၀က်ခေါင်းသုပ်ဆိုင်၊ ယိုးဒယားပုလဲသီးမစ်ရှိတ် (အင်္ဂလိပ်စာကို မြန်မာသံနဲ့ ပေါင်းထားပုံ) -  ထမနဲဆိုင်တန်း

ကြည်ကြည်သိန်း ဘူးသီးကြော် - မြန်မာကလေးများအတွက် ကစားစရာ သေနတ်များ

ပုဇွန်ခွက်ကြော်၊ ဂဏန်းကျော်၊ မန္တလေးပဲကြော် - တရုပ်သုခမိန် ခေါင်းဆောင်း၊ ဗန္ဓုလဦးထုပ်နဲ့ ကျန်စစ်သားလှံ

မြန်မာလက်ဖြစ် စက္ကူကစားစရာ အရုပ်များ - မြန်မာရိုးရာ တိရစ္ဆာန်ရုပ်မျိုးစုံ - မုန့်ပေါင်းနှင့် နှမ်းထောင်း ဈေးခင်း


 
ကြက်ဥမုန့်သိုင်းခြုံ - မြန်မာများ ပွဲတိုင်းကျော် ရေမုန့်

ထမနဲဆိုင်များ

အကြော်စုံ ဆိုင်တန်းက ဂဏန်းကြော် - ပုဇွန်ခွက်ကြော်သုတ် ဆိုင်ခင်းထားစဉ်

မုန့်သိုင်းခြုံ၊ မုန့်လင်မယား ဆိုင်များ - ရေမုန့်ဆိုင်တန်း

ပုဇွန်ခွက်ကြော်၊ ဂဏန်းကြော် - ကောက်ညင်းကျီတောက်

ကလေးများစွဲတဲ့ သူရဲကောင်းဇာတ်လိုက်မျက်နှာဖုံးများ - မုန့်လုံးရေပေါ်၊

ထမနဲ - ထိုးမုန့်

ကောက်ညင်းမုန့်၊ ငှက်ပျောသီးမုန့် - ဆနွင်းမကင်းနဲ့ မုန့်မျိုးစုံ
(Photos - MoeMaKa Rangoon Team)

No comments:

Post a Comment