17 November 2010

Shwe Pyi Soe - State Terrorism of Burmese Regime 2

လူဆိုး သူခိုး  ကြီးစိုးတော့မယ့် ဒို့နိုင်ငံ ( အပိုင်း - ၂ )
ရွှေပြည်စိုး
နိုဝင်ဘာ ၁၈၊ ၂၀၁၀
          အပိုင်း - ၁ မှာ  ကြံ့ဖွတ်အဖွဲ့၊ ကြံ့ဖွတ်အဖွဲ့ဝင်၊ ကြံ့ဖွတ်ခေါင်းဆောင် တွေရဲ့  လူဆိုးသူခိုး လုပ်ရပ်တွေနဲ့ ကြံ့ဖွတ်နာယကကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ လူဆိုးသူခိုး ဇာတ်လမ်းအချို့ကို တင်ပြထားပြီးပါပြီ။
          အခု အပိုင်း - ၂  မှာ   ကြံ့ဖွတ်ပါတီ၊ ပါတီဝင်ထဲက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ လူဆိုးသူခိုး အမတ်လောင်း ( ယခု ဆောင်းပါးဖေါ်ပြချိန်တွင် မဲလိမ်ပြီး အမတ်ဖြစ်သွားကြသူများ ) အချို့ရဲ့   ဇာတ်ကြောင်းအကျဉ်းကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။
          ကြံ့ဖွတ်ပါတီက ဝင်ရောက်အရွေးခံခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအကြောင်းမပြောမီ၊ ရန်ကုန်မြို့တော်ဝန် အရွေးခံခဲ့တဲ့    “ တောင်ဥက္ကလာပ ကြံ့ဖွတ်အဖွဲ့ ” ရဲ့ သူတစ်ပါးအပေါ် မကောင်းကြံကြပုံကို အရင်တင်ပြရမှာ ဖြစ်ပါတယ်။
          တောင်ဥက္ကလာပ ကြံ့ဖွတ်အဖွဲ့ က NLD ပါတီ ပျက်စီးချုပ်ငြိမ်းရေး အတွက် နယ်မြေတာဝန်ခံ မြို့တော်ဝန် အောင်သိန်းလင်း ထံ  ၃၁-၁၂-၂၀၀၃  က ပေးပို့တဲ့ ကြံ့ဖွတ်အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေမှာ  -
NLD ပါတီ ၏ လှုပ်ရှားမှုများ ပပျောက်ရေးအတွက် နည်းလမ်း ( ၆ ) ခုဖြင့် ဆောင်ရွက်သွားရန်ဖေါ်ပြထားပါတယ်။
၁။       NLD အဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများ ပြိုလဲပျက်စီးသွားအောင် ဆောင်ရွက်ရန်
၂။       NLD သာမန်အဖွဲ့ဝင်များကို ငွေဖြင့်မြူ၍ ဖဲ့ထုတ်စည်းရုံးသွားရန်
၃။       NLD အဖွဲ့ဝင် မိသားစုများ အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ဆောင်ရွက်ရန်
၎။       NLD အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ရေး ဖိအားပေးဆောင်ရွက်ရန်
၅။       NLD အဖွဲ့ဝင်များ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများကို တရားဥပဒေနှင့် ညီမညီ စောင့်ကြည့်၍ အရေးယူ ဆောင်ရွက်သွားရန်
၆။       မငြိမ်မသက်ဖြစ်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အာဏာပိုင်များနှင့် ပူးပေါင်း၍ ကြိုတင်တားဆီး ကာကွယ်သွားရန်
( ခေတ်ပြိုင်ဂျာနယ်၊ ၂၀၀၄ မတ်လ ထုတ် )
          ဒီရည်ရွယ်ချက်တွေကို ကြည့်ခြင်းအားဖြင့်  ကြံ့ဖွတ်အဖွဲ့ဟာ အကြမ်းဖက် အပျက်လုပ်ငန်းတွေကို အဓိက လုပ်နေကြတယ်ဆိုတာ ထင်ရှားနေပါပြီ။
          ကြံ့ဖွတ်ပါတီက ဝင်ရောက်အရွေးခြံကတဲ့ အမတ်တွေ အားလုံးနီးနီးဟာ  နအဖ အဖွဲ့ထဲက “ အကောင် ” တွေချည်းပါပဲ။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေ၊  စစ်ယူနီဖေါင်းချွတ်သူတွေ၊  ကက်ဘိနက်ဝန်ကြီးအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်အသီးသီးက တိုင်းမှူး၊ ပြည်နယ်မှူးတွေ၊  လူထွက်တွေ၊  ကြံ့ဖွတ်အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ ၎င်းတို့ကို အားမနာတမ်း ပြောရရင် အကျင့်ပျက် သူခိုး နဲ့ ခြကောင် တွေချည်းပါပဲ။ နိုင်ငံခေါင်းဆောင်ဆိုတဲ့ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်သန်းရွှေ ကိုယ်တိုင်ကိုက အကျင့်ပျက်ပြီး နိုင်ငံတော်ပိုင် သယံဇာတွေ၊ ဘဏ္ဍာတော်ငွေတွေကို ခိုးဝှက်နေမှတော့ သူတို့တွေလည်း အကျင့်မပျက်ပဲ၊ မခိုးပဲ နေပါတော့မှာလား။ တကယ်တမ်းပြောရရင် နအဖ အဖွဲ့ဝင်  ၉၈ ရာခိုင်နှုန်းလောက်ဟာ အကျင့်ပျက် သူခိုးနဲ့ ခြကောင်တွေ ဖြစ်နေပါတယ်။
          နအဖ အာဏာရှင်တွေ၊ အာဏာပိုင်ကြီးငယ် အဆင့်ဆင့်တွေ  ခိုးတာ၊ ခြစားတာကတော့ ကမ္ဘာကျော်ပါ။ ဂျာမဏီနိုင်ငံအခြေစိုက် TRANSPARENCY INTERNATIONAL အဖွဲ့ရဲ့ ကြေညာချက်ထဲတွင် “ ခြစားမှုအများဆုံး နိုင်ငံစာရင်း မှာ မြန်မာဒုတိယချိတ် ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပါလာတာပါ။ ၂၀၁၀ အတွက် လာဘ်ပေးလာဘ်ယူ အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အာဖဂန်နစ္စတန် နဲ့အတူ အဆင့် ၁၇၆ ဖြင့် ရှိနေကာ ၎င်းတို့နောက်တွင် အဆင့် ၁၇၈ ဖြင့် ဆိုမာလီးယားနိုင်ငံသာ ကျန်ရှိတော့ ကြောင်း ဖေါ်ပြထားပါတယ်။ ( ဗွီအိုအေ၊ မဇ္ဈိမ၊ ၂၆/၂၇ - ၁၀-၂၀၁၀ )
          နအဖ တွေ ခြစားတာ အခုမှမဟုတ်ပါ။ နဝတ ဖွဲ့စည်းစဉ်ကတည်းကပါ။ ၁၉၉၇ ခုနှစ် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်သိန်းဝင်း တို့တွေ အဖြုတ်ခံခဲ့ရတာလည်း ခြစားကြလို့ပါပဲ။
          နအဖ အဖွဲ့ဝင်တွေ ခြစားတာ မှန်ကန်ကြောင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် က  ၀န်ခံထားပါတယ်။ သူက   ၃၈/၂၀၀၈ နေပြည်တော် ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ  “ ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလ အထိ၊  ၉ လ အတွင်း စစ်အစိုးရဝန်ကြီးဌာနပေါင်းစုံတွင် အဂတိလိုက်စားသည့် အမှုပေါင်းမှာ ၄၄၈ မှု ရှိကြောင်း၊ ၎င်းတို့အနက် အရေးယူပြီး သည့် အမှုပေါင်းမှာ ၃၀၀ ရှိပြီး၊ စစ်ဆေးနေဆဲ အမှုမှာ ၁၄၈ မှု ရှိကြောင်း  .. ”   ဝန်ခံပြောကြားထားပါတယ်။                                 ( ခေတ်ပြိုင်၊  ၇-၁-၂၀၀၉ )
          TRANSPARENCY INTERNATIONAL အဖွဲ့က  ဒီနှစ်မှ နအဖ ရဲ့ ခြစားစာရင်းကို ထုတ်တာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်းထုတ်တဲ့စာရင်းတွေမှာ  မြန်မာနိုင်ငံဟာ ထိပ်ဆုံးက ပါဝင်နေတာ တွေ့ရပါတယ်။ ရှက်စရာအတိ ဖြစ်ပါတယ်။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်ကြီးတွေကတော့ မရှက်တတ်ကြပါ။
          အခု ကြံ့ဖွတ်ပါတီကနေ ယှဉ်ပြိုင်ခဲ့ကြတဲ့ အမတ်တွေ ထဲက အဆိုးဆုံးနဲ့ အခိုးဆုံးပုဂ္ဂိုလ် အချို့ကိုကြည့်ပါ။ လေ့လာမိသလောက် တင်ပြပါမယ်။

 
၁။      ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း  ( ယခင် ဗိုလ်မှူးချုပ် )
          ဦးအောင်သိန်းလင်း ဟာ အလွန်ကောက်ကျစ်ယုတ်မာလှတဲ့ လူတစ်ဦးပါ။ ( ယခု ဆောင်းပါးဖေါ်ပြချိန်တွင် တောင်ဥက္ကာလာပမြို့နယ် မှ မတရားသဖြင့် အနိုင်ရသွားခဲ့ပါတယ်။ )
          ရန်ကုန်မြို့၊ သင်္ကန်းကျွန်း၊ ဗြဟ္မဝိဟာရ ကျောင်းတိုက် မှာ ဖွင့်ထားတဲ့ နာရေးကူညီမှုအသင်း နဲ့ အခမဲ့ သုခ ဆေးခန်းကို ဖယ်ပေးဖို့  အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို ဖိအားပေးပြီးဖယ်ခိုင်းတာဟာ မြို့တော်ဝန် အောင်သိန်းလင်း ရဲ့ စနက် ဖြစ်ပါတယ်။
          အာဏာပိုင်တွေဖယ်ခိုင်းလို့ နာရေးကူညီမှုအသင်းကို သင်္ကန်းကျွန်းကနေ မြောက်ဒဂုံကို ပြောင်းလိုက်ရလို့ တစ်နှစ်တောင် မပြည့်သေးဘူး၊ အသင်းပိုင် နိဗ္ဗာန်ယာဉ်တွေကို ရေဝေးသုသာန်မှာ ထားရမယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီ ဥပဒေဟာ  ၁၉၂၀ ပြည့်နှစ်၊ ကိုလိုနီလက်ထက်က ထုတ်ပြန်ခဲ့တဲ့ စည်ပင်သာယာရေးဥပဒေ ဖြစ်ပါတယ်။ ( ဒီဗွီဘီ၊ ၂၅-၂-၂၀၀၉ )  ဒါဟာလည်း အောင်သိန်းလင်း ရဲ့ လက်ချက်ပါပဲ။
          တဖန်  ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီကပဲ  နာရေးကူညီမှု အသင်းပိုင်ကားတွေကို ရေဝေး သုသာန်မှာ ထားရမယ်လို့ အမိန့်ထုတ်ပြန်ပြီးလို့ တစ်လတောင်မပြည့်သေးဘူး၊  အဲဒီကားတွေကို ရေဝေး နဲ့ ထိန်ပင် သုသာန် တွေမှာ တစ်ဝက်စီထားရမယ်လို့  ၁၈-၃-၂၀၀၉ မှာ ထပ်မံတစ်ခါ အမိန့်ထုတ်ပြန်ပါတယ်။  သင်္ကန်းကျွန်းကနေ မြောက်ဒဂုံ ကို ရွှေ့ခိုင်း၊  အသင်းပိုင်ကားတွေကို ရေဝေးသုသာန်မှာ ထားခိုင်း၊  တစ်လမပြည့်မီမှာပဲ ကားတွေကို ရေဝေး နဲ့ ထိန်ပင် သုသာန် တွေမှာ တစ်ဝက်စီထားရမယ်လို့ အမိန့် အမျိုးမျိုး ထုတ်နေတာဟာ   ဦးကျော်သူ ဦးဆောင်တဲ့  နာရေးကူညီမှုအသင်းကို ပျက်စီးအောင်လုပ်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။
          တဖန် မြောက်ဒဂုံမြို့နယ် မှာ ဖွင့်လှစ်တဲ့ နာရေးကူညီမှုအသင်း နဲ့ ဆေးခန်းရှေ့မှာ  ၅ ပေ အနက်၊ ၅ ပေ အကျယ် ရေမြောင်းဖေါက်ရမယ်။  မဖေါက်ဘူးဆိုရင် ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ် ချမှတ်မယ်လို့   မြောက်ဒဂုံမြို့နယ် စည်ပင်သာယာရေး က ညွှန်ကြားလာပြန်ပါတယ်။ ( ဒီဗွီဘီ၊ ၉-၁၀-၂၀၀၉ )

စုတ်ပဲ့တဲ့အကြံလက်မခံ
          အင်မတန် ကောက်ကျစ်စုတ်ပဲ့တဲ့ အောင်သိန်းလင်း ရဲ့ အကြံကို  ဦးကျော်သူ လက်မခံတော့ပဲ  “ အခြား မြေကွက်တွေကို မတူးခိုင်းပဲ  သူ့တစ်ကွက်ထဲပဲတူးရရင် ရေလှောင်ကန်ဖြစ်သွားပြီး ခြင်မွေးကန်ဖြစ်သွားမယ်။ ကျန်းမာရေး နဲ့ လုံးဝမကိုက်ညီတာကြောင့် မတူးနိုင်ဘူး။  ဒါဏ်ကြေးမဆောင်နိုင်ဘူး။  အလှူငွေတွေဟာ အများက လှူထားတဲ့ငွေတွေဖြစ်လို့ မသုံးနိုင်ဘူး။  ဖမ်းချင်ရင်ဖမ်း ”  ဆိုပြီး၊ ငြင်းဆန်လိုက်ပါတယ်။ ( ဒီဗွီဘီ၊ ၁၉-၁၀-၂၀၀၉ )
          ဘာကြောင့်  မြို့တော်ဝန် အောင်သိန်းလင်း က  ဦးကျော်သူ ဦးဆောင်နေတဲ့  နာရေးကူညီမှုအသင်းကို ပျက်စီးစေချင်တာလဲဆိုတော့ အဲဒီအသင်းမှာ အသင်းပိုင်ငွေ အမြောက်အများရှိနေတယ်။ အသင်းပျက်သွားရင် အဲဒီငွေတွေကို သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  အရင်တစ်ခါက ကြံ့ဖွတ်အဖွဲ့အနေနဲ့ နာရေးကူညီမှုအသင်းကို သိမ်းပိုက်ဖို့လုပ်ခဲ့သေးတယ်။  သိမ်းလို့မရတာကြောင့် ဒုက္ခအမျိုးမျိုး  လိုက်ပေးနေတာဖြစ်တယ်။
          ကောက်ကျစ်တဲ့ မြို့တော်ဝန်ဟာ အရှုံးနဲ့ရင်ဆိုင်နေရတာတွေကို ထေမိအောင်  “ ရေမြောင်းမတူးဘူးဆိုရင် အဆောက်အဦ ကို သုံးခွင့်မပြုဘူး။ မြို့နယ်ရုံးကိုလာဖို့ မြို့နယ်စည်ပင် ကတဆင့်  ဆင့်ခေါ်ကာ အကျပ်ကိုင်လာပြန်တယ်။ ဒါပေမယ့် ဦးကျော်သူ က အမိန့်ကို ဖီဆန်လိုက်တယ်။ ( ခေတ်ပြိုင်၊ ၂၉-၁၀-၂၀၀၉ )

ဦးကျော်သူ ကို ဒုက္ခပေးတဲ့အထဲ ပြည်ထဲရေးလည်းပါ။
          မြို့တော်ဝန် အောင်သိန်းလင်း ဟာ နာရေးကူညီမှုအသင်းပျက်စီးအောင်၊  ဦးကျော်သူ ကို အမိန့်ဖီဆန်မှုနဲ့ ထောင်ကျအောင် တရားရုံးမှာအမှုစွဲတင်ထားချိန်မှာ  ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့ကြီးကြပ်ရေးဗဟိုအဖွဲ့ က နာရေး ကူညီမှုအသင်း နဲ့ အခမဲ့သုခဆေးခန်း ရဲ့ မှတ်ပုံတင်သက်တမ်းကို တိုးမပေးကြောင်း အမိန့်ထုတ်ပြီး ပိတ်စေခဲ့ပါတယ်။
          ဒါဟာလည်း မြို့တော်ဝန်ရဲ့ လျှို့ဝှက်စီမံချက်ထဲက တစ်ကွက်ဖြစ်နိုင်ပါတယ်။
          ရန်ကုန်မြို့တော်ဝန်ဟာ နာရေးကူညီမှုအသင်းပျက်စီးအောင် အမျိုးမျိုးကြံစည်ပေမယ့်လည်း ဥပဒေနဲ့မညီ၊ နည်းလမ်းမကျတဲ့အတွက် ကြံသမျှမအောင်မြင်တော့တဲ့ အဆုံးကျတော့မှ လူစိတ်ပြန်ဝင်လာကာ သူထုတ်ပြီးသားအမိန့်တွေကို ပြန်ရုပ်သိမ်းလိုက်ရပါတယ်။ ( ခေတ်ပြိုင်၊ ၉-၁၁-၂၀၀၉ )
          ဒါတွေကို ကြည့်ခြင်းအားဖြင့် မြို့တော်ဝန် အောင်သိန်းလင်း ဟာ  ဘယ်လောက် ကောက်ကျစ်စဉ်းလဲတယ်၊ စိတ်ထားယုတ်ညံ့တယ် ဆိုတာတွေကို သိလောက်ပါပြီ။

ကြံ့ဖွတ်ပါတီ အဖြစ်တည်

(၁) တောင်ဥက္ကာပမြို့နယ်က  ဝင်ရောက်အရွေးခံခဲ့တဲ့  ကြံ့ဖွတ်ပါတီအမတ်လောင်း  ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း ဟာ သူ့အတွက် ကြံ့ဖွတ်အင်အား ၂၀၀၀ စုပေးရင် ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အမှတ်(၇) ရပ်ကွက် ရှိ ဗလီ ကို ဆက်လက်ဆောက်ခွင့်ပေးမယ်ဆိုလို့၊ ပါတီဝင်အင်အား ၂၀၀၀ စုပေးကြရတယ်။  ဒါကိုသိတဲ့ အမှတ်(၇)ရပ်ကွက် နေ ပြည်သူတွေနဲ့ ရပ်ကွက်လူကြီးတွေက ကန့်ကွက်ကြလို့၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြား  အဓိကရုဏ်း ဖြစ်တော့မယ့် အခြေအနေကို ရောက်သွားရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှာ  အရေးပေါ် အစည်းအဝေးလုပ်ကြပြီး၊ ဗလီဆောက်လုပ်ရန် ဆိုင်းငံ့လိုက်ရပါတယ်။

(၂)   ဗလီပြန်ဆောက်လုပ်ခွင့် မရလို့  မကျေမနပ်ဖြစ်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို နှစ်သိမ့်ဖို့၊ မြို့တော် စည်ပင်သာယာပိုင် ငွေ ကျပ်သိန်း ၃၀၀ ကို ဗလီဆောက်လုပ်ဖို့၊ ရန်ပုံငွေလှူဒါန်းလိုက်ပါတယ်။ ( ဧရာဝတီ၊ ၁၁-၁၀-၂၀၁၀ )

(၃)   အောင်သိန်းလင်းဟာ သူမဲရရှိဖို့ ရန်ကုန်မြို့တော်၊ မြို့နယ်များအတွင်း ခင်းလက်စ၊ ပြင်လက်စ လမ်းတွေကို ဆက်လက်လုပ်မပေးတော့ပဲ တစ်ဝက်တစ်ပျက်နဲ့ ရပ်ဆိုင်းလိုက်ပါတယ်။ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမ နဲ့ အခြားလမ်းများကို ကွန်ကရစ်ခင်းဖို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပါတယ်။
“ ရွေးကောက်ပွဲ မတိုင်မီ ကြံ့ဖွတ်ပါတီက ခင်းပေးနေသောလမ်းများကို အပြီးသတ် ဆက်မခင်းသေးပဲ၊ တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းထားရန် မြို့တော်ဝန်က ညွန်ကြား ”  လို့ ဆိုပါတယ်။ ( ခေတ်ပြိုင်၊ ၁၈-၁၀-၂၀၁၀ )  ဆိုလိုတာက “ သူရွေးကောက်ပွဲမှာ မနိုင်ဘူးဆိုရင် ဆက်လက်မခင်းပေးဘူး၊ လမ်းကို ဆက်လက်ခင်းပေးစေချင်ရင် သူနိုင်အောင်၊ သူ့ကို မဲပေးကြ ”  လို့  ဆိုလိုခြင်းဖြစ်ပါတယ်။
          အမှန်မှာ လမ်းခင်း၊ လမ်းပြင်၊ တံတားဆောက်၊ တံတားပြင် ရမှာက သူ့အလုပ်ပါ။ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ပါဘူး။ အခုလိုလုပ်တာဟာ သူ့ရဲ့စိတ်ယုတ်မာမှုကို ပြသတာဖြစ်ပြီး၊ လမ်းသွားလမ်းလာပြည်သူတွေကို အခက်အခဲ ဖြစ်အောင် ဖန်တီးတာ ဖြစ်တယ်။  သူ ဒီလို စိတ်ယုတ်မာမွေးလေ၊ သူ့အပေါ်အကြည်အညိုမဲ့လေ ဖြစ်တယ်။
          အောင်သိန်းလင်း ဟာ သူအရွေးခံရဖို့အတွက် နှစ်ပေါင်းများစွာကတည်းက ပျက်စီးနေတဲ့ လမ်းတွေကို မပြင် ခဲ့ပဲ၊ ရွေးကောက်ပွဲနီးခါမှ လမ်းပြင်ပေး၊ လမ်းခင်းပေးတာဟာ  ဟန်ဆောင်လုပ်ပြတာ ဖြစ်ပါတယ်။  လမ်းခင်း၊ လမ်းပြင် အလုပ် တွေဟာ စည်ပင်သာယာရဲ့ အလုပ်တွေပါ။  ဒါပေမယ့် ကြံ့ဖွတ်ပါတီကပဲ လုပ်ပေးသယောင် လီဆယ်ပြီးပြောတာဟာလည်း အောင်သိန်းလင်း၊  ပြည်သူပိုင်ငွေနဲ့ပြုပြင်တဲ့လမ်းကို ကြံ့ဖွတ်ပါတီက လုပ်ပေးတယ်ဖြစ်အောင် လိမ်ညာပြီး ပြောရုံသာမက၊ ကြံ့ဖွတ်ပါတီတံဆိပ်ပါတဲ့ ကျောက်တိုင်ကို သပြေခက်နဲ့ ရေပက်ပြီး ဖွင့်ပွဲလုပ်တာကလည်း အောင်သိန်းလင်း ပါပဲ။
          ဒါပေမယ့် ၂၈-၁၀-၂၀၁၀ ရက်နေ့က ပြည်တွင်းပြည်ပက သတင်းထောက်တွေ တက်ရောက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ “ခင်းနေသောလမ်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးက လုပ်တာလား၊ ကြံ့ဖွတ်ပါတီက လုပ်တာလား” လို့ မီဒီယာများက မေးတော့၊ အရှက်ကင်းမဲ့တဲ့ အောင်သိန်းလင်း က ဘာမှ မပြောရဲခဲ့ပါဘူး။ ကြံ့ဖွတ်ပါတီ အထွေထွေအတွင်း ရေးမှူး၊ လယ်ယာနဲ့ဆည်မြောင်းဝန်ကြီး ဦးဌေးဦး ကဝင်ပြီး “ ရန်ကုန်ရှိလမ်းများကို ကြံ့ဖွတ်ပါတီက ခင်းတာမဟုတ်၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ က ခင်းတာဖြစ်ကြောင်း ”  ဖြေကြားလိုက်တဲ့ အတွက် ( ခေတ်ပြိုင်၊ ၂၈-၁၀-၂၀၁၀ )  အရှက်ကင်းတဲ့ အောင်သိန်းလင်း ဟာ  လူပုံအလည်မှာ အကြီးအကျယ်အရှက်ကွဲသွား ခဲ့ရပါတယ်။
          မော်နီတာ သတင်းဂျာနယ်က အရှက်ကင်းတဲ့ အောင်သိန်းလင်း ကို “ဖါး” တဲ့ အနေနဲ့၊  “ မြို့တော်ဝန် အောင်သိန်းလင်း၊ ရန်ကုန်လမ်းများကို ကြံ့ဖွတ်ပါတီက ခင်းပေးနေကြောင်း၊ ပါတီဝင်များက လုပ်အားပေးနေကြောင်း၊ အခ ကြေးငွေပေးရန် မလိုကြောင်း၊ လမ်းခင်းရန် လိုအပ်ပစ္စည်းများကို ရန်ကုန်စည်ပင်က ကူညီနေကြောင်း ”  လီဆယ်ရေးသား ဖေါ်ပြချက်ကိုလည်း ဝန်ကြီးဦးဌေးဦး က အမှန်ကို ဖေါ်ထုတ်ပြောဆို ( ခေတ်ပြိုင်၊ ၂၈-၁၀-၂၀၁၀ )   လိုက်တဲ့အတွက်       မော်နီတာ သတင်းဂျာနယ်ဟာလည်း အောင်သိန်းလင်း လိုပဲ အရှက်ကွဲရပြန်ပါတယ်။

          အောင်သိန်းလင်း ဟာ  “ ဆိုးလည်းဆိုး၊ ခိုးလည်းခိုးတဲ့ ဆိုးခိုးကြီး ” ပါ။  သူဟာ နာရေးကူညီမှုအသင်း ခေါင်းဆောင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ အပါအဝင်၊ ရန်ကုန်သားတွေအပေါ် မတရားလုပ်ရုံသာမက၊ နိုင်ငံတော်ပိုင် သယံဇာတတွေ၊ ဘဏ္ဍာတော်ငွေတွေ၊ ခြစားခိုးထားငွေတွေကို နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားကြောင်း အဆိုပါ ဘဏ်တွေရဲ့ ထုတ်ဖေါ်ကြေညာချက်အရ သိရပါတယ်။
          အောင်သိန်းလင်း  ခိုးဝှက်အပ်နှံထားတဲ့ နိုင်ငံရပ်ခြားရှိ ဘဏ်များ နဲ့ မိသားစုစာရင်းတွေကတော့ -
(၁)     BANK  OF  AUSTRALIA  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၄၆၄ ) ယောက်ထဲတွင် အောင်သိန်း လင်း  အပါအဝင် မိသားစုဝင် ( ၃  ယောက် ) -
-     ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း
-     ဒေါ်ခင်စန်းနွယ်  ( အောင်သိန်းလင်း ရဲ့ ဇနီး )
-     မသီတာမျိုး  ( အောင်သိန်းလင်း ရဲ့ သမီး )
(၂)     BANK  OF  ENGLAND  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၅၁၅ ) ယောက်ထဲတွင် အောင်သိန်း လင်း  အပါအဝင် မိသားစုဝင် ( ၃  ယောက် ) -
-     ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း
-     ဒေါ်ခင်စန်းနွယ်  ( အောင်သိန်းလင်း ရဲ့ ဇနီး )
-     မသီတာမျိုး  ( အောင်သိန်းလင်း ရဲ့ သမီး )
(၃)     EUROPEAN  UNION  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၅၃၈ ) ယောက်ထဲတွင် အောင်သိန်း လင်း  အပါအဝင် မိသားစုဝင် ( ၃  ယောက် ) -
-     ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း
-     ဒေါ်ခင်စန်းနွယ်  ( အောင်သိန်းလင်း ရဲ့ ဇနီး )
-     မသီတာမျိုး  ( အောင်သိန်းလင်း ရဲ့ သမီး )
မြို့တော်ဝန် အောင်သိန်းလင်း ဟာ ပြည်သူတွေအပေါ်မှာ ဆိုး သလို၊ နိုင်ငံတော် ငွေတွေကိုလည်း ခိုး ထားတဲ့       “ ဆိုးခိုး ” ကြီးပါ။ သူဟာ ကြံ့ဖွတ်အဖွဲ့ခေါင်းဆောင် (နယ်မြေတာဝန်ခံ) ဖြစ်စဉ်က ဆိုးတယ်၊ ခိုးတယ်။ “ ကြံ့ဖွတ်ပါတီ အမတ် အရွေးခံရရင်လည်း ဆိုးမယ်၊ ခိုးမယ် ” ဆိုတာ သူ့စကားအရ သိရပါတယ်။ “ ကြံ့ဖွတ်ပါတီကို ကြံ့ဖွတ်အသင်း ဆောင်ရွက်ချက် အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ၊ အသင်းရှိစဉ်က အသင်းငွေကြေးများကိုပင် အတိုးချကာ ပါတီအတွက် သုံးစွဲ သွားမည် ”  လို့  အောင်သိန်းလင်း က ပြောထားပါတယ်။ ( ခေတ်ပြိုင်၊ ၂၇-၈-၂၀၁၀ )  

 
၂။     ဦးအောင်သောင်း  ( ယခင် ဗိုလ်မှူးကြီး၊  ယခု  စက်မှု - ၁ ဝန်ကြီး )
          မြန်မာနိုင်ငံမှာ ဦးအောင်သောင်း ဟာ “ ခြ အစားဆုံး ” ၊ “ဒုတိယ အခိုးဆုံး ”  နဲ့ “ ပြည်သူလူထုအပေါ် အနိုင်အကျင့်ဆုံး ”  ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။  သူဟာ နအဖ တပ်ချုပ်ကြီးနဲ့ အနီးစပ်ဆုံးလူတစ်ယောက်လို့  ထင်ရှားသူဖြစ် ပါတယ်။ တစ်နည်းအားဖြင့် ၁၉၈၈ ခုနှစ် နဝတ အာဏာသိမ်းပြီးကတည်းက ဗိုလ်သန်းရွှေ နဲ့ အကျိုးတူ ခိုးဖေါ်ခိုးဖက် ဖြစ်ပါ တယ်။ ဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ စစ်အစိုးရအဖွဲ့ထဲမှာ အဖမ်းမခံရသူ၊ ရာထူးအချမခံရသူ တွေထဲက တစ်ယောက်ဖြစ်ပါတယ်။
          ကြံ့ဖွတ်ဗဟိုအတွင်းရေးမှူး၊ စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်း ဟာ မြန်မာပြည် စီးပွါးရေးလောကမှာ အခြား ဝန်ကြီးတကာ့ ဝန်ကြီးတွေထက် ခြစားကြမ်း လွန်းလို့ လူတွေက သူ့ကို    ၁၊  ဦးအောင်သောင်း  ၂၊  ဦးအောင်တောင်း      ၃၊ ကုန်အောင်တောင်း  ဆိုပြီး၊   (၃) မည်ရ  ခြ ကြီး  လို့  ဘွဲ့ပေးထားပါတယ်။  
          ဦးအောင်သောင်း ဟာ “ ခြစားဘွဲ့” သုံးဘွဲ့ကိုသာမက   စင်္ကာပူအခြေစိုက် ရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနု ကပေးတဲ့ “ သူခိုး ” ဘွဲ့ကိုပါ ရရှိထားသူဖြစ်ပါတယ်။ သူခိုးဘွဲ့ရရှိရခြင်းအကြောင်းမှာ - ၁၉၉၂ ခုနှစ် မှာ၊ ဒေါ်ဝင်း ဝင်းနု နဲ့ အမှတ်(၁) စက်မှုဝန်ကြီးဌာန တို့  မန္တလေးဘီယာလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်ခဲ့ရာ  ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ မှာ အကြောင်းပြချက်မရှိပဲ စက်ရုံကို စစ်တပ်က ပြန်သိမ်းပိုက်လိုက်ပြီး၊ နောက်ပိုင်းအခြေအနေကို  ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် နဲ့ မေးမြန်းခန်းတစ်ခုမှာ ဒေါ်ဝင်းဝင်းနု က ဦးအောင်သောင်း ကို “ သူခိုးဘွဲ့ ” ချီးမြှင့်လိုက်ခြင်း ဖြစ်ပါတယ်။ သူမက  “ သူခိုးက လူဟစ်တယ်။ ဦးအောင်သောင်း က ကျမ ပိုက်ဆံကိုသာမက၊ နိုင်ငံတော်ပိုက်ဆံတွေကိုပါ ခိုးတာ … ” လို့ အစချီပြီး ပြောတာဖြစ်တယ်။
          အမှုဖြစ်ပြီး တစ်နှစ်လောက်အကြာ  ဒေါ်ဝင်းဝင်းနု ခမျာ “ ဖွတ်မရ ဓါးမဆုံး ” ဆိုတဲ့အတိုင်း၊  အမြတ်လည်း မရတဲ့ အပြင်၊ အရင်း  အမေရိကန်ဒေါ်လာ  ၆.၃ သန်းပါ ဆုံးရှုံးသွားရရှာပါတယ်။
          မန္တလေးတိုင်း၊ တောင်သာမြို့နယ် ကြံ့ဖွတ်ပါတီက ဝင်ရောက်အရွေးခံခဲ့တဲ့ မန္တလေးတိုင်း ကြံ့ဖွတ်တာဝန်ခံ ဦးအောင်သောင်း ဟာ သူတစ်ပါးကို ဒုက္ခရောက်အောင်လုပ်တဲ့နေရာ နဲ့ ခြစားတဲ့နေရာမှာ နာမည်ကြီးသလို၊   နိုင်ငံတော်ပိုင် သယံဇာတနဲ့ ဘဏ္ဍာငွေတွေကို ခိုးဝှက်ပြီး နိုင်ငံခြားဘဏ်များစွာမှာ လျှို့ဝှက်အပ်နှံထားတဲ့နေရာမှာလည်း  ဒုတိယအများဆုံး သူခိုးကြီး ဖြစ်ပါတယ်။
ဦးအောင်သောင်း  ခိုးဝှက်အပ်နှံထားတဲ့ နိုင်ငံရပ်ခြားရှိ ဘဏ်များ နဲ့ မိသားစုစာရင်းတွေကတော့ -

(၁)     BANK  OF  AUSTRALIA  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၄၆၄ ) ယောက်ထဲတွင်  သူခိုးကြီး ဦးအောင်သောင်း  အပါအဝင် မိသားစုဝင် ( ၁၀  ယောက် ) -
-     ဦးအောင်သောင်း  ( စက်မှု ၁ ဝန်ကြီး )
-     ဒေါ်ခင်ခင်ရီ  ( ဦးအောင်သောင်း ရဲ့ ဇနီး )
-     ဗိုလ်မှူး မိုးအောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     ဒေါက်တာ အေးခိုင်ညွန့်  ( မိုးအောင် ရဲ့ ဇနီး )
-     ကိုနေအောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     မခင်မိုးညွန့်  ( နေအောင် ရဲ့ ဇနီး )
-     ဗိုလ်မှူး ပြည်အောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     မခင်ငုရည်ဖြိုး  ( ဦးအောင်သောင်း ရဲ့ သမီး )
-     ဒေါက်တာ သုနန္ဒာအောင်  ( ဦးအောင်သောင်း ရဲ့ သမီး )
-     မအေးမြတ်ပိုအောင်  ( ဦးအောင်သောင်း ရဲ့ သမီး )
(၂)     BANK  OF  ENGLAND  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၅၁၅ ) ယောက်ထဲတွင်  သူခိုးကြီး ဦးအောင်သောင်း  အပါအဝင် မိသားစုဝင် ( ၁၁  ယောက် ) -
-     ဦးအောင်သောင်း  ( စက်မှု ၁ ဝန်ကြီး )
-     ဒေါ်ခင်ခင်ရီ  ( ဦးအောင်သောင်း ရဲ့ ဇနီး )
-     ဗိုလ်မှူး မိုးအောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     ဒေါက်တာ အေးခိုင်ညွန့်  ( မိုးအောင် ရဲ့ ဇနီး )
-     ကိုနေအောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     မခင်မိုးညွန့်  ( နေအောင် ရဲ့ ဇနီး )
-     ဗိုလ်မှူး ပြည်အောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     မနန္ဒာအေး  ( ဗိုလ်မှူး ပြည်အောင် ရဲ့ ဇနီး )
-     မခင်ငုရည်ဖြိုး  ( ဦးအောင်သောင်း ရဲ့ သမီး )
-     ဒေါက်တာ သုနန္ဒာအောင်  ( ဦးအောင်သောင်း ရဲ့ သမီး )
-     မအေးမြတ်ပိုအောင်  ( ဦးအောင်သောင်း ရဲ့ သမီး )
(၃)     EUROPEAN  UNION  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၅၃၈ ) ယောက်ထဲတွင်  သူခိုးကြီး ဦးအောင်သောင်း  အပါအဝင် မိသားစုဝင် ( ၁၀  ယောက် ) -
-     ဦးအောင်သောင်း  ( စက်မှု ၁ ဝန်ကြီး )
-     ဒေါ်ခင်ခင်ရီ  ( ဦးအောင်သောင်း ရဲ့ ဇနီး )
-     ဗိုလ်မှူး မိုးအောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     ဒေါက်တာ အေးခိုင်ညွန့်  ( မိုးအောင် ရဲ့ ဇနီး )
-     ကိုနေအောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     မခင်မိုးညွန့်  ( နေအောင် ရဲ့ ဇနီး )
-     ဗိုလ်မှူး ပြည်အောင်  ( ဦးအောင်သောင်း ရဲ့ သား )
-     မခင်ငုရည်ဖြိုး  ( ဦးအောင်သောင်း ရဲ့ သမီး )
-     ဒေါက်တာ သုနန္ဒာအောင်  ( ဦးအောင်သောင်း ရဲ့ သမီး )
-     မအေးမြတ်ပိုအောင်  ( ဦးအောင်သောင်း ရဲ့ သမီး )

 
၃။ ဗိုလ်သူရရွှေမန်း  ( ယခင် ဗိုလ်ချုပ်ကြီး၊  ယခု ဦးရွှေမန်း )
           လူတွေနေထိုင်ခြင်းမရှိတဲ့ နေပြည်တော် မြို့သစ်များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ဖွတ်ပါတီ အမတ်တွေ ထဲမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း ဟာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ( ခေတ်ပြိုင်၊ ၁၇-၉-၂၀၁၀ ) 
          ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ တုန်းက ဝန်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွန့် ကျပြီးတဲ့နောက် ထင်ပေါ်လာတဲ့ သူရရွှေမန်း ဟာ  “ တရားဥပဒေ ရဲ့ အပေါ်မှာ မည်သူမှမရှိစေရ ” လို့၊  လေပန်းတဲ့ ရွှေမန်း ပါ။  သူဟာလည်း  ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ နအဖ စစ်သူခိုးအုပ်စုဝင် တစ်ယောက်ပါပဲ။ နိုင်ငံတော် သယံဇာတ နဲ့ ဘဏ္ဍာငွေတွေကို ခိုးယူထားတဲ့ နေရာမှာ တတိယလိုက်တဲ့ သူခိုးကြီး တစ်ယောက်ပေါ့။
ကိုလေပန်း  ခိုးဝှက်အပ်နှံထားတဲ့ နိုင်ငံရပ်ခြားရှိ ဘဏ်များ နဲ့ မိသားစုစာရင်းတွေကတော့ -
 (၁)    BANK  OF  AUSTRALIA  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၄၆၄ ) ယောက်ထဲတွင်  အပါအဝင် မိသားစုဝင် ( ၆  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မခင်နှင်းသန္တာ  ( အောင်သက်မန်း ရဲ့ ဇနီး )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
(၂)     BANK  OF  ENGLAND  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၅၁၅ ) ယောက်ထဲတွင်  အပါအဝင် မိသားစုဝင် ( ၆  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မခင်နှင်းသန္တာ  ( အောင်သက်မန်း ရဲ့ ဇနီး )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
 (၃)    EUROPEAN  UNION  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၅၃၈ ) ယောက်ထဲတွင် အပါအဝင် မိသားစုဝင် ( ၆  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မခင်နှင်းသန္တာ  ( အောင်သက်မန်း ရဲ့ ဇနီး )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
(၄)     BANK  OF  CANADA  ဘဏ်တွင်  လျှို့ဝှက်အပ်နှံသူ နအဖ စစ်အုပ်စုဝင် ( ၄၀ ) ယောက်ထဲတွင်  မိသားစုဝင် ( ၅  ယောက် ) -
-     သူရရွှေမန်း  ( ဗိုလ်ချုပ်ကြီးဟောင်း )
-     ဒေါ်ခင်လေးသက်  ( ဦးရွှေမန်း ရဲ့ ဇနီး )
-     ကိုအောင်သက်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     ကိုတိုးနိုင်မန်း  ( ဦးရွှေမန်း ရဲ့ သား )
-     မဇေလင်းလတ်  ( တိုးနိုင်မန်း ရဲ့ ဇနီး )
အထက်ဖေါ်ပြပါ   အောင်သိန်းလင်း ၊ အောင်သောင်း ၊ သူရရွှေမန်း ..  ပုဂ္ဂိုလ်ကြီး ( ၃ ) ဦး တို့ဟာ  နအဖ စစ်အုပ်စုဝင် ထိပ်တန်းသူခိုးကြီးများ ဖြစ်ကြပါတယ်။ ၎င်းတို့လောက်နီးနီး ခိုးထားတဲ့သူခိုးတွေလည်း ရာဂဏန်းအထိရှိပါတယ်။ များလွန်းအားကြီးလို့ မဖေါ်ပြတော့ပါ။  အောက်ပါ ဝက်ဘ်ဆိုဒ်များတွင် အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
1.       Reserve Bank of Australia  ( 2008-10-22 )
2.       Bank of England  ( New Era , 2009-3-23 )
3.       European Union Bank  ( Moemaka , 2009-8-15 )
4.       Bank of Canada  ( www. CANADA BURMA.org )  
5.       Overseas Chinese Banking Corporation (OCBC) and DBS Group , in Singapore  ( RFA , VOA , DVB , Mizzima , Irrawaddy , 2009-9-10 )
သူတို့ တတွေ အားလုံးဟာ ကြံ့ဖွတ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ သူတွေပါ။  ( ဗိုလ်သန်းရွှေ ကတော့ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။ ယှဉ်ပြိုင်လိုက်လို့ မျှော်မှန်းထားသလို ဖြစ်မလာပဲ၊ ရှုံးနိမ့်သွားခဲ့ရင် .. ဆိုတဲ့ ကြောက်စိတ် လေးတော့ ရှိလေဟန်တူပါတယ်။ သူ့ကိုယ်ကို သူသိပါတယ်။ လူပါး၊ လူပေါကြီးပါ။ )
          အခုရွေးကောက်ပွဲမှာ  နအဖ လူဆိုးသူခိုး အုပ်စုတွေ ဝင်ပြိုင်တဲ့ ကြံ့ဖွတ်ပါတီက  အစိုးရဖွဲ့လိုက်လို့ကတော့ တိုင်းပြည်ကြီးဟာ အခုထက်ပိုပြီး စုတ်ပြတ်သွားမှာဖြစ်သလို၊ ပြည်သူတွေလည်း ဒီထက်ပိုပြီး ငတ်မွတ်ခေါင်းပါး ဒုက္ခများလာမှာ  ဖြစ်ပါတယ်။  
ဒါကြောင့် ဒီ လူဆိုးသူခိုးတွေ မကြီးစိုးရလေအောင် ..  မသမာမှုပေါင်းစုံ၊ အဓမ္မမှုပေါင်းစုံ၊ ညစ်နည်းပေါင်းစုံ နဲ့ အတင်းအဓမ္မအနိုင်ယူလိုက်တဲ့ ကြံ့ဖွတ်ပါတီရဲ့  ဒီရွေးကောက်ပွဲရလဒ်ကိုလည်း  အသိအမှတ်မပြုပဲ သပိတ်မှောက်ကြဖို့   နဲ့  မသမာမှုများ၊ အဓမ္မမှုများ၊ ညစ်နည်းပေါင်းစုံများကို ကမ္ဘာကပါသိအောင် သတင်းဌာနအသီးသီးကို သတင်းပေးပို့ဖေါ်ထုတ် ကြဖို့ ပြည်သူအားလုံးကို တိုက်တွန်းလိုက်ရပါတယ်။  

No comments:

Post a Comment