04 January 2011

2011 Jan 4


Uncensored Burma - Daily News ( 2011 Jan 4 )

၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏

ဘီရုမာ Tuesday, 04 January ဧရာဝတီ

မာတိကာ

နိုင်ငံရေး အကျဉ်းသား ကူညီရမည့်သူကို အန်အယ်ဒီ မဲနှိုက်ရွေးချယ်

ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄

လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး ကြေညာချက်များ NLD ထုတ်ပြန်

2011-01-04 RFA

ဝါရင့်နိုင်ငံရေးသမားကြီးများ လွတ်လပ်ရေးနေ့ကျင်းပ

2011-01-04 RFA

ပြည်တွင်း အဖွဲ့အစည်းအသီးသီး လွတ်လပ်ရေးနေ့ကျင်းပ

2011-01-04 RFA

ညီညွတ်စွာတိုက်ပွဲဝင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း

2011-01-04 RFA

မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေး အနှစ်သာရ အပြည့်အ၀ မခံစားနိုင်ကြသေး

By မသင်းသီရိ အင်္ဂါ, 04 ဇန်နဝါရီ VOA

စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း

ဦးဇော်ဝင်းလှိုင် အင်္ဂါ, 04 ဇန်နဝါရီ VOA

နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရုံးရှေ့ ဆန္ဒပြ

By မအေးအေးမာ အင်္ဂါ, 04 ဇန်နဝါရီ VOA

မင်္ဂလာနှင့် နိုင်ငံရေး ၂၀

မောင်လူရေး

ဇန်န၀ါရီ ၄၊ ၂၀၁၁ မိုးမခ

ပြည်သူ့ဂုဏ်ရည်ကြောင့် အလုပ်ပိုလုပ်နိုင်ကြောင်း ဦးကျော်သူ ပြောကြား

ိုးမခအထောက်တော် အမှတ် ၀၀၈

ဒီဇင်ဘာ ၄၊ ၂၀၁၀ မိုးမခ

မလွတ်လပ်သေး လွတ်လပ်ရေးအတွက် ၀ါရှင်တန်မြန်မာသံရုံးရှေ့ မြန်မာတို့ ဆန္ဒပြ

မိုးမခအထောက်တော် ၀၀၂

ဇန်န၀ါရီ ၄၊ ၂၀၁၁ မိုးမခ

NLD ရုံးချုပ်မှ ဈေးရောင်းပွဲတော် လူစည်ကား

ခင်နှင်းလွင်၊ ရန်ကုန်

ဇန်န၀ါရီ ၄၊ ၂၀၁၁ မိုးမခ

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေးသင်တန်း တက်ရမည်

ဧရာဝတီ Tuesday, 04 January ဧရာဝတီ

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ

စိုင်းဇွမ်ဆိုင်း Tuesday, 04 January ဧရာဝတီ

စေတနာနှင့် ရောင်းသော ဈေး

ကြည်ဝေ Tuesday, 04 January ဧရာဝတီ ဆောင်းပါး

နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

စည်သူ Tuesday, 04 January ဧရာဝတီ

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Tuesday, 04 January ဧရာဝတီ

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

ဆက်လင်း Tuesday, 04 January ဧရာဝတီ

နေကြာ အဓမ္မစိုက်ရသဖြင့် တောင်သူများ စိတ်ပျက်

အောင်ထက် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄

ဂီရိလေဘေးသင့် ဒေသမှ ကလေးများကို စစ်သားအဖြစ် စုဆောင်းနေ

အင်္ဂါနေ့၊ ဇန်နဝါရီလ 04 နိရဉ္စရာ သတင်းဌာန

မူစယ် ဈေးလယ်ခေါင်မှာ စည်ပင်အရာရှိကြီးက လက်အောက် ၀န်ထမ်းများကို ဆဲဆို ထိုးကြိတ်

အင်္ဂါနေ့၊ ဇန်နဝါရီလ 04 သျှမ်းသံတော်ဆင့်

သိန်း ၅၀ တန် ကိုယ်ထူကိုယ်ထ တံတားဆောက်လုပ်ရေး ဒေသခံ ရံပုံငွေများ ပျောက်ဆုံး

အင်္ဂါနေ့၊ ဇန်နဝါရီလ 04 ရက် - ခိုနူမ်းထုန် သတင်းဌာန

မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် တွံတေးတို့တွင် လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပ

ခင်နှင်းထက် ဝ၄-ဝ၁-၂ဝ၁၁ DVB

နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးပြီး အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်

နအဖစစ်အစိုးရကို တောင်းဆို

အေးနိုင် ၄ ဇန်နဝါရီ ၂ဝ၁၁ DVB

ကြံ့ခိုင်ရေးကိုယ်စားလှယ်တို့၏ အသုံးစရိတ်များကို ကြပ်မတ်စစ်ဆေးရန်

ကိုယ်စားလှယ်လောင်းအခိျု့ တောင်းဆို

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အမတ်ကို ကြံ့ဖွံ့အမတ်လောင်း ကန့်ကွက်

အေးနိုင် ၄ ဇန်နဝါရီ ၂ဝ၁ DVB

စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ လျှော့ပေါ့ပေးရန်

နိုင်ငံရေးပါတီသစ်များ တောင်းဆို

အံ့ဘုန်းမြတ် ၄ ဇန်နဝါရီလ ၂ဝ၁၁ DVB

နောက်ဆုံး ဖတ်စရာ

ဒေါ်ချိုချိုကျော်ငြိမ်းက ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို စွဲချက်တင်ပြီ

ထက်အောင်ကျော် ၄ ဇန်နဝါရီ ၂ဝ၁၁ DVB

၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏

ဘီရုမာ Tuesday, 04 January ဧရာဝတီ

မာတိကာ

နိုင်ငံရေး အကျဉ်းသား ကူညီရမည့်သူကို အန်အယ်ဒီ မဲနှိုက်ရွေးချယ်

ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄

ချင်းမိုင် (မဇ္စျိမ) ။ ။ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်၏ မိသားစုများအတွက် စေတနာ့ဝန်ထမ်းတဦးစီ ထားရှိမည့် အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ရုံးချုပ်တွင် ယနေ့ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ထည့်သွင်းပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား တဦးချင်းစီ၏ အမည်၊ လိပ်စာနှင့် လက်ရှိ ထောင်အမည်များ ရေးသားထားသည့် ရင်ထိုးပြားများ ပြုလုပ်ကာ အန်အယ်ဒီ ပါတီဝင်များနှင့် စေတနာရှင်များက မဲနှိုက်ယူပြီး ပေါက်သည့် အကျဉ်းသား၏ မိသားစုထံ ဆက်သွယ်ကာ အားပေးကူညီသွားမည့် အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ်နှိုက်မိတဲ့ အကျဉ်းသားမိသားစုကို ID3ငွေကုန်ကြေးကျခံပြီး ကူညီဆောင်ရွက်ဖို့ လိုတယ်လို့ မဖော်ညွှန်းပါဘူး။ ကိုယ်တာဝန်ယူမယ့်သူ သိပြီဆိုရင် သူ့ရဲ့ မိသားစုကို ချိတ်ဆက် ဆက်သွယ်ပြီးတော့ နှုတ်၏ ဆောင်မခြင်းနဲ့ အားပေးစကား ပြောတယ်။ သူတို့အခက်အခဲတွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတဲ့ စေတနာနဲ့ ညှိနှိုင်းဆွေးနွေး အကြံဥာဏ်ပေးတယ်ဆိုရင်ပဲ အားတက်စရာပါ” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ထောင်ထဲမှာရောက်နေတဲ့ လူရော၊ မိသားစုပါ တအား အားတက်တာပေါ့။ ကျနော်ကိုယ်တိုင် ခံစားခဲ့ရတယ်။ အဲဒီလို တယောက်ယောက်က သတိရလို့ ငါးပိတဗူး ပေးသွားတယ်ဆိုရင်ပဲ သိပ်ဝမ်းသာတယ်၊ အရမ်းအားတက်တာ။ အဲဒီ စိတ်ဓာတ်ခုခံအား ကောင်းဖို့ အလွန်အရေးကြီးတယ်။ ထောင်ထဲမှာ အားအကိုးရဆုံးက စိတ်ဓာတ်ကြံ့ခိုင်ဖို့ပဲ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ ခန့်ရှိကြောင်း ထိုင်းအခြေစိုက် AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ကြေညာထားသော်လည်း အန်အယ်ဒီတွင် ပြုစုထားသည့် လူဦးရေ စာရင်း ၆ဝဝ ကျော်အနက် ယနေ့တွင် ၃ဝဝ ကျော်ကို မဲနှိုက်ကာ တဦးချင်းစီ တာဝန်ယူကြခြင်း ဖြစ်သည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် လှိုင်သာယာမြို့နယ်မှ ကိုစိုးမင်းမင်း၊ ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က ပူတာအိုထောင်ရှိ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြ၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ဝင် ဒေါ်လဲ့လဲ့က သရက်ထောင်ရှိ ၈၈ ကျောင်းသူ မနီလာသိန်းနှင့် ရန်ကုန်တိုင်း အမျိုးသမီး တာဝန်ခံ ဒေါ်မေဝင်းမြင့်က သရက်ထောင်ရှိ ရှမ်းပြည်တပ်မတော် SSA မှ ကိုရွှေအုန်းအတွက် ကူညီသွားမည်။

ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက အန်အယ်ဒီ၏ ယခုအစီအစဉ်သည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဟု ပြောဆိုလိုက်သည်။

“အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ နာဂစ်ကို စောင့်ရှောက်ခဲ့တာတောင် ထောင်ထဲမှာ ရှိခဲ့တယ်။ အခုလို လုပ်တာ အင်မတန်ကို ကြီးမြတ်တဲ့ စိတ်ထားရှိလို့ လုပ်နိုင်တာပါ။ ကျေးဇူးတင်ပါတယ်” ဟု သူက မဇ္စျိမကို ပြောပြသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ အထမြောက်အောင်မြင်စေရန် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ရဟန်းသံဃာ၊ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသား လူမျိုးများ မပါဝင်ဘဲ ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ကြောင်း သူက ပြောဆိုသည်။

အန်အယ်ဒီ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များ၊ သံတမန်များ၊ CRPP အဖွဲ့ဝင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးပါတီဝင် အချို့နှင့် ဧည့်ပရိသတ် စုစုပေါင်း လူတထောင်ကျော် တက်ရောက်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များကို ကူညီရန် ရည်ရွယ်၍ ယခုလ ၂ ရက်နေ့မှစ၍ ယနေ့ထိ ရုံးချုပ်ရှေ့ ပြုလုပ်သည့် ဈေးရောင်းပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၄ဝ ခန့် အမြတ်ငွေ ရထားသည်ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။

အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ရှိ ပါတီတိုင်းစည်း ဥက္ကဋ္ဌ ဦးသိန်းတန် နေအိမ်၌ ကျင်းပရာ အဖွဲ့ဝင်များနှင့် ပါတီလူငယ် ၂ဝဝ ခန့် တက်ရောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၈ စက္ကန့်ကြာ ငြိမ်သက်အလေးပြုခဲ့ကြောင်း ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က ပြောသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “အမိနိုင်ငံတော်ကြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို စိုးစဉ်းမျှပင် လွှမ်းမိုးချုပ်ကိုင်မှု မခံရစေရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအပေါင်းက နိုင်ငံရေး သတိကြီးစွာဖြင့် တားဆီး ကာကွယ်သွားကြရန်’’ တိုက်တွန်း နှိုးဆော်ထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျမတို့ရဲ့နိုင်ငံ၊ ကျမတို့ရဲ့ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ ဟု အဖွဲ့ချုပ်ရုံး အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး ကြေညာချက်များ NLD ထုတ်ပြန်

2011-01-04 RFA

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၁၁ နာရီမှာ ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သလို။ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ CRPP အဖွဲ့ဝင်တွေ စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ချိတ်ဆက်ထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ စိတ်ပါဝင်စားသူ ဧည့်ပရိသတ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းသူပြည်သားတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ ချုပ်ငြိမ်းစေဖို့ စစ်အစိုးရအပါအဝင် ဒီကနေ့ အင်အားစုတွေအားလုံး ညှိနှိုင်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။

ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေးရဲ့ အရသာကို တိုင်းသူပြည်သားတွေ အပြည့် အဝ ခံစားနိုင်ရေး အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ အရေးကြီးကြောင်း တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အထူး အစီအစဉ်တရပ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်လပ်ရေးနေ့ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့သလို။ နိုင်ငံ စီးပွားရေး သုံးသပ်ချက် စာတမ်းတစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကြေညာချက် နှစ်စောင်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ RFA ရုံးကို ရောက်နေတဲ့ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အသံဖိုင်ယူရန်

ဝါရင့်နိုင်ငံရေးသမားကြီးများ လွတ်လပ်ရေးနေ့ကျင်းပ

2011-01-04 RFA

ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ကလည်း ရန်ကုန်မြို့ ချော်တွင်းကုန်း ပါရမီလမ်းက၊ အဖွဲ့ရဲ့ ခေါင်းဆောင် သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဲဒီအခမ်းအနားမှာ သဘာပတိအဖြစ် အသက် ၉၅ နှစ်အရွယ် သခင်သိန်းဖေနဲ့ အခမ်းအနားမှူးအဖြစ် ဦးထွေးမြင့်တို့က ဆောင်ရွက်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက အလံတင် အခမ်းအနားမှာ ရွတ်ဆိုခဲ့ကြတဲ့ သစ္စာဓိဌာန် ၉ ချက်ကို ပြန်လည် ဖတ်ကြားခဲ့တယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ဦးခင်မောင်ကြည်က RFA ကို ပြောပြပါတယ်။

သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေလည်း တက်ရောက်ကြပြီး စုစုပေါင်း လူ ၂၅၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

လွတ်လပ်ရေးရခဲ့တာ ၆၃ နှစ် ရှိသွားပြီဆိုပေမဲ့ မြန်မာပြည်သူတွေကတော့ လွတ်လပ်ရေးကို မခံစားရသေးပဲ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ ခေတ်အဆက်ဆက်မှာ အဆိုးဆုံးပါပဲလို့ ဗြိတိသျှ ကိုလိုနီခေတ်ကနေ စစ်အစိုးရ အုပ်ချုပ်တဲ့ ဒီကနေ့ကာလအထိ ခေတ်မျိုးစုံကိုဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီး ရွှေတောင် ဦးအုန်းမောင်က ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရွှေတောင် ဦးအုန်းမောင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အသံဖိုင်ယူရန်

ပြည်တွင်း အဖွဲ့အစည်းအသီးသီး လွတ်လပ်ရေးနေ့ကျင်းပ

2011-01-04 RFA

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက ကျင်းပခဲ့ကြပါတယ်။

မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ ဒီကနေ့ မနက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရေနံချောင်းမြို့က မကွေးတိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးရဲ့ အိမ်မှာ ကျင်းပ ခဲ့ပြီး လူ ၇၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့အခမ်းအနားမှာ အဓိက ၂၁ ရာစု ပင်လုံညီလာခံ အကြောင်းနဲ့ ဂုဏ်ပြုပွဲတခု ကျင်းပခဲ့တယ်လို့ ဒေါ်ခင်စောဌေးက ပြောပါတယ်။

အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်မှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျောက်ပန်းတောင်း မြို့နယ် အဖွဲ့ဝင် ဦးမြင့်လွင်ရဲ့ အိမ်မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့မနက် အခမ်းအနားကို လူ ၅၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ကျောက်ပန်းတောင်း မြို့နယ်စည်း ကော်မီတီဝင် ဦးတင့်ဝေက ပြောပါတယ်။

ဧရာဝတီ တိုင်း ပုသိမ်မြို့မှာတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကွန်ရက် (HRWDN) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပူးပေါင်းပြီး လွတ်လပ်ရေး အခမ်းအနားကို ပုသိမ် ကန်သာယာကွင်းက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် အခမ်း အနားကို လူ ၄၀ လောက် ပူးပေါင်းပါဝင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရင်ထိုးတွေ ဝတ်ဆင်ပြီး စက်ဘီးစီး ချီတက်ခဲ့တာလို့သိရပါတယ်။

အခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ HRWDN အဖွဲ့က ကိုမြင့်နိုင်က လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းကို မမေ့ကြဖို့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လူငယ်တွေကို အဓိကထား ပြောခဲ့တယ် လို့သိရပါတယ်။

ဒီကနေ့မနက် ပုသိမ်မြို့မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို အရပ်ဝတ် အာဏာပိုင်တွေ က ပူးပေါင်းပါဝင်ခဲ့တဲ့ အမျိုးသမီးတွေကို အနီးကပ် ဓာတ်ပုံရိုက်ယူပြီး အနှောင့်အယှက် ပေးခဲ့တယ်လို့ကို မြင့်နိုင်က ပြောပါတယ်။

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ဒီမိုကရက်တစ်ပါတီ-မြန်မာ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု စတဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းမှာ ရှိတဲ့ ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေနဲ့ တခြားနိုင်ငံရေး ပါတီတွေက ပုဂ္ဂိုလ်တွေအပါအဝင် လူ ၁၅၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရ ပါတယ်။ အခမ်းအနားမှာ ညီညွတ်ရေးနဲ့ ပြစ်ဒဏ်ခတ်မှု ရုပ်သိမ်းပေးရေး အချက် ၂ ချက်ကို အဆိုပြု တိုက်တွန်းခဲ့တယ်လို့ ပါတီခေါင်းဆောင် ဦးသုဝေက ပြောပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီကလည်း လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ တာမွေမြို့နယ်က ပါတီရုံးချုပ်မှာ ဒီနေ့မနက်ပိုင်း ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနား ပြည်ထောင်စုဒီမိုကရေစီ ပါတီနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအခမ်းအနားမှာ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာ ရရှိခဲ့ပေမဲ့ ပြည်သူတရပ်လုံးကတော့ တကယ့်လွတ်လပ်ရေး အနှစ်သာရကို ခံစားခွင့် မရရှိသေးကြောင်း မှတ်ချက်ပြုခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ-မြန်မာ ရုံးချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင် ဦသုဝေ ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အသံဖိုင်ယူရန်

ညီညွတ်စွာတိုက်ပွဲဝင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း

2011-01-04 RFA

လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို အမှန်တကယ် ခံစားနိုင်ဖို့ ပြည်သူလူထု တရပ်လုံးနဲ့ အတိုက်အခံ အင်အားစုတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်သွားကြဖို့ လိုအပ်ကြောင်း ဒီကနေ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သံဃာ့တပ်ပေါင်းစုက တိုက်တွန်း လှုံ့ဆော်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်က လွတ်ခဲ့ပေမဲ့ ပြည်တွင်းဖြစ် စစ်အာဏာရှင်တွေ လက်အောက်မှာ ပြည်သူတွေဟာ လွတ်လပ်ရေး ဆက်လက် ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ သံဃာ့ တပ်ပေါင်းစု ဦးဆောင် ဆရာတော်တပါး ဖြစ်တဲ့ ဦးဓမ္မသီရိက မိန့်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်ခဲ့ပေမဲ့လည်း စစ်အာဏာရှင်တွေကသာ အသွင်ပြောင်း ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ စစ်အာဏာရှင်တွေဟာ အတိုက်အခံ အင်အားစုတွေအကြား ညီညွတ်မှာကို ကြောက်ရွံ့နေပြီး၊ မညီညွတ်အောင် အမြဲဖန်တီးနေကြောင်း ဒီအချက်ကို သတိထားပြီး ဆောင်ရွက်ကြဖို့ လိုကြောင်း ဦးဓမ္မသိရီက ဆက်လက်မိန့်ကြားပါတယ်.။

စစ်အာဏာရှင်တွေနဲ့ အပေါင်းပါ စီးပွားရေးသမားတွေဟာ အဂတိ လိုက်စားတဲ့ နိုင်ငံရေးသမားတွေ အဖြစ် မြန်မာ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပုံစံသစ်နဲ့ ပေါ်ထွန်းလာမှာဖြစ်ပြီး၊ အများစု ပြည်သူလူထုကြီးအနေနဲ့ အဖိနှိပ်ခံရမှု။ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဦးမှာ မဟုတ်သေးကြောင်း၊ ဒါကြောင့် ညီညီညွတ်ညွတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ကြောင်း သံဃာ့ တပ်ပေါင်းစုအဖွဲ့က တိုက်တွန်း လှုံ့ဆော်ထားပါတယ်။

မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေး အနှစ်သာရ အပြည့်အ၀ မခံစားနိုင်ကြသေး

By မသင်းသီရိ အင်္ဂါ, 04 ဇန်နဝါရီ VOA

မြန်မာပြည်သူ ပြည်သားတွေ အနေနဲ့ လွတ်လပ်ရေးရဲ့ အနှစ်အရသာကို တကယ် အပြည့်အ၀ မခံစားကြရသေးသလို မြန်မာနိုင်ငံအတွက် လူထုစိတ်ကြိုက် တင်မြှောက်တဲ့ အစိုးရတရပ်ရှိဖို့ လိုတယ်လို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မှာ ဒီကနေ့ မနက်ပိုင်း ကျင်းပခဲ့တဲ့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွင်း အခုလို သုံးသပ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ တချို့ကတော့ အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ဒီကနေ့ လွတ်လပ်ရေးနေ့ ကြေညာစာတမ်းတစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လွတ်လပ်ရေး ရခဲ့တာ ၆၃ နှစ်ပြည့်ပြီ ဖြစ်ပေမဲ့ လွတ်လပ်ရေးရဲ့ စစ်မှန်တဲ့ အရသာတွေကို ပြည်သူလူထု မခံစားနိုင်သေးဘူးလို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက သုံးသပ်လိုက်သလို ဒီနေ့မှာတော့ ဒီမိုကရေစီ အနှစ်သာရများ ဆိုပြီး ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ကျောက်တိုင်မှာ ရေးထိုးထားတဲ့ သစ္စာအဓိဋ္ဌာန် ၉ ချက်ကို ဒီနေ့ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက ဖြန့်ဝေလိုက်ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက ၀ါရင့် နိုင်ငံရေးသမားများ အဖွဲ့ရဲ့ သဘာပတိ သခင်သိန်းဖေ အိမ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနား အတွင်းမှာ လူထုအတွက် စိတ်ကြိုက်တင်မြှောက်တဲ့၊ လူထုအတွက် အကျိုးရှိမယ့် အစိုးရတရပ်ဖြစ်ဖို့ လိုတယ် ဆိုတာကိုလည်း သုံးသပ်ခဲ့ကြတယ်လို့ ၀ါရင့် နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ သခင်ချန်ထွန်းက ပြောပါတယ်။

“လွတ်လပ်ရေးရဲ့ အရသာက လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့်ဆိုတာ သေချာ ဖော်ပြထားပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ အခွင့်အရေးတွေ ဘာတွေက အကုန်ရှိရမယ် ဆိုတာကို။ အဓိကကတော့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရ ဖြစ်ပေါ်ရေးပဲ၊ အဓိက ဘဘတို့ လိုချင်တာတော့ ဒါပဲ။ စစ်တပ်က စစ်တပ်အလုပ် လုပ်လေ။ တပ်မတော်က တပ်မတော် အနေနဲ့ သူ့ဟာသူ ရှိတဲ့ တာဝန် ၀တ္တရားတွေ ထမ်းဆောင်ပေါ့။ ပြည်သူလူထုကတော့ ပြည်သူလူထု မဲဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ အစိုးရ၊ အဲဒီဟာပဲ လိုချင်တယ်၊ အဓိကကတော့ ဒါပါပဲ။”

ဒီနေ့ သခင်သိန်းဖေအိမ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ တခြား အဖွဲ့ဝင်တွေအပြင် ပရိသတ်အားလုံး ၁၅၀ နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားတခုကို ကျင်းပခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဒီနေ့ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ အစည်းအဝေးကိုတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပြင် ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီနဲ့အတူ အမျိုးသားဝံသာနု ပါတီတွေကလည်း လာရောက် ပူးပေါင်း တက်ရောက်ခဲ့ပါတယ်။

အဲဒီမှာ နိုင်ငံရေးပါတီတွေက ဒီနေ့ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် သူတို့ရဲ့အဆို ဆုံးဖြတ်ချက် ၂ ခုကို သဘောတူခဲ့ကြတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ရဲ့ အခြေအနေဟာ နိုင်ငံရေးပါတီတွေ အားလုံး၊ ခေါင်းဆောင်တွေ အားလုံးဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီ။ အဲဒါကြောင့် အစိုးရကနေ ဦးစီးပြီးတော့ ညီညွတ်ရေးကို လုပ်ပါ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ပါဆိုတဲ့ အဆိုတခုပေါ့။ ဒုတိယအဆိုကတော့ ကျနော်တို့ တိုင်းပြည်အတွက်၊ ပြည်သူလူထု အတွက်က အင်မတန် နစ်နာနေတဲ့ အမေရိကန်နဲ့ EU က ဆုံးဖြတ်ထားတဲ့ Sanction ကိစ္စပေါ့၊ အဲဒီ Sanction ဟာ နစ်နာလွန်းတဲ့ အတွက်ကြောင့် အဲဒီ Sanction ကို ပြန်လည်ရုပ်သိမ်းပေးပါ ဆိုတဲ့ အဆို ၂ ခုပေါ့။ အဲဒါကို အများသဘောတူ ဆုံးဖြတ်လိုက်ကြတယ်။”

အခုလို လွတ်လပ်ရေးနေ့မှာ အနောက်နိုင်ငံကြီးတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိ ဆက်ဆံနေတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့အတွက် သူတို့ နိုင်ငံရေးပါတီတွေ တောင်းဆိုတာဟာ တိုင်းပြည်မှာ အစိုးရနဲ့ လက်ရှိ တင်းမာနေတဲ့ အခြေအနေတွေ လျော့ကျလာဖို့အတွက် ဖြစ်တယ်လို့ ဦးသုဝေက ပြောပါတယ်။

“ဒီ Sanction ရဲ့ ရည်ရွယ်ချက်က တည်ဆဲအစိုးရ သူတို့ရဲ့ အမူအယာတွေ ပြောင်းသွားအောင်၊ သူတို့ရဲ့ လမ်းစဉ်တွေ ပြောင်းသွားအောင်၊ တည်ဆဲအစိုးရလည်း ပြုတ်နိုင်ရင် ပြုတ်သွားအောင်ပေါ့ဗျာ၊ ဒီလို ရည်ရွယ်တာပေါ့။ ဒါပေမဲ့ အဲဒီ ရည်ရွယ်ချက်ကို ဒီ Sanction လုပ်နေတဲ့ အခါမှာ Sanction လုပ်တာနဲ့ ဒါကြီးတွေက လုံးဝ ပြောင်းသွားတာလည်း မတွေ့ဘူးပေါ့။ ဒါကြောင့် ဒီအစိုးရက လမ်းစဉ်တွေ အခုလက်ရှိ ပြောင်းသွားတာတော့ မဟုတ်ဘူး။ သို့သော် Sanction ရုပ်လိုက်ရင်လည်း ဒီအစိုးရရဲ့ အခြေအနေဟာ ပြောင်းသွားနိုင်တယ်ပေါ့။

“အခုတော့ တဘက်နဲ့ တဘက်က ရန်သူလို ဖြစ်နေတဲ့အတွက် သူကတင်းရင် ငါက တင်းမယ်ဆိုတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ အဲဒါကြောင့် အခြေအနေအရ ရုပ်သိမ်းရင် ပိုကောင်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရ ရုံးစိုက်တဲ့ ပျဉ်းမနား နေပြည်တော်မှာလည်း ဒီနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့အတူ အလံသစ်တင်ပွဲ အခမ်းအနားတွေကို ကျင်းပပါတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားတွေမို့ လွန်ခဲ့တဲ့ရက်တွေ ကတည်းက ပျဉ်းမနားနဲ့ နေပြည်တော် တ၀ိုက်မှာ လုံခြုံရေးတွေကို တော်တော်လေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ နေပြည်တော် မြို့ခံတဦးက ပြောပါတယ်။

“အတွင်းရေးမှူး ၁ က ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ အလံတင် အခမ်းအနားကို အရပ်ဝတ် အရပ်စားနဲ့ တက်သွားတာတို့၊ စီးပွားရေး လုပ်ငန်းရှင်တွေ အကုန်လုံး တက်ရောက်တာတို့ တွေ့ရပါတယ်။ နိုင်ငံတော်အဆင့် အခမ်းအနား ကျင်းပတာဆိုတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေပါ သွားရတယ်။ လုံခြုံရေး အခြေအနေကတော့ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိကို စားသောက်ဆိုင်တွေ ည ၉ နာရီ ပိတ်ခိုင်းတာတို့၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်မှာ ညနေ ၆ နာရီမှာ ပိတ်ခိုင်းတာတို့၊ အရင်လိုပဲ ရဲလုံခြုံရေး လှည့်ကင်းကားတွေ ပတ်သွားနေတာတို့ ဒါမျိုးတွေ ရှိတယ်ခင်ဗျ။

“အရပ်သူ အရပ်သားတွေကတော့ ခုနပြောတာတွေ မလုပ်မိဖို့ပဲပေါ့။ ၆ နာရီပိတ်ဆို ၆ နာရီ ပိတ်ကြတာတို့၊ ၉ နာရီပိတ်ဆို ၉ နာရီ ပိတ်ကြတာတို့၊ တချို့ ရယကတွေ ဘာတွေကတော့ သူတို့ရပ်ကွက် အတွင်းမှာ မှာတာတွေတော့ ရှိတာပေါ့။ နိုင်ငံတော်အလံကို မထောင်မနေရ ထောင်ရမယ်တို့၊ တချို့ရပ်ကွက်တွေကတော့ မထောင်တာလည်း ရှိတယ်။ တချို့ရပ်ကွက်တွေ ကျတော့လည်း မထောင်မနေရ၊ ထောင်ရတာတွေ ရှိတယ်။”

ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့အတူ နေပြည်တော်မှာ လုံခြုံရေး တင်းကျပ်မှု အခြေအနေတွေကို နေပြည်တော်က မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း

ဦးဇော်ဝင်းလှိုင် အင်္ဂါ, 04 ဇန်နဝါရီ VOA

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင် ကြိုးပမ်းမှုနဲ့ ဗြိတိသျှ အုပ်ချုပ်မှု လက်အောက်ကနေ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာမို့ ဒီနေ့ဟာ နှစ်ပေါင်း ၆၃ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်ဖို့အတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြဖို့ လိုအပ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန် NLD ရုံးချုပ်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့သလို နိုင်ငံရေးနဲ့ စီးပွားရေး ကြေညာစာတမ်းတွေကို NLD ပါတီက ထုတ်ပြန်ခဲ့ပြီး စေတနာရှင်တွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တဖက်တလမ်းက ကူညီထောက်ပံ့နိုင်မယ့် အစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တာပါ။ လွတ်လပ်ရေးဆိုတာ အားလုံးနဲ့ သက်ဆိုင်တာကြောင့် စစ်မှန်တဲ့ လွတ်လပ်ရေး ရဖို့အတွက် အားလုံးက ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုတဲ့အကြောင်း NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“ဒီလွတ်လပ်ရေးကို အားလုံးရဖို့ ဆိုတာက ကျမတို့ ညီညွတ်ဖို့ လိုပါတယ်။ ဒါဟာ တကယ်တော့လည်း ထူးထူးထွေထွေ ရှင်းပြဖို့လိုတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျမတို့ အနေနဲ့ မကြာခဏ သတိပေးရပါတယ်။ လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် ကိုယ်ကစပြီး ကြိုးစားရမယ်။ တခြားလူတွေ ဘာလုပ်နေသလဲ ဆိုတာ မကြည့်ပါနဲ့။ ဒါလည်း ထပ်တလဲလဲ ပြောနေရတဲ့ ကိစ္စပါ။”

ဒါ့အပြင် တိုင်းသူပြည်သားတွေ စိုးရိမ်သောကတွေက ကင်းဝေးပြီး တကယ့်လွတ်လပ်တဲ့ အရသာကို ခံစားနိုင်အောင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အခမ်းအနား သဘာပတိဖြစ်တဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း လွတ်လပ်ရေး ရဖို့အတွက် ဗိုလ်ချုပ်ဆောင်ဆန်း ဦးဆောင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပင်လုံညီလာခံခေါ်ပြီး ပြည်ထောင်စု တိုင်းရင်းသားတွေ အားလုံး သွေးစည်းညီညွတ်မှုရအောင် လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းကို အစချီ ပြောကြားပြီး လက်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာလည်း တိုင်းရင်းသားတွေ အားလုံး စည်းလုံး ညီညွတ်မှုရှိဖို့ လိုတဲ့အကြောင်း ဆက်ပြောသွားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေးပါတီတွေ အားလုံး ကြိုးပမ်းနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးမှာလည်း တိုင်းရင်းသားများ ညီညွတ်ရေးဟာ အလွန် အရေးပါတယ်။ ဒါကြောင့် တိုင်းရင်းသား ညီညွတ်ရေးကို ရှေ့ခေါင်းဆောင်များရဲ့ ကျင့်ထုံးအတိုင်းပဲ ဆက်လက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းသွားကြရမယ်။

“နောက် မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တယ်။ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ လွတ်လပ်ရေးရပြီး ၆၃ နှစ် ရောက်တဲ့တိုင်အောင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတာဟာ မဖြစ်ကောင်းတဲ့ အခြေအနေပဲ ဖြစ်တယ်။ ဒါကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် နိုင်ငံရေးအရ စည်းလုံးညီညွတ်အောင် အမျိုးသား ညီညွတ်ရေး တည်ဆောက်ဖို့ လိုတယ်။ ဒါကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းပြီးတော့ တိုင်းရင်းသားတွေ အားလုံး တစိတ်တ၀မ်းတည်း ညှိနှိုင်းကြဖို့ လိုအပ်တယ်လို့ သဘာပတိဖြစ်တဲ့ ဦးတင်ဦးက မိန့်ခွန်း ပြောပါတယ်။”

ဒီကနေ့မှာပဲ NLD က နိုင်ငံရေး ကြေညာချက်နဲ့ စီးပွားရေး သုံးသပ်ချက် စာတမ်းတို့ကို ထုတ်ပြန်ခဲ့ပါတယ်။ NLD က ထုတ်ပြန်တဲ့ နိုင်ငံရေး ကြေညာစာတမ်းပါ အကြောင်းအရာတွေကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်မှန်ကန်ကန် အရှိအတိုင်း ရှုမြင်နိုင်မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ အဲဒီလို သမိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ တင်ပြပြီးနောက် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် နိုင်ငံရေး အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲများ အထမြောက် အောင်မြင်ဖို့ လိုအပ်တယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဟာ တာဝန်ရှိတာနဲ့အညီ အောက်ပါ နိုင်ငံရေး အခြေအနေကောင်းများကို ဖန်တီးပေးဖို့ လိုအပ်တယ်။

“အဲဒါတွေကတော့ ဒီမိုကရေစီ အင်အားစုများဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမယ်။ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရမယ်။ တိုင်းရင်းသား လူမျိုးများ မပါဝင်ဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြပါလို့ အခုလို လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ကြီးမှာ လေးနက်စွာ တောင်းဆိုကြောင်း တင်ပြထားပါတယ်။”

စီးပွားရေး သုံးသပ်ချက် စာတမ်းထဲမှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အင်မတန် ဆိုးရွားနေတာကြောင့် ပြည်သူအများစုဟာ အထွေထွေ ကုန်ဈေးနှုန်း ကြီးမားတဲ့ဒဏ်ကို ခံနေကြရတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုနဲ့ ရင်ဆိုင်နေကြရတာ၊ အခုလို ကုန်ဈေးနှုန်း ကြီးနေရခြင်းရဲ့ အကြောင်းရင်းဟာ အစိုးရက ငွေစက္ကူတွေကို အထိန်းအကွပ်မရှိ ရိုက်နှိပ် ထုတ်ဝေနေတဲ့ အတွက်ကြောင့် ဖြစ်တယ်၊ နောက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးတယ် ဆိုပေမဲ့ အခွင့်ထူးခံ လူတချို့ကိုသာ စီးပွားရေး အခွင့်အလမ်းတွေ ပေးနေတာကြောင့် လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ဖြစ်ထွန်းနေတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက် တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဈေးနှိမ်ပြီး အတင်းအဓမ္မ ၀ယ်ယူနေတာကြောင့် လယ်သမားတွေ လုပ်ငန်း ထိခိုက်နေတဲ့အကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို ထည့်သွင်း မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံတွေ တည်ဆောက်နေတာကြောင့်လည်း တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးမြေတွေကို ထိခိုက်စေသလို ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေ အင်မတန် နည်းနေတာကြောင့် လူသားစွမ်းအင် ဖွံ့ဖြိုးမှု နိမ့်ကျနေတယ်လို့ အဲဒီ စီးပွားရေး သုံးသပ်ချက် စာတမ်းမှာ ဖော်ပြထားပါတယ်။

အခမ်းအနားပြီးတဲ့ နောက်မှာတော့ NLD က လက်ရှိ ကူညီ ထောက်ပံ့ပေးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၁,၀၀၀ ကျော်ကို တခြား စေတနာရှိသူတွေလည်း ကူညီထောက်ပံ့နိုင်အောင် သူတို့ရဲ့ ဓာတ်ပုံနဲ့ နေရပ်လိပ်စာတွေပါတဲ့ ရင်ထိုးတွေကို ဖလားထဲထည့်ပြီး ကံစမ်းမဲသဘောမျိုး မဲနှိုက်ပြီး ကူညီထောက်ပံ့ ပေးနိုင်တဲ့ အစီအစဉ်ကိုလည်း လုပ်ဆောင်ခဲ့တဲ့အကြောင်း ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံခြား သံတမန်တွေ၊ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ပြည်နယ် တိုင်း အသီးသီးက ကိုယ်စားလှယ်တွေ အပါအ၀င် ဧည့်ပရိသတ် ၁,၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရုံးရှေ့ ဆန္ဒပြ

By မအေးအေးမာ အင်္ဂါ, 04 ဇန်နဝါရီ VOA

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မြ၀တီဘက်ကနေ ကူးလာတဲ့ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးဟာ လက်ပစ်ဗုံးတွေကို စနက်တံဖြုတ် ကိုင်ဆောင်ပြီး မြန်မာပြည် နိုင်ငံရေးကို ကုလသမဂ္ဂက ၀င်ရောက်ပြီး အသေအချာ ဖြေရှင်းပေးဖို့ တောင်းဆိုရင်း ဆန္ဒပြခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေဘက်က အခြေအနေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဒီလို လက်နက်နဲ့ ဆန္ဒပြတာကြောင့် ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အဖြစ် အတင်းအကျပ် အသွင်ပြောင်းခိုင်းတာကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ပြီး စစ်အစိုးရနဲ့ တိုက်ပွဲဖြစ်နေတာ ထိုင်း၊ မြန်မာ နယ်စပ် ကရင်ပြည်နယ်မှာ ၂ လနီးပါး ကြာပြီ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့တဲ့ DKBA တပ်ဖွဲ့က တချို့ကို နယ်ခြားစောင့်တပ်အဖြစ် အတင်းအကျပ် အသွင်ပြောင်းခိုင်းခဲ့ပေမဲ့ တချို့ကတော့ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်ကြောင့် စစ်အစိုးရတပ်တွေနဲ့ ဆက်လက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

၎ ရက်နေ့ မနက်ပိုင်းမှာတော့ မြ၀တီဘက်ကနေလာတဲ့ အရင် DKBA ကိုးသုံးလုံးတပ်က တပ်ဖွဲ့ဝင်ဖြစ်ပြီး အခု နယ်ခြားစောင့်တပ် လုပ်နေရတဲ့ တပ်သား စောသံမဏိဟာ ထိုင်း အငှားဆိုင်ကယ်သမားကို ခေါ်လာပြီး မဲဆောက်က UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့ ရောက်တဲ့ အချိန်မှာတော့ ဆိုင်ကယ်သမားလက်နဲ့ သူ့လက်ကို ပူးတွဲ လက်ထိပ်ခတ်ပြီး လက်ပစ်ဗုံးတွေကို စနက်တံ ဖြုတ်လိုက်ပါတယ်။ သူ့ကို ထိုင်းအာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ဖို့အထိ ပြင်ဆင်ခဲ့ပေမဲ့ မဲဆောက်မြို့ပိုင် ရောက်ရှိလာပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရာမှာ သူ့တောင်းဆိုချက်တွေကို စောသံမဏိက အခုလို ပြောပြပါတယ်။

သူ့တောင်းဆိုချက်ထဲမှာ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ အတင်းအကျပ် စုဆောင်းနေတာတွေကို လက်မခံနိုင်ကြောင်း၊ စစ်အစိုးရလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေးကို ကုလသမဂ္ဂက သေချာ ဖြေရှင်းပေးဖို့ တောင်းဆိုသွားပါတယ်။

သူဟာ လက်ရှိ စစ်အစိုးရ ခိုင်းထားတဲ့ နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တဦး ဖြစ်နေတာကြောင့် သူ့ဆန္ဒကို ထုတ်ဖော်သွားခြင်းသာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂက မဖြေရှင်းပေးတဲ့ အပေါ်မှာ သူ့သဘောထားကို ပြောသွားခြင်းသာ ဖြစ်ကြောင်း လက်ရှိ မြန်မာစစ်အစိုးရနဲ့ တိုက်ပွဲဝင်နေတဲ့ DKBA တပ်မှူး ဗိုလ်စန်းအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့က ဘယ်လိုမြင်လဲဆိုတော့ သူခံစားရတာတွေ ရင်ဖွင့်တယ်ပေါ့၊ ဒီစစ်ကလည်း ကာလ ကြာရှည်သွားမယ်၊ ဒါကြောင့် UN ရုံးရှေ့မှာ သူ့အနေနဲ့ ရင်ဖွင့်သွားတာ။ ဖြစ်နိုင်ရင် ကုလသမဂ္ဂ အဖွဲ့အစည်းကနေ ၀င်ရောက်ဖြေရှင်းလို့ရရင် အမြန်ဆုံး ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆို ဆန္ဒပြတာ၊ အဲဒီလိုပဲ ကျနော်မြင်တယ်။”

အခုဆိုရင် ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး စစ်တပ်ဘက်က အင်အားတွေ တိုးလာနေကြောင်း ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံ ရွာသားတွေကလည်း ပြောပါတယ်။

“မင်းလက်ပံ ရွာထဲကို စစ်ကား ၇ စီးလောက် ထပ်တက်လာတယ်။ ဘယ်တပ်လဲတော့ မသိဘူး။”

အခုဆိုရင် တိုက်ပွဲတွေ ပြီးဆုံးသွားမယ့် အခြေအနေ မဟုတ်ဘဲ အကျဉ်းသားတွေကိုပါ ပေါ်တာတွေအဖြစ် ခေါ်ဆောင်လာတာကို တွေ့ရကြောင်း DKBA ဘက်ကလည်း ပြောပါတယ်။

“တပ်တိုးတယ်၊ အရင်တပ်တွေ ဖြုတ်ပြီးတော့ တပ်ပြန်ချိန်းတယ်။ အခုက စတက်နေပြီ။ ပြီးတော့ တောင်ကလေး ထောင်သားတွေနဲ့ မော်လမြိုင် ထောင်သားတွေကို ၀န်ထမ်းအဖြစ်နဲ့ သုံးဖို့၊ အယောက်ပေါင်း ရာနဲ့ချီပြီး ပါလာတယ်။ လက်ရှိ ရောက်နေပြီ။”

တိုက်ပွဲတွေကြောင့် ပြည်သူတွေ နစ်နာနေရတယ်၊ အိုးအိမ်တွေ စွန့်ခွာခဲ့ရတယ်၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေခံရတယ်၊ တိုက်ပွဲတွေကို မလိုလားဘဲ စစ်တိုက်နေရတာဟာ မြန်မာပြည်မှာ နိုင်ငံရေး ပြဿနာတွေကို သေချာ မဖြေရှင်းနိုင်တာကြောင့်လို့ DKBA က ပြောပါတယ်။ ဒီအတွက် ကမ္ဘာ့ကုလသမဂ္ဂက မြန်မာ့အရေးကို အလေးထား ဖြေရှင်းပေးသင့်တယ်လို့လည်း တောင်းဆိုသွားပါတယ်။

“ကျနော်တို့က မတိုက်ချင်ဘူး။ ကရင်အမျိုးသား အချင်းချင်းလည်း မတိုက်ချင်သလို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အချင်းချင်းလည်း လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် အခုလက်ရှိ ကုလသမဂ္ဂ အနေနဲ့သော်လည်းကောင်း၊ လုံခြုံရေးကောင်စီ အနေနဲ့သော်လည်းကောင်း ကျနော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲအတွက် အမြန်ဆုံး ငြိမ်းသွားအောင် ၀င်ရောက် ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆိုချင်တာ။”

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့က ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးရှေ့မှာ လက်ပစ်ဗုံးတွေ ကိုင်ပြီး ဆန္ဒပြသူ နယ်ခြားစောင့်တပ်သား စောသံမဏိရဲ့ တောင်းဆိုချက်တွေထဲက တခုကတော့ သူ့ကို မြန်မာပြည် ပြန်မပို့ဘဲ နိုင်ငံတကာခုံရုံးကို တင်ပြီး အရေးယူပါလို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ပြဿနာကို အေးဆေးစွာ ဖြေရှင်းနိုင်ခဲ့ပြီး အထိအခိုက် မရှိတာကြောင့် သူ့ကို သက်ညှာစွာ အရေးယူ ဆောင်ရွက်ပေးဖို့ မဲဆောက်မြို့ပိုင်ကလည်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ ၀န်ထမ်းတွေကတော့ ဒီဖြစ်ရပ်ကြောင့် အတော်ထိတ်လန့်မှု ဖြစ်ခဲ့ပြီး စောသံမဏိရဲ့ လုပ်ရပ်ကို အံ့သြမှုတွေ ဖြစ်နေကြရပါတယ်။ စောသံမဏိရဲ့ တောင်းဆိုချက်တွေဟာ လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ လိုအပ်ချက်တွေ ဖြစ်တာကြောင့် ကုလသမဂ္ဂက အလေးထား ဆောင်ရွက်ပေးဖို့ သင့်ပြီလို့လည်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။

မင်္ဂလာနှင့် နိုင်ငံရေး ၂၀

မောင်လူရေး ဇန်န၀ါရီ ၄၊ ၂၀၁၁ မိုးမခ

ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေတာ ကတညုတာမင်္ဂလာ။

တစုံတယောက်၏ ကျေးဇူးကြွေးကို သိရှိသည်မှာ မင်္ဂလာရှိသည်ဟု ဆိုလတည်း။

ကျွန်ုပ်တို့ဘဝတလျောက်၌ မိဘ၊ ဆရာ၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေတို့မှစ၍ ကျေးဇူးရှင်များကား များပြားလှ ဘိတောင်း။ ဤမင်္ဂလာက ကျွန်ုပ်တို့ကို သူတို့၏ ကျေးဇူးကြွေးကို ပြန်ပေးဖို့ အထူးသတိပေးလေသည်။

ကောင်းမှုကောင်းရာလုပ်ငန်းများကို အမှတ်ရခြင်းသည်ပင် ကျေးဇူးသိခြင်းကတညုတာဟု သူတော်ကောင်း ပညာရှိကြီးများက ဆိုမိန့်သည်။ အဘဲ့ကြောင့်ဟူမူ ကောင်းမှုကောင်းရာလုပ်ငန်းဟူသည် သက်ရှိသတ္တဝါများကို ကောင်းကျိုးကိုသာ ဖြစ်စေတတ်သောကြောင့်တည်း။

ယခုအခါ ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်၏ ပျက်စီးယိုယွင်းနေသည့်ဖြစ်စဉ်ကြီးထဲတွင် အံ့သြတုန်လှုပ်စွာ အသက်ရှင်နေထိုင်နေကြရပါသည်။ ကျွန်ုပ်တို့သည် သဘာဝတရားကြီးကို စော်ကားချင်တိုင်း စော်ကားခဲ့ကြ သည်။

ဇာတ်တော်တစ်ခု၌ ဘုရားလောင်းကုန်သည်က သစ်ပင်တစ်ပင်ကို ခုတ်ဖြတ်ရန်အားထုတ်နေကြသော သူ၏ နောက်လိုက်တို့ကို -

“အို မိတ်ဆွေတို့ - သူ၏ အရိပ်အောက်ထိုင်၍ ဖြစ်စေ၊ အိပ်စက်၍ ဖြစ်စေ၊ ခိုဝင်နားနေဖူးပါက ထိုသူသည် ၎င်းသစ်ပင်၏ အကိုင်းအခက်တို့ကို မချိုးမဖျက်သင့်ပါ။ ထိုသစ်ပင်သည် ခိုဝင်နားနေဖူးသူကို ကျေးဇူးပြုခဲ့သော ကြောင့် ထိုသစ်ပင်ကို ခုတ်ဖြတ်ချိုးဖျက်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ဖြစ်ပါသည်” ဟု ပြောကြားခဲ့သည်။

ဤဇာတ်တော်ကို ထောက်ရှုကြည့်လျှင် ရှေးကပုဂ္ဂိုလ်များသည် သဘာဝပတ်ဝန်းကျင်ကို သာမာန်အသိဖြင့် မဟုတ်ဘဲ ကျေးဇူးရှင်အနေဖြင့်ပင် စောင့်ရှောက်ခဲ့ကြခြင်းကို သိနိုင်ပေသည်။ ယနေ့သစ်မုဆိုးများကတော့ ရှေး က မခုတ်ဘဲ စောင့်ရှောက်သူများ၏ ကျေးဇူးကို အောက်မှမေ့မိပါလေစ။ သူတို့သည် ကမ္ဘာမြေပေါ်က စက်ဆုပ် ရွံရှာဖွယ်အကောင်းဆုံးလူမသားများဆိုသည်ကိုရော သိမှ သိပါလေစ။

မြတ်စွာဘုရားရှင်က လောကမှာ တွေ့ကြုံရန်ခဲယဉ်းသော လူနှစ်မျိုးရှိသည်ဟု ဟောကြားခဲ့သည်-

(၁) အကူအညီကိုဖြစ်စေ၊ အခြားပစ္စည်းဝတ္ထုတစုံတရာကိုဖြစ်စေ၊ ဖေါ်ရွေရက်ရောစွာ ရှေးဦးစတင်ကျေးဇူးပြုသူ။

(၂) ကိုယ့်ကို တိုက်ရိုက်ကျေးဇူးပြုခဲ့၊ ကိုယ့်ကို တိုက်ရိုက်ဦးတည်ပြုလုပ်သည်မဟုတ်သော်လည်း ကိုယ် ရယူခံ စားခဲ့သော ကျေးဇူးတရားကို သိရှိနားလည်သူတို့ဖြစ်သည်။

ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်လိုပါက ကျေးဇူးပြုသူကို သိရုံတင်မကဘဲ ကိုယ်ကိုယ်တိုင် ကျေးဇူးပြုသူ တစ်ယောက်ဖြစ်အောင် ကြိုးစား နေထိုင်သင့်ကြောင်း ဘုရားစသော သူတော်ကောင်းများက ဆုံးမကြပါသည်။

၂၀၁၀ မြန်မာ့နိုင်ငံရေးမျက်နှာစာ၌ အသက်ပါပါ အချက်ပါပါတက်ကာ တက်ကာပြောဆိုနေကြသော တိုင်းချစ် ပြည်ချစ်နိုင်ငံရေးသမားများ တရားဝင်ပေါ်ပေါက်လာကြပေပြီ။ မနေ့တနေ့ကထိ နိုင်ငံရေးသည် မှောင်ခိုပစ္စည်း ဖြစ်၏။ မြွေပွေးဖြစ်၏။ ထိလျှင် ပေါက်သတ်ခံရနိုင်သည်။ လူသတ်မှု၊ မုဒိမ်းမှုတို့ထက် အပြစ်ကြီး၏။ နှစ်အရာ အထောင် ထောင်တန်းကျနိုင်၏။ နိုင်ငံရေးဆိုသဟာ ပြည်ဖျက်လုပ်ရပ်ဖြစ်သမို့ နိုင်ငံရေးသမားတို့၏ လုပ်ရပ်မှန် သမျှ ရပ်ကြည့်မနေအပ်၍ တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းဖမ်းဆီးသတ်ဖြတ်လိုက်ရပါသည်ဆိုသည့် ဂိုဏ်းတော် သားများကို ဦးဆောင်ကြသူတို့ပင်လျှင် ယနေ့တော့ ပြည်သူအတွက် အသက်နှင်းပြီး နိုင်ငံ့အရေးကို အသားကုန်ဗျင်းတော့မည်ဟု သံကုန်ဟစ်နေကြပေပြီ။ နိုင်ငံရေးမှ မလုပ်ရလျှင်မနေ သေရပါတော့မည်ဟု ဆိုနေကြပေပြီ။ အံ့ဖွယ်အခါတော် ကာလမွန်ကြီးပါပေ။

သို့သော် ယင်းတို့ ဘဇာ့အရေးလုပ်လေခဲ့သနည်းဟု မေးမိငြားအံ့- နိုင်ငံရေးတော့ နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး (အမျိုးသမီးနိုင်ငံရေးလည်းရှိအုံးမည် ဟု ကတ်တတ်တတ်မတွေးပါနှင့်) ဟု မျက်လုံးမျက်ဆံ ပြူးပြူးကြီးနှင့် ဖြေပေလိမ့်မည်။

မနေ့တနေ့လေးက အမျိုးသားနိုင်ငံရေးသည် မြင့်မြတ်၏ဟု အဓိပ္ပါယ်ဖွင့်၏။ မှန်၏၊ အမျိုးသားနိုင်ငံရေးကြောင့် မြင့်သောတိုက်တာကြီးများပိုင်ဆိုင်၍ မြတ်သောစည်းစိမ်ကို ခံစားစံစား နေရပေပြီ။ ပါတီနိုင်ငံရေးကား စုပ်ပဲ့သည်ဟု ဆိုလေသည်။ အရိုးအရင်းလောက်သာ စုပ်ရမည် ဖြစ်သောကြောင့် ပဲ့သည်ဟုဆိုလေသလား၊ မသိပေ။

ယနေ့ နိုင်ငံတော်ကို ယင်းတို့ အသားကုန်ချစ်ခွင့်ကြီးရအောင် ဘယ်သူတွေက ကျေးဇူးပြုလိုက်သနည်း။ သိဘို့ကောင်းလှ၏။ မဟုတ်လျှင် မင်္ဂလာကန်း၍ အစဉ်အလာတွေ ဟန်းတော့မည်။

နိုင်ငံကို ချစ်ကြသူမှန်သမျှ၊ နိုင်ငံ့အရေး တွေးပူသူမှန်သမျှ၊ နိုင်ငံကောင်းစားရေး လိုလားသူမှန်သမျှ၊ တရားမျှတမှုကို တောင်းဆိုသူမှန်သမျှ၊ လူ့အခွင့်အရေးကို တောင်းဆိုသူမှန်သမျှနည်းမျိုးစုံနှင့် ညှင်းပမ်းနှိပ်စက် ဖမ်းဆီးထောင်ချ သတ်ဖြတ်ကြသူများနှင့် အညှင်းခံ၊ အနှိပ်စက်ခံ၊ အဖမ်းဆီးခံ၊ အထောင်ချခံ၊ အသတ်ဖြတ်ခံကြရသူများသည် ယင်းတို့၏ ကျေးဇူးရှင်များ ဖြစ်ကြတော့၏။ သို့သော် ကျေးဇူးရှင်အစစ်ကို ထပ်မံပိုင်းခြားကြည့်လျှင်-

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးထွက်ပေါက်မဟုတ်သေး။ ပြစ်မှုလျော်ကြေးဟုလည်း ဆိုနိုင်သည်။ သို့မဟုတ် ပြစ်မှုများ၏ ထွက်ရပ်လမ်းဟုလည်း ဆိုနိုင်သည်။

သို့ဆိုပါက-

ယနေ့ရောက်ရှိနေသော မြန်မာ့နိုင်ငံ့ရေးအခြေအနေ၏ကျေးဇူးရှင်သည် ပြစ်မှုအကျူးလွန်ခံရသူ နိုင်ငံရေး အကျဉ်းသားများ၊ အကျဉ်းကျဝိညာဉ်များနှင့် ယင်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများသာ ဖြစ်ကြောင်းပါခင်ဗျား။

ပြည်သူ့ဂုဏ်ရည်ကြောင့် အလုပ်ပိုလုပ်နိုင်ကြောင်း ဦးကျော်သူ ပြောကြား

ိုးမခအထောက်တော် အမှတ် ၀၀၈

ဒီဇင်ဘာ ၄၊ ၂၀၁၀ မိုးမခ

ပြည်ပရောက် မြန်မာပြည်သားများ ချီးမြှင့်သည့် ဂုဏ်ပြုဆုသည် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် သူ့အတွက် “မဟာ အားဆေးတစ်ခွက်” ဖြစ်ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ခေါင်းဆောင် ဦးကျော်သူက ပြောလိုက်သည်။

ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန် စီစဉ်ပြင်ဆင်နေချိန်တွင် ဦးကျော်သူက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မနှစ်က ကျွန်တော့်ကို ပေးလိုက်တဲ့ အင်အား၊ စွမ်းအားတွေ ဖြစ်သော ပြည်သူ့ဂုဏ်ရည် ဆိုတဲ့... မဟာ အားဆေးတစ်ခွက်ကို သောက်သုံးပြီးသည့် အချိန်ကာလမှ အစပြုပြီး ကျွန်တော် ထပ်မံ ထပ်ဆင့် လူမှုရေး အင်အားများ မွေးဖွား ပေါ်ပေါက်လာခဲ့ရပါတယ်” ဟု ပြည်သူ့ဂုဏ်ရည်အဖွဲ့သို့ ပေးပို့သော စာတွင် ဦးကျော်သူက ရေးသားထားသည်။

(စာကို ဤနေရာ http://above-3-or-4-pages.blogspot.com/2011/01/letter-from-kyaw-thu.html တွင် ဖတ်နိုင်သည်။)

ယခုနှစ်အတွက် မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း လုပ်ဆောင်သူ တဦး သို့မဟုတ် အဖွဲ့ တဖွဲ့ကို ဆုပေးအပ်ရန် အဆိုပြုလိုပါက http://2011.citizenofburma.org/ တွင် အမည်စာရင်း တင်သွင်းနိုင်သည်။

ထို ၀က်ဆိုက်တွင် ဆုနှင့် ပတ်သက်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည်။

ဆုချီးမြှင့်ပွဲကို အမေရိကန်နိုင်ငံ မြို့ကြီးများတွင် အလှည့်ကျ ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်နှစ်က လော့စ်အိန်ဂျလိစ် မြို့တွင် ဆုပေးပွဲ ပြုလုပ်ခဲ့သည်။

ခုနှစ် မေလတွင် ပြုလုပ်မည့် ဆုပေးပွဲကို တာဝန်ယူ စီစဉ်မည့်မြို့မှာ ဆန်ဖရန်စစ္စကို ဖြစ်သည်။

မလွတ်လပ်သေး လွတ်လပ်ရေးအတွက် ၀ါရှင်တန်မြန်မာသံရုံးရှေ့ မြန်မာတို့ ဆန္ဒပြ

မိုးမခအထောက်တော် ၀၀၂

ဇန်န၀ါရီ ၄၊ ၂၀၁၁ မိုးမခ

ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော မြန်မာပြည်၏ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့ မြန်မာ ကျောင်းသားများ၊ ရဟန်းသံဃာများ သွားရောက်ပြီး ဆန္ဒပြကြသည်ဟု သတင်းရရှိသည်။

နယူးယောက်ပြည်နယ် အထက်ပိုင်းက အယ်ဘနီ၊ ယူတီကာ၊ အယ်သီကာနှင့် ရစ္စလီယာ စသည့် မြို့များက သံဃာတော်များ၊ မြန်မာများ၊ မီချီဂန်ပြည် ဥက္ကလံဒေသကောလိပ်က မြန်မာကျောင်းသားများ စုဝေးကြပြီး ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သော်လည်း စစ်အာဏာရှင်၏ ဖိနှိပ်အုပ်ချူပ်မှုအောက်တွင် တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးနေရသည့်အတွက် မလွတ်လပ်သေးသည့် လွတ်လပ်ရေးနေ့အတွက် စစ်အုပ်စုကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ်သည်ဟု အယ်ဘနီ၊ ရစ္စလီယာနယ်၊ ဓမ္မ၀ါဒီအောင်မြေ မင်္ဂလာကျောင်းတိုက် မိုးကုတ်ဆရာတော် ဦးဣသရိယ က မိုးမခသို့ ပြောကြားသည်။

မြန်မာ ကျောင်းသူ ကျောင်းသား ၁၀ ဦးခန့်ပါဝင်ပြီး ရဟန်းသံဃာ ၂ ပါး တက်ရောက်သည့် မြန်မာမိသားစုများ တက်ရောက်သည့် ဆန္ဒပြပွဲတွင် စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ရှုတ်ချခြင်း၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီရေး အင်အားစုများ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများ အားလုံးကို ထောက်ခံခြင်း စသည့် ကြွေးကြော်သံများ၊ တောင်းဆိုမှုများဖြင့် ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာပြည်၏ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့ရှိ အင်န်အယ်ဒီပါတီရုံးချူပ်မှာ အခမ်းအနားကျင်းပရန် စီစဉ်ထားပြီး လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲများ ကျင်းပ၍ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများအား ကူညီစောင့်ရှောက်ရန် ရန်ပုံငွေ အလှူကို မတည် စုဆောင်းခဲ့ကြသည်။ အနောက်နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများရှေ့တွင် ဒေသခံ မြန်မာတို့က စုဝေးပြီး စစ်အစိုးရကို ကန့်ကွက်ရှုတ်ချခဲ့ကြသည်ဟု သိရသည်။

NLD ရုံးချုပ်မှ ဈေးရောင်းပွဲတော် လူစည်ကား

ခင်နှင်းလွင်၊ ရန်ကုန်

ဇန်န၀ါရီ ၄၊ ၂၀၁၁ မိုးမခ

NLD ရုံးချုပ်တွင် ဇန်န၀ါရီလ ၂ ရက်နေ့မှ စတင်ပြီး ယနေ့ အဆုံးသတ်မည့် လွတ်လပ်ရေးနေ့ အကြို ရန်ပုံငွေ ဈေးရောင်းပွဲတော်သို့ ပရိသတ် အများအပြား လာရောက်သည်ကို တွေ့ရသည်။ ၂ ရက်နေ့ နံနက်က ဈေးပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။

`လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲတော်ဟာ အဖမ်းဆီးခံထားရတဲ့ လူတွေ ထောက်ပံ့ဖို့ အတွက် ရည်ရွယ်တာပါ´ ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါက်တာဒေါ်မေ၀င်းမြင့်က ပြောပြသည်။

ဈေးပွဲတော်တွင် ရန်ကုန်မြို့၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ NLD အဖွဲ့ဝင်များ လာရောက် ရောင်းချကြောင်း သိရသည်။

ဆိုင်စုစုပေါင်း ၂၇ဆိုင်ရှိပြီး ထိပ်ဆုံးတွင် အမျိုးသမီးအဖွဲ့က ရောင်းချသည့် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ပစ္စည်းဆိုင်၊ အမှတ်တရ လက်ပတ်နာရီ ဘောပင်၊ အလှတင် ဖန်တုံး၊ ခြင်း နှင့် လက်ထိုးပစ္စည်း မျိုးစုံကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နတ်မောက်မြို့ရှိ နေအိမ်မှ မြေသားများကို နမူနာ အထုပ်ကလေးများနှင့် အောင်မြေ အမှတ်တရ ရောင်းချပေးနေသည်။

ထို့အပြင် တာမွေမြို့နယ်မှ ရောင်းချသော အမှတ်တရပစ္စည်းဆိုင်တွင် ဘားအံထောင်တွင် အကျဉ်းကျခံနေရသော ဘလော့ကာ ကနေဘုန်းလတ်၏ မိဘများက ဒေါ်စုပုံပါ လက်လုပ် (hand made) ပစ္စည်းများကို ရောင်းချ ပေးနေတာကို တွေ့ရသည်။ ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် ကိုစန်းဇော်ထွေး ဖန်တီးသည့် ပန်းချီကားကိုလည်း တွေ့ရသည်။

ဒေါ်စု၏ ပန်းချီ ၇မျိုး၊ ဒေါ်စု လွတ်လပ်ပြီးနောက် သွားလာလှုပ်ရှားသော ဗွီဒီယိုမှတ်တမ်း အခွေများကိုလည်း ရောင်းချပေးထားတာကိုလည်း တွေ့မြင်နိုင်ပါသည်။

`ထင်တောင် မထင်ထားဘူး ဒီလောက် ရောင်းရမယ်လို့။ အကျိုးအမြတ်ကို နဂိုကတည်းက စီစဉ်ထားတဲ့ အတိုင်း လှူမှာပါ´ ဟု ကရင်ပြည်နယ်မှ ကရင် အ၀တ်အထည်များ လာရောက် ရောင်းချသော ဒေါ်နန်းခင်ထွေးမြင့်က ပြောပြသည်။

မွန်ပြည်နယ် NLD ကလည်း မွန်ရိုးရာ အ၀တ်အထည်များကို ရောင်းချပေးခဲ့ပြီး ဒုတိယနေ့တွင်ပင် ပစ္စည်းများ ရောင်းကုန် ခဲ့သည်ဟု သိရသည်။

ထို့အပြင် စမ်းချောင်းမြို့နယ်မှ ဗိုလ်ချုပ်၏ ရှားပါး ဓါတ်ပုံပစ္စည်းများ၊ တောင်ဒဂုံမြို့နယ်ရှိ သွေးလှူရှင်များ၏ ရန်ပုံငွေ အရောင်းဆိုင်၊ ကဗျာဆရာ ဖျာပုံနီလုံဦး၏ စာအုပ် အရောင်းဆိုင်၊ ကိုမျိုးသန့် (သရက်ထောင်တွင် အကျဉ်းကျခံနေရသူ) ၏ ဇနီး ရောင်းချသည့် စတီးပစ္စည်း အရောင်းဆိုင်များကိုလည်း တွေ့မြင်ရသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေးသင်တန်း တက်ရမည်

ဧရာဝတီ Tuesday, 04 January ဧရာဝတီ

ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး စုစုပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြီးသတ်ရွေးချယ်လိုက်ပြီး ဖြစ်သောကြောင့် ၎င်းတို့သည် နေပြည်တော်တွင် ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ တပတ်ကြာ ဥပဒေရေးရာနှင့် နိုင်ငံရေး သင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ

စိုင်းဇွမ်ဆိုင်း Tuesday, 04 January ဧရာဝတီ

နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်းပွဲတော်သို့ လူပေါင်း ထောင်နှင့်ချီ၍ လာရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဈေးရောင်း ပွဲတော်သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ပြန်လည် ပြုလုပ်သည့်ပွဲ ဖြစ်ကြောင်း၊ ယခု ပွဲသည် ဈေးရောင်းသည်နှင့် မတူဘဲ အလှူအတန်းတခု ကျင်းပသည့် ပုံစံမျိုးနှင့် ပိုတူကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်မှာ ရောင်းရတာကတော့ သိန်း ၁၀၀ ကျော်မယ်။ ဒီနေ့နဲ့ဆိုရင် သိန်း ၂၀၀ ဖိုးလောက် ရောင်းရတယ်။ ဒီကနေ ရတဲ့အကျိုး အမြတ်တွေကို လူကြီးတွေက အချိုးကျ ပြန်ခွဲပြီး လူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ ရှိတယ်” ဟု ကိုရာဇာက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလများတွင် NLD သည် လူမှုအခြေပြု လုပ်ငန်းများ အတွက် ပင်နီတိုက်ပုံများ၊ NLD အမှတ်တရ ရင်ထိုးတံဆိပ်များကို ရောင်းချ၍ လူမှုရေး လုပ်ငန်းများ အတွက် အသုံးပြုခဲ့သည်ဟု ပြောပြသည်။

ဦးအေးသာအောင်က ဆက်လက်၍ “ဒီနှစ်အတွက် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့က သူတို့ရထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လူမှုရေးလုပ်ငန်း ရန်ပုံငွေအတွက် ဈေးပွဲတော်မှာ ပြန်ရောင်းတယ်ဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ်တွေတုန်းကတော့ ဒါမျိုး မရှိခဲ့ဘူးလေ” ဟု ဆိုသည်။

ဈေးရောင်းပွဲတော်တွင် NLD ပါတီတွင်းမှ ဌာနအလိုက် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၂၀ ခန့် ပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည့် ပို့စ်ကတ်များ အပါအဝင် ဓာတ်ပုံ၊ သော့ချိတ်၊ စာအုပ်စာတမ်းများနှင့် တိုင်းရင်းသား ဝတ်စုံများကို ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။

ကိုရာဇာက “လာရောင်းကြတာကတော့ မြို့နယ်၊ ပြည်နယ်အလိုက်က NLD အဖွဲ့ဝင်တွေ၊ ကျနော်တို့ လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ခြံအမှတ် ၅၄ လို့ နာမည်ပေးထားတဲ့ အန်တီစု ပါဝင်တဲ့ အရောင်းဌာနတွေကနေ ရောင်းချကြတယ်။ ခြံအမှတ် ၅၄ အဖွဲ့ကတော့ အန်တီစုနဲ့ သက်ဆိုင်တဲ့ ပို့စ်ကတ်၊ ပြက္ခဒိန်၊ သော့ချိတ်တွေ ရောင်းချတယ်။ သူတို့ကတော့ ရောင်းအကောင်းဆုံးပဲ” ဟု ပြောသည်။

ဈေးရောင်းပွဲတော်သို့ သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံတဦးက “လူတွေ တော်တော်သွားကြတယ်။ အားပေးတဲ့ သူတွေလည်း များတယ်။ အန်တီစုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး ရောင်းရတယ်။ တခြားပစ္စည်းတွေ ဥပမာ တိုင်းရင်းသား အဝတ်အထည်တို့ စာအုပ်တွေ ဘာတွေကိုလည်း ဈေးပွဲတော်မှာ ရောင်းကြတယ်။ ဒါပေမယ့် အန်တီစုပုံပါတဲ့ ပြက္ခဒိန်တို့၊ သူဆွဲထားတဲ့ ပန်းချီပို့စ်ကတ်တွေ၊ သော့ချိတ်လေးတွေကို အများဆုံး ဝယ်ကြတယ်။ တချို့တွေဆိုရင် သော့ချိတ်တွေဝယ်ပြီး ဖုန်းမှာ ချက်ခြင်း တပ်လိုက်ကြတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။

ရန်ကုန် အခြေစိုက် သတင်းထောက်တဦးကလည်း “သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက တအားကြီး ဈေးကြီးတာမျိုး မဟုတ်တော့ ဈေးရောင်းပွဲ သွားကြတဲ့သူတိုင်းနီးပါး ဝယ်ကြတယ်။ ပြီးတော့ ခုကာလကလည်း ဒေါ်စုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လွတ်လွတ်လပ်လပ် သဘောမျိုး ဝယ်ခွင့်ရနေတဲ့ အခါကျတော့ လူတွေ တော်တော်ဝယ်ကြပါတယ်။ တခြားနေရာတွေမှာ ရောင်းလို့မရတော့ ဝယ်နိုင်ကြတာပေါ့”ဟု ပြောသည်။

ယခု ဈေးရောင်းပွဲတော်၏ အကျိုးအမြတ်များကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်များ ပြုစုရေး၊ သဘာဝ ဘေးဒဏ်ခံရသော ဒေသများအတွက် ကူညီရေးတို့၌ ပြန်လည် အသုံးပြုသွားမည်ဟုလည်း သိရှိရသည်။

NLD သည် လူမှုအခြေပြု လုပ်ငန်းများအဖြစ် HIV/AIDS ဝေဒနာရှင်များကို ဂေဟာ သုံးခုဖွင့်လှစ်၍ စောင့်ရှောက်ခြင်း၊ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော သဘာဝဘေးဒဏ်ခံ ဒေသများကို ထောက်ပံ့ကူညီခြင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်တို့ကို အမြန်ဆုံးလွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် အခြားသော အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။

စေတနာနှင့် ရောင်းသော ဈေး

ကြည်ဝေ Tuesday, 04 January ဧရာဝတီ ဆောင်းပါး

ကြိတ်ကြိတ် တိုးနေသော လူကြားထဲမှ အတင်းတိုးထွက် လာသည့် အသားညိုညိုနှင့် အမျိုးသမီးက သူနှင့်မျက်မှန်း တန်းမိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီး အဖွဲ့မှ အဖွဲ့ဝင်တဦးအား ဖက်လျက် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့ ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်ကြောင်း ပြောနေသည်။

သူ၏ သားဖြစ်သူ အသက် ၂၀ ၀န်းကျင်အရွယ် မျိုးကျော်ဇင်မှာ ကချင်ပြည်နယ်၊ ပူတာအိုထောင်တွင် ထောင်ဒဏ် ၁၇ နှစ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည်။ မျိုးကျော်ဇင်၏မိခင်မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အ၀တ်အငှားလျှော်သူ လက်လုပ်လက်စား မိခင်တဦး ဖြစ်သည့်အတွက် သားဖြစ်သူထံသို့ ထောင်ဝင်စာသွားတွေ့ရန် မလွယ်ကူလှပေ။

ယခုအခါ NLD ၏ ပံ့ပိုးကူညီမှုကြောင့် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့ ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်သည့်အတွက် မိခင်တဦးအနေဖြင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း ပြောသည်။

“ကျမသားကို သွားတွေ့တော့မယ်။ သူ ထောင်ကျသွားတာ ၃ နှစ်ရှိပြီ။ အခုလို အဖွဲ့ချုပ်ကပံ့ပိုးကူညီပေးတာ ကျေးဇူးတင်တယ်။အရမ်းဝမ်းသာမိပါတယ်။ အခုလို ကူညီပေးတာ ကျမတို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်” ဟု မျိုးကျော်ဇင်၏ မိခင်က ဆိုသည်။

သူကဲ့သို့သော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှာ NLD ရုံးချုပ် အောက်ထပ် ခန်းမထဲတွင် ပြည့်လျက်ရှိပြီး မိမိတို့၏ သားချင်းများအား မည်သူတို့က တာဝန်ယူရန် မဲအလှည့်ကျမည်ဆိုသည်ကို ရင်ခုန်စွာဖြင့် စောင့်မျှော်နားထောင်လျက်ရှိသည်။

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင် NLD အဖွဲ့ဝင်များနှင့် စေတနာရှင်များက နိုင်ငံရေးအကျဉ်းသားများ၏ အမည်ပါ ရင်ထိုးတံဆိပ်များကို မဲဖောက်ပြီး မဲကျသူအား ထောင်ဒဏ်ကျခံနေရစဉ် ထောက်ပံ့ပေးမည်ဟု တာဝန်ယူကြသည်။

လှိုင်သာယာမှ နိုင်ငံရေးအကျဉ်းသား စိုးမင်းမင်း၏ အမည်ကို ဒေါ်အောင်ဆန်းစုကြည်က မဲကျသောကြောင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း မိခင်ဖြစ်သူ ဒေါ်စိမ်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က မဲပေါက်တဲ့အတွက်လည်း ၀မ်းသာမိတယ်။ အထူးပြောချင်တာက အခုလို NLD အဖွဲ့ချုပ်နဲ့ စေတနာရှင်တွေက စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေရော၊ HIV/AIDS ဝေဒနာရှင်တွေကိုရော ကူညီပံ့ပိုးနိုင်ဖို့အတွက် ကြိုးစားကြတာကိုလည်း နိုင်ငံရေး အကျဉ်းသားတယောက်ရဲ့ မိခင်အနေနဲ့ ၀မ်းသာ ဂုဏ်ယူမိပါတယ်” ဟု ဒေါ်စိမ်းက ပြောသည်။

NLD ရုံးချုပ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့မှ ဇန်န၀ါရီလ ၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဈေးရောင်းပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ NLD ဗဟို လူမှု အထောက်အကူပြုအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ဦးက “၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးကိစ္စတွေမှာ ဆောင်ရွက်ဖို့ ရန်ပုံငွေရရှိဖို့ အတွက်ပဲ။ အဲဒီလို ရန်ပုံငွေရရှိဖို့ ပြည်နယ်နဲ့ တိုင်း၊ ဥပမာ ကရင်၊ မွန်၊ ရှမ်း၊ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်က လာပြီးတော့ သူတို့ရဲ့ ဒေသထွက်ကုန်တွေ ရောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလက်ဆောင်ရထားတဲ့ ပစ္စည်းတွေထဲမှာ တချို့ပစ္စည်းတွေကို ရောင်းချပေးတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကိုမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အားလုံးရဲ့ ရန်ပုံငွေအဖြစ်ထည့်ဝင်မှာဖြစ်တယ်” ဟု ရှင်းပြသည်။

NLD ရုံးချုပ်တွင် ကျင်းပခဲ့သော အဆိုပါဈေးရောင်းပွဲ၌ ဆိုင်ခန်းပေါင်း ၂၀ ကျော်ခန့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ပန်းချီကားများ၊ ပန်းချီဆရာတို့၏ ပန်းချီကားများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ၊ ဆွဲကြိုး၊ သော့ချိတ်များ၊ ကရင်၊ မွန်၊ ရှမ်း စသည့်တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများအပြင် ဒေသထွက် အစားအစာများ၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်များ၊ ဖိနပ်များ၊ အပင်များနှင့် စာအုပ်များရောင်းချသည့် ဆိုင်များအပြင် အအေးဆိုင်၊ ကော်ဖီဆိုင်၊၀တ်သားတုတ်ထိုးဆိုင်၊ ကျောက်ကျောဆိုင် စသည်တို့ကိုလည်း တွေ့ရသည်။

အဆိုပါ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေများအား NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့သို့ လှူဒါန်းမည်ဟု သိရသည်။

NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့မှ ဦးလှသိန်းက “ကျွန်တော်တို့ တော်တော်လေး အောင်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာပြီးတော့ အားပေးတဲ့လူတွေကိုက ရန်ပုံငွေလှူတယ်၊ ဒီက လက်ဆောင်ပစ္စည်းတခု ရယူတယ်ဆိုတဲ့ သဘောကိုပဲ အမှတ်တရအဖြစ် လာကြတာပဲ” ဟု ပြောသည်။

ဗဟို လူမှုထောက်ကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ကူညီထောက်ပံ့နေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါ ဈေးရောင်းပွဲ ပထမနေ့ စတင်ကတည်းက လာရောက် ကြည့်ရှုသူများ၊ ၀ယ်ယူသူများဖြင့် စည်းကားခဲ့သည်။

“ကျမတို့က သေချာအားပေးချင်လို့ကို လာခဲ့ကြတာပါ။ ရုံးကိုဝင်ရင် ဓာတ်ပုံရိုက်ခံရမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အားပေးချင်တဲ့စိတ်က ပိုများနေတော့ မကြောက်တော့ဘူး” ဟု ဒဂုံတက္ကသိုလ်မှ ကျောင်းသူတဦးက ပြောသည်။

ဈေးရောင်းပွဲတော် ရက်များအတွင်း လာရောက်အားပေးကြသူများမှာ အရွယ်စုံ၊ နယ်ပယ်အသီးသီးအစုံမှ ဖြစ်ကြောင်း တွေ့ရသည်။

“ပထမနေ့မှာတင်ပဲ တော်တော်လေး ရောင်းရတယ်။ ဒီနေ့ နောက်ဆုံးရက်မှာတောင် ရောင်းဖို့ မကျန်တော့ဘူး။ ဒုတိယရက်မှာ အကုန် ကုန်တဲ့သူတွေလည်းရှိတော့ ဒီနေ့မှာ ဆိုင်တချို့က မထွက်ကြတော့ဘူး။ ကုန်ကုန်ပြီ။ ပြည်သူလူထုက အားပေးကြပါတယ်။အဲဒါကြောင့် ရောင်းကောင်းတာ ဖြစ်ပါတယ်” ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တဦးက ဆိုပါသည်။

ဈေးရောင်းပွဲတော်တွင် ၃ ရက်တာအတွင်း စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ ကျော် ရခဲ့ကြောင်းလည်း သိရပါသည်။

နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

စည်သူ Tuesday, 04 January ဧရာဝတီ

နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

အဆိုပါ ဒေသန္တရ အမိန့်ကို နေပြည်တော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။

“ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် ည ၉ နာရီ ပိတ်ရမယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကတော့ ည ၆ နာရီပိတ်ရမယ်” ဟု သတင်းတပ်ဖွဲ့ (ပျဉ်းမနား) မှ အရာရှိ တဦးက ပြောသည်။

ထိုကဲ့သို့ သတ်မှတ်ချိန် ကျော်လွန်ရောင်းချသည့် ဆိုင်များကို လိုင်စင် ပိတ်သိမ်းသည်အထိ အရေး ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဆိုင်များကို အချိန် သတ်မှတ် ပိတ်ခိုင်းခြင်းကို ယမန်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

“ရွေးကောက်ပွဲတုန်းကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါ။ အခု ပိတ်ခိုင်းတာက ဘာကြောင့် ဆိုတာ မသိပါဘူး။လွတ်လပ်ရေးနေ့မှာတော့ ဒီလိုလုပ်ခဲပါတယ်” ဟု ယင်းက သတင်းတပ်ဖွဲ့ အရာရှိက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလက ယခုကဲ့သို့ ဆိုင်ခန်းများ ပိတ်ခိုင်းစဉ် သတ်မှတ်ချိန်အမီ မပိတ်သည့် လက်ဖက်ရည်ဆိုင် တဆိုင်အား အရေးယူခဲ့ကြောင်း ပျဉ်းမနား အခြေစိုက် ရယက တဦးက ပြောသည်။

“နိုဝင်ဘာ ၆ ရက်နေ့က ည ၆ နာရီ ပိတ်ခိုင်းတာကို နောက်ကျတဲ့ ပေါင်းလောင်း အားကစားရုံ ရှေ့က ရာစုသစ် လက်ဖက်ရည် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်” ဟု သူက ဆိုသည်။

ယင်း ရာစုသစ် လက်ဖက်ရည်ဆိုင်သည် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားလာစဉ်က မိန့်ခွန်း ပြောခဲ့သည့် ဆိုင်ဖြစ်သည့်အတွက် အာဏာပိုင်များက အငြိုးဖြင့် ပိတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Tuesday, 04 January ဧရာဝတီ

မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေအခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြနေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက်ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။

၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ်အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများအနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ်လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများအကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ်ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော်အထိ များပြားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံအသိုင်းအ၀န်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြုနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေးစာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့်မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။

NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လူသား အရင်းအမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက်လာဘ်စားမှု ကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ အပါအဝင် အင်အား အင်အားရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင်များအား နိုင်ငံရေးအကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက်ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့သည့် ရလဒ်ဖြစ်သဖြင့် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း NDF ပါတီ တာဝန်ရှိသူများက ဆိုသည်။

လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင်ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။

၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် နိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့်အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့်ကာလအတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများအပေါ်၌ စေတနာကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန်အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေး သစ္စာတရား နည်းပါး သူတို့ကို အသိမဲ့သော်လည်းကောင်း၊ သိပါလျက်သော်လည်းကောင်း စည်းရုံးသိမ်းသွင်း အသုံးချကာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည်အားထုတ် လုပ်ဆောင်လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

ဆက်လင်း Tuesday, 04 January ဧရာဝတီ

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းကဲ့သို့ တယ်လီဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင် အထည်ဖော် ပေးရကြောင်း သိရသည်။

ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။

ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က စာရင်းပေးထား သူများထဲတွင် နိုင်ငံရေးနယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏ ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။

တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့် ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ် ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ် ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့ တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင်လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀ ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။

နေကြာ အဓမ္မစိုက်ရသဖြင့် တောင်သူများ စိတ်ပျက်

အောင်ထက် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄

ရန်ကုန် (မဇ္ဈိမ) ။ ပဲခူးတိုင်း သာယာဝတီခရိုင်ရှိ ဒေသအများအပြားတွင် "ဒေသစားသုံးဆီ ဖူလုံရေး" အမည်တပ်၍ အာဏာပိုင်များက နေကြာပင်များ အဓမ္မစိုက်ခိုင်းနေသဖြင့် စိတ်ပျက်ရကြောင်း ဒေသခံ တောင်သူများ အဆိုအရ သိရသည်။

စိုက်ပျိုးရေးဌာနက ဒေသ အာဏာပိုင်များမှတဆင့် နေကြာပင်မျိုးများကို တဧကလျှင် တပြည်နှုန်း မဖြစ်မနေ စိုက်ခိုင်းကာ၊ တပြည်လျှင် ကျပ်တထောင်နှုန်းဖြင့် မယူမနေရ ယူနေရသည်။ စီးပွားရေးအရ တွက်ခြေကိုက်သည့် ပဲစိုက်ပျိုးချိန်တွင် ယင်းသို့ နေကြာ စိုက်ပျိုးခိုင်းသည်မှာ ၄-၅ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်၍ လယ်သမားများ စိတ်အနှောင့်အယှက် ဖြစ်နေခြင်း ဖြစ်သည်။

"စိုက်ချိန်တန်ရင် လာတယ်။ လယ်သမားတိုင်း မယူမနေရဆိုပြီး လိုက်ပေးတာ။ နေကြာက မဖြစ်ဘူး။ ကိုက်လည်း မကိုက်ဘူး" ဟု အုတ်ဖိုမြို့နယ် မတောင့်တ ကျေးရွာမှ တောင်သူအဘွားအို တဦးက မဇ္ဈိမကို ပြောသည်။

မိုးစပါးအပြီး ပဲစိုက်ပျိုးချိန်တွင် ပဲခင်းအတွင်း နေကြာပင်များကို ရောနှော စိုက်ပျိုးခိုင်းခြင်းကြောင့် ပဲခင်းများအကြား နေကြာအရိပ်ခိုပြီး ကြွက်များ၊ ပုရစ်များ များပြားလာကြောင်းနှင့် ပဲခင်းအများအပြားပါ ပျက်စီးသဖြင့် မစိုက်လိုကြောင်း တောင်သူများအဆိုအရ သိရသည်။

ဒေသစားသုံးဆီ ဖူလုံရေးအတွက်ဟု ဆိုသော်လည်း ယင်းနေကြာမျိုးများမှာ ခရိုင်အဆင့်၊ တိုင်းအဆင့် ဒေသအာဏာပိုင်များ၏ ရန်ပုံငွေ ရှာဖွေမှုဖြစ်ကြောင်း ဒေသခံများက ယုံကြည်နေသည်။

"မရှိလို့ အခွင့်အရေး တောင်းချင်ရင် တောင်းလိုက်။ လယ်သမား ပဲစိုက်လို့ ဒါတွေ ကူညီပေးပါဆို ပေးရုံပဲ။ ဒါကြီး ဘယ်သွားစိုက်မလဲ။ ပဲပင်တွေတောင် မနည်းရှင်အောင် စိုက်နေရတာ။ အမယ်လေး.. တခါတလေဆို စပါးရောင်းပြီး ပေးရတယ်" ဟု မင်းလှမြို့နယ် ကျေးရွာတရွာနေ တောင်သူတဦးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သာယာဝတီခရိုင်အတွင်း မြို့နယ် ၈ မြို့နယ်အနက်မှ အုတ်ဖိုမြို့နယ် မယကရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဒေသစားသုံးဆီ ဖူလုံရေးအတွက် ခရိုင်အဆင့်၊ တိုင်းအဆင့် ညွှန်ကြားချက် ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

အချို့ကျေးရွာများတွင် ရပ်မိရပ်ဖများနှင့် ညှိနှိုင်းကာ မျိုးနေကြာကို တောင်သူများကို မပေးဘဲ ဆီစက်များသို့ အရှုံးခံ သွင်းခြင်းမျိုး ရှိနေကာ၊ မယကသို့ နေကြာဖိုးသွင်းချိန်၌ လိုအပ်သည့် ငွေကြေးကို အချိုးကျ စုပေါင်း စိုက်ထည့်ပေးသည့် နည်းဖြင့် ဖြေရှင်းသူများလည်း ရှိနေသည်။

"၂ ဧက စိုက်တာ တခွဲ (၈ ပြည်) လောက်ပဲ ရတယ်။ အဲဒါလေးတွေကို နည်းနည်းပါးပါး ပြာတီး (သန့်စင်) ပြီး ရေအိုးလေးနဲ့ ထည့်ထားပြီး ပြရတယ်။ မျိုးတော့ မဝယ်နိုင်ဘူး...။ အမေကြီးမှာ ရှိတယ်၊ စိုက်ဆို စိုက်ပေးမယ်..။ လယ်အများကြီး လုပ်လာတာ ဒါလေးတော့ ရတယ်လို့ တောင်းပန်ရတယ်" ဟု အဘွားအိုက ဆိုသည်။

လက်ရှိတွင် တောင်သူများ၏ လက်တွင်းသို့ မျိုးနေကြာများ မရောက်သေးသော်လည်း အာဏာပိုင်များက ဝေငှရန် စီစဉ်နေပြီး၊ ယခုနှစ်တွင် ရွေးကောက်ပွဲကြောင့် အတင်းအဓမ္မ စိုက်ပျိုးသည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

(မျိုးသိဏ်း တည်းဖြတ်သည်။)

ဂီရိလေဘေးသင့် ဒေသမှ ကလေးများကို စစ်သားအဖြစ် စုဆောင်းနေ

အင်္ဂါနေ့၊ ဇန်နဝါရီလ 04 နိရဉ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဂီရိလဘေးသင့် ဒေသများမှ အသက်အရွယ် မပြည့်သူ ကလေးငယ်များကို စစ်သား အဖြစ် စုဆောင်းနေကြောင်း သတင်း ရရှိသည်။

Burmese-soldier-by-Apလေဘေးသင့် ဒေသများတွင် စားဝတ်နေရေး အဆင်မပြေမူကြောင့် စစ်သားများ စုဆောင်းရ အထူး လွယ်ကူနေရာ ထိုအထဲတွင် အသက်မပြည့်သူ ကလေးငယ်များကိုလည်း စုဆောင်းနေကြောင်း ကျေးရွာသားများနှင့် လေဘေး ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။

“အခု သူတို့ စုဆောင်းနေတာက မြေပုံမြို့ကနေ မိုင် ၅၀ အကွာမှာ ရှိတဲ့ ရက်ချောင်းအုပ်စု၊ ရေချိန် ကျေးရွာ အုပ်စု၊ မိုးသီးနတ်တောင် အုပ်စုတွေမှာ ကလေးငယ်တွေကို စစ်သား အဖြစ် စစ်တပ်က စုဆောင်းနေပါတယ်။ စကခ ၅ က ဗိုလ်သူကြီး အောင်သူငြိမ်းက စုဆောင်းနေတာ ဖြစ်ပါတယ်” ဟု လေဘေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ဒီဇင်္ဘာလ ၁၆ ရက်နေ့က မြေပုံမြို့နယ် ရက်ချောင်းရွာ၊ ကယုချောင်း ကျေးရွာ အုပ်စုမှ ဦးလှမောင်၏သား မောင်ခင်ဇော် (ခ) ဖိုးမောင်ချေ (၁၇ နှစ်) အား တိုင်းဗဟို လေ့ကျင့်ရေး ၉ သို့ ခေါ်ဆောင်သွားပြီး အ၀ါကျွန်းစု ကျေးရွာမှ ဦးဝေကျန်အောင်သား မင်းနိုင် (၁၆ နှစ်)ကိုလည်း စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မြေပုံမြို့နယ် ၀ါးခုတ်ချောင်း ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ အသက် ၁၆ နှစ် အရွယ် ကလေးငယ် တစ်ဦးအား စစ်တပ်ထဲသို့ ဆွဲခေါ်သွားပြီး ပသုံကျေးရွာမှ အသက် ၁၆ နှစ်သာ ရှိသေးသော ဦးကျော်သိန်းချေ၏ သားလတ် မောင်စိုးစိုးကိုအား တပ်ကြပ် စိုးလှမှ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ အခု ကျနော်တို့ သိရသလောက် အဲဒီအုပ်စုတွေမှာ လူငယ် ၃၀ ခန့်ကို စစ်သား အဖြစ် စုဆောင်းလို့ ရသွားတယ်လို့ သိရပါတယ်။ သူတို့ကို ကားနဲ့ တိုင်းဗဟိုလေ့ကျင့်ရေး ၉ ကိုခေါ်သွားတယ်လို့ သိရတယ်။ အများစုက အသက် မပြည့်တဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ပြောကြပါတယ်။ မိသားစုတွေကလည်း သဘော မတူကြဘူးလို့ ဆိုပါတယ်။ နောက်ဆုံးသတင်းရတာက တိုင်းဗဟို ၉ မှာတောင် မထားဘဲ အခု ကလေးတွေကို အနောက်ပိုင်း စစ်ဌာနချုပ်ကို ယူသွားတယ်လို့ ကြားရပါတယ်” ဟု သူက ဆက်ပြောသည်။

အမည်မဖေါ်လိုသူ ဦးဇင်း တစ်ပါးကလည်း “ သူက ဗုဒ္ဓဘာသာဆိုပေမယ့် နေ့တိုင်း အရက်သောက်ကြတယ်။ အချင်းချင်း ရန်ဖြစ်ကြတယ်။ လာရင် ကျောင်းမှာ တည်းခိုတယ်။ ကျောင်းဝင်းထဲမှာ ခလေးတွေကို သေနတ်တွေ ပစ်ပြတယ်။ တချို့ဆိုရင် သေနတ်တွေ ပေးကိုင်ခိုင်းတယ်။ စစ်တပ်ထဲကို ၀င်ချင်လာအောင် စည်းရုံးတာပေါ့။ စစ်သားတွေနဲ့ နေရတော့ အစားအသောက်ကလည်း မငတ်၊ သုံးရ စားရတယ်ဆိုတော့ နောက်ဆုံးတော့ တပ်ထဲ ပါသွားတော့တာပါဘဲ တကာကြီး” ဟု ပြောသည်။

မိဖများမှာ သားသမီးများကို စစ်တပ်ထဲသို့ မ၀င်ရန် တားမြစ်ချင်ကြသော်လည်း မတားမြစ်ရဲကြကြောင်း၊ အများစုမှာ ကျေးလက်နေ တောသူ တောင်သားများ ဖြစ်ကြပြီး ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသဖြင့် စစ်သားများကို စကားပင် မပြောရဲကြကြောင်း၊ တချို့ ကလေးငယ်များမှာ ရှင်မပြုရဘဲ စစ်တပ်ထဲသို့ ၀င်ရောက်သွားကြကြောင်း အဆိုပါ ဦးဇင်းမှ ပြောသည်။

မုန်တိုင်းသင့် ဒေသများတွင် မုန်တိုင်းပြီးနောက် ပြည်သူများ စားဝတ်နေရေး အဆင်မပြေကြသဖြင့် ကလေးငယ်များကို စစ်သားစုဆောင်းရသည်မှာ အလွန်လွယ်ကူနေပြီး စစ်သားစုဆောင်းရေး တပ်မှ စစ်သားများမှာ တရွာဝင် တရွာထွက် လှည့်လည် သွားလာနေကြသည်ဟု သိရသည်။

မြေပုံမြို့နယ်မှ မုန်တိုင်းသင့် ဒေသများတွင် စစ်တပ်များကို ဖြန့်ကျက်ချထားပြီး အဆိုပါ စစ်သားများက ကျေးရွာများမှ လူငယ်များကို စည်းရုံးကာ စစ်တပ်ထဲ အတင်း ၀င်ခိုင်းနေခြင်း ဖြစ်သည်။

မူစယ် ဈေးလယ်ခေါင်မှာ စည်ပင်အရာရှိကြီးက လက်အောက် ၀န်ထမ်းများကို ဆဲဆို ထိုးကြိတ်

အင်္ဂါနေ့၊ ဇန်နဝါရီလ 04 သျှမ်းသံတော်ဆင့်

မူစယ်မြို့နယ် စည်ပင်အရာရှိဖြစ်သူ ဗိုလ်ကြီးဋ္ဌေးဝင်းက ဈေးခေါင်းနှင့်စည်ပင်ဦးစီးအရာရှိ နှစ်ဦးအား ရိုင်းပြစွာဆဲဆို ကြိမ်း မောင်း၍ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ် ယခုလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က မူစယ်ဈေးအတွင်း ဖြစ်ပွားခဲ့သည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် မူစယ်မြို့၌ လာရောက်ဖြေဖျော်မည့် အဆိုတော်အာဇာနည်၏ စတိတ်ရှိုးဆိုင်းဘုတ်ကို ဈေး အတွင်းချိတ်သည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်အရာရှိက လက်အောက်ဝန်ထမ်းများဖြစ်သည့် ဈေးခေါင်းနှင့် ဦးစီးအရာရှိ ကို ဆဲဆိုထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဆိုတော် အာဇာနည် ၊ အေသင်ချိုရွေ စတဲ့အဆိုတော်တွေ စတိတ်ရှိုး ဆိုင်းဘုတ်ထောင်တဲ့ ကိစ္စဗျ ရုံးမှာ စာတင်ပြီးပါပြီ ဆိုင်ဘုတ်တတ်ဆင်ခွင့်ကျပြီးသားပါ အဲဒီဗိုလ်ကြီးရဲ့ မှတ်ချက်ကျပြီးသားပါ အဲဒီကိုသူအရက်မူးလာပြီး တော့ ဦးစီးအရာရှိနဲ့ ဈေးခေါင်းကို ခေါ်ပြီးထိုးကြိတ်တာပေါ့နော်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ စည်ပင်အရာရှိ၏ လုပ်ရပ်ကြောင့် တစ်ဈေးလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဈေးပတ်ဝန်းကျင်မှ လူအများ လာရောက် ကြည့်ရှုကြသဖြင့် ယာဉ်ကြောပိတ်ဆို့သည် အထိ ဖြစ်ခဲ့ရကြောင်း ဈေးသည် တစ်ဦးကလည်း ပြောသည်။

“ညဈေးခင်းတဲ့အချိန် လူရှုပ်နေတဲ့အချိန်ဆိုတော့ လူတွေက တအားဝိုင်းကြည့်နေတာပေါ့ ဗိုလ်ကြီးကလည်း အသံက တော်တော်စွာတယ်ဗျ တအားအော်ဟစ် ဆဲဆိုနေတာဆိုတော့ မိုက်မိုက်ရိုင်းရိုင်း မကြားဝံ့မနာသာ ပေါ့နော် သူတို့ရုံးခန်းမှာ ဖြေရှင်းလို့ရတဲ့ဟာကို ဈေးလည်ခေါင်မှာဖြေရှင်းတော့ လူတွေကပိတ်ပြီး ယာဉ်ကြောတောင် ပိတ်သွားတယ်” ဟု ဈေး သည်က ဆိုသည်။

ဖြစ်ပွားပုံကို စောစောက စည်ပင်နှင့်နီးစပ်သူတစ်ဦးက ဆက်ပြောရာတွင် “ ဆိုင်းဘုတ်ကို ဈေးမှာ မချိတ်ရဘူးလို့ ဗိုလ်ကြီး က ပထမတစ်ခေါက်ပြောတော့ ဆိုင်းဘုတ်ကို ဈေးခေါင်းက ဖြုတ်ချလိုက်တယ် နောက်တစ်ရက်ကျတော့ ဦးစီးအရာရှိက သူဗိုလ်ကြီးကို ပြောပြီးပြီ ဆိုင်းဘုတ်ချိတ်လို့ရပြီ ဆိုတော့ ဈေးခေါင်းက ပြန်ချိတ်ပေးပါတယ် အဲဒါကို အရက်မူးလာတဲ့ အခါကျတော့ ဖြုတ်ချခိုင်းတာကို တတ်ရကောင်းလားဆိုပြီး ဦးစီးနဲ့ ဈေးခေါင်းကို ဆဲဆိုထိုးကြိတ်တာ ” ဟု ပြောသည်။

စစ်ဘက်အရာရှိများကို အရပ်ဘက်အုပ်ချုပ်ရေးဋ္ဌာနသို့ ပြောင်းရွေ့နေရာ ချထားမှုများ ပြုလုပ်လျှက်ရှိရာ အဆိုပါ စစ်ဘက်အရာရှိများသည် အရပ်ဘက်ဝန်ထမ်းများအပေါ် အနိုင်ကျင့်မှုများရှိနေကြောင်း သိရသည်။

နှင်းခဲ ကျသဖြင့် ရှမ်းတောင် မြို့အများအပြားရှိ ပဲစဉ်းငုံ စိုက်ခင်းနှင့် အခြားသီးနှံများ ပျက်ဆီး

အင်္ဂါနေ့၊ ဇန်နဝါရီလ 04 ရက် 2011 ခုနှစ် ခွန်အောင်မြတ် သတင်း - သတင်းနှင့်မီဒီယာကွန်ယက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် ဆီးနှင်းခဲများ ကျဆင်းသဖြင့် စိုက်ပျိုးထားသည့် ပဲစဉ်းငုံနှင့် အခြားသီးနှံအပင်များ ခြောက်သွေ့ပြီး ပျက်စီးသဖြင့် ဒေသခံများ အခက်တွေ့နေကြသည်။

ဒီဇင်ဘာလအတွင်းမှစ၍ ယခု ဇန္န၀ါရီလအထိ ဆီးနှင်းခဲများ အဆမတန် ကျဆင်းနေမှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ မောက်မယ်မြို့နယ်နှင့် ဟိုနမ့်မြို့နယ်ခွဲများ အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထားသည့် ပဲစဉ်းငုံ၊ ငှက်ပျောခြံနှင့် အခြားသီးနှံများ အပင်ခြောက်သွေ့ကာ ပျက်စီးကုန်ကြသည်။

ဒေသခံများအနေဖြင့် လာမည့်နွေရာသီအတွက် အားကိုးအားထားရသော အဓိကသီးနှံတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံ ခင်းများ ယခုလို နှင်းခဲများ အဆမတန်ကျဆင်းမှုကြောင့် သီးနှံပျက်ဆီးသွားသဖြင့် လာမည့်နွေရာသီအတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း ဒေသခံများကပြောသည်။

ဟိုပုံးလွင်ပြင်တွင် စပါးစိုက်ပျိုးရာ မအောင်မြင်သဖြင့် တောင်ကြီးမြို့နယ်တွင်း ပဲစဉ်းငုံစိုက်ပျိုးနေသည့် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဒီနှစ် ဘာဖြစ်နေလဲမသိဘူး မိုးရာသီတုန်းကလဲ မိုးမမှန် ဖြစ်နေပြီး မိုးရာသီချိန် မဟုတ်တော့လဲ မိုးကရွာနေတော့ ကျနော်တို့ ဒီဟိုပုံးလွင်ပြင်မှာရှိတဲ့ လယ်သမား တွေတော်တော်များများ အခက်တွေ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လယ်သိမ်းချိန်နဲ့ တိုးနေတယ်လေ။ အဲတာလည်း လုပ်ငန်းနားလိုက်သေးရတယ်။ ဘာမှလုပ်လို့ မရဘူး၊ ရွာဘက် ပြန်တော့လည်း ခုဆို နှင်းတွေအဆမတန်ကျပြန်တော့ ပဲစဉ်းငုံခင်းတွေ လမ်းဘေးဝဲယာအကုန်လုံး အပင်ခြောက်ပြီး၊ ပျက်ဆီးနေပြီး ဘာမှသုံးလို့ ရတော့မှာ မဟုတ်တော့ဘူး၊ ကျနော်တို့ရွာသားတွေ ဘယ်လိုလုပ် ရမှန်း မသိတော့ဘူး။”

သီးနှံပင်များ ပျက်ဆီးသွားသဖြင့် စားဝတ်နေရေး ကြပ်တည်းမည့်အပြင် ဒေသတွင်း အကောက်ခွန်များပြား သဖြင့် အခက်အခဲ ပိုကြုံရသည်ဟု အခြား ဒေသခံတဦးက ပြောသည်။

“တချို့ရွာသားတွေက လာမယ့်နွေရာသီမှာ အားထားရတဲ့သီးနှံဆိုလို့ ပဲစဉ်းငုံပဲရှိတယ်။ ခုလို ပျက်ဆီးသွားတော့ လာမယ့်နွေရာသီမှာ စားဝတ်နေရေး အခြေအနေ ဆိုးနိုင်တယ်။ အခုတလောဆို ကျနော်တို့ဘက်မှာ အကောက်အခွန်ကလဲ အများကြီးကောက်ထားတယ်။ တစ်ခါကောက်ရင် ကျပ် ၁၀၀၀၀ ထက်မနည်းဘူး၊ ကျောင်းက ပညာရေးစုံညီပွဲတော်အတွက် ကျောင်းဆရာမ ပိုက်ဆံကျပ်၂၀၀၀ ကောက်ခိုင်းနေပြီ ဘာတွေမှန်းလဲ မသိတော့။”

မြန်မာနိုင်ငံတွင် အအေးလှိုင်းဖြတ်သန်းမှုကြောင့် ဒီဇင်ဘာလအပြင် ၂၀၁၁ ခုနှစ် ဇန္န၀ါရီလတွင်လည်း ပြည်နယ်နှင့်တိုင်း အတော်များများတွင် ဆီးနှင်းများ ကျဆင်းပြီး အအေးပိုပြင်းထန်သည်ဟု မြန်မာနိုင်ငံမိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလ ဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်တွင်လည်း ယခုကဲ့သို့ အအေးလှိုင်းဒဏ် လွန်ကဲပြီး ဆီးနှင်းများ ကျဆင်းသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ သီးနှံခြံများ အများအပြားပျက်စီးကုန်သည့်အပြင် သက်ကြီးရွယ်အိုနှင့် ကလေးများ လည်း ကျန်းမာရေး ထိခိုက်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သိန်း ၅၀ တန် ကိုယ်ထူကိုယ်ထ တံတားဆောက်လုပ်ရေး ဒေသခံ ရံပုံငွေများ ပျောက်ဆုံး

အင်္ဂါနေ့၊ ဇန်နဝါရီလ 04 ရက် - ခိုနူမ်းထုန် သတင်းဌာန

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် လက်ပံချောင်းကျေးရွာအကြား ဒေသခံများမှ ကိုယ်ထူကိုယ်ဆောက်လုပ်မည့် ဆယ်ကြီး တံတား ဆောက် လုပ်ရေးရံပုံငွေ ပျောက်ဆုံးနေသည်ဟု ပြောကြသည်။

အဆိုပါ ရံပုံငွေကို ဆယ်ကြီးကျေးရွာ အုပ်စု ဥက္ကဌနှင့် အဖွဲ့ဝင်များက ဒေသခံပတ်ဝန်းကျင် ကျေးရွာပေါင်း ၁၃ ရွာမှ တအိမ်လျှင် ကျပ်ငွေ ၂၀၀၀ မှ

၃၀၀၀ အကြား ၂၀၀၈ – ၂၀၀၉ ခုနှစ်အတွင်း ကောက်ယူခြင်းဖြစ်ကြောင်း သို့သော် ယင်း ရံပုံ ငွေ များ မည်သူ့လက်ထဲမှာ ရှိသည်ကို ရှင်းရှင်းလင်းလင်း မပြောလိုကြကြောင်း သိရသည်။

” တံတားခင်းဖို့ ဒေသခံတွေထံ ငွေနှစ်ခါလာကောက်တယ်၊ ဒါပေမဲ့ တံတားဆောက်လုပ်ခွင့်ကို အစိုးရက ပိတ်ပင် ထားတယ်၊ တံတား ဆောက်လုပ်ရေး ကြိုတင်ပြင်ဆင်မှုအတွက် ကုန်ကျတဲ့ လက်ကျန်ရှင်းတမ်းတွေကို ရယက တွေက မလုပ်ချင်ဘူး” ဟု လက်ပံ ချောင်း အုပ်စုမှ U Tai lio ကပြောသည်။

စစ်အစိုးရသည် လမ်းတံတားပြုပြင်ဆောက်လုပ်ရေးလုပ်ငန်းကို ပုဂ္ဂလိကကုပ္မဏီများထံ ယခုနှစ် ဆန်းပိုင်းမှ စပြီး လုပ်ပိုင် ခွင့် ပေးထားခြင်းကြောင့် ဒေသခံများသည် ဆယ်ကြီးတံတားဆောက်လုပ်ရေးကိုရပ်ဆိုင်းသွားကြခြင်းဖြစ်သည်။

” ကျတော်တို့ထံကောက်ယူထားတဲ့ရံပုံငွေနဲ့တံတားဆောက်လုပ်ခွင့်မရတော့ ကိုယ့်ငွေကို ပြန်တောင်းချင်တာလေ၊အဲဒါ ရယကတွေက

ဟိုလူလွှဲဒီလူလွှဲလုပ်နေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယင်းတံတားဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းမှူးကလည်း ဆယ်သိန်းလှူထားကြောင်းပြောဆိုမှုများလည်း ရှိ သည်။

” တံတားဆောက်လုပ်ဖို့ဆိုပြီး ရယကတွေက ဘိလပ်မြေ ၁၀ အိတ်ဝယ်ထားတာလောက်ပဲသိတယ်၊ ကျန်တာဘာမှ ရှင်းရှင်းလင်း လင်းမသိရတော့ဘူး ” ဟု ကလေးမြို့နယ်မှ ကုန်သည်တဦးက ပြောသည်။

အဆိုပါဒေသသည် စိုက်ပျိုးသီးနှံများ အင်မတန်ထွက်ရှိသည့် ဒေသဖြစ်ပြီး ပေ ၂၀၀ ရှည့်မည်ဆယ်ကြီး တံတားသာ ဆောက် လုပ်နိုင် ပါက မိုးတွင်းကာလတွင် သီးနှံရောင်းဝယ်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်သည်များအတွက် အင်မတန် အကျိုးဖြစ် ထွန်းမည် ဟု ပြောကြသည်။

ကလေးခရိုင်အတွင်း လမ်းတံတားလုပ်ငန်းများကို အစိုးရက ကုပ္မဏီသုံးခုကို လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရပြီး ကုပ္မဏီ သည် ကုန်ကားတစီးကျပ်ငွေ ၅၀၀၀၊ ဘတ်စ်ကားတစီးကျပ်ငွေ ၂၀၀၀၊ ကားငယ်တစီ ကျပ်ငွေ ၁၀၀၀ အသီးသီး ကောက်ယူ ကြောင်း သိရ သည်။

ကလေးမြို့အခြေစိုက် ကာသိုလိပ်အသင်းတော်တာဝန်ခံဆရာတော်ဦးမန်ထန်းနှင်း နှင့် တာဟန်း မြို့မှ ဝယ်စလီ ဆေးခန်း ပိုင် ရှင်ဆရာ ဝန်ကြီး ဦးထန်ဘိလ်လွယ်တို့က အဆိုပါ တံတားဆောက်လုပ်ပေးရန် သက်ဆိုင်ရာသို့ ၂၀၀၈ ခုနှစ်က တင်ပြတောင်း ဆိုခဲ့ဘူးသည်။

မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် တွံတေးတို့တွင် လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပ

ခင်နှင်းထက် ဝ၄-ဝ၁-၂ဝ၁၁ DVB

မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ တွံတေးမြို့နယ်တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မန္တလေးတိုင်းအဖွဲ့ချုပ်က မြို့နယ် ၁ဝမြို့နယ် လောက်က အဖွဲ့ချုပ်ဝင်တွေ စုပေါင်းပြီး တိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းတန်ရဲ့နေအိမ်မှာ အခမ်းနားကျင်းပခဲ့တယ်လို့ မြို့နယ်အဖွဲ့ချုပ်စည်း±ုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က အခုလို ပြောပြပါတယ်။

“ကဗျာဆရာကြီး အင်းဝကိုလေးကို ဖိတ်ကြားပြီးတော့ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ဟာလေးတွေကို ဟောပြောဖို့ ဆရာ့ကို အစီအစဉ် ထည့်ထားတယ်၊ ဆရာလည်း လွတ်လွတ်လပ်လပ်ပဲ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ပဲ ဟောပြောသွားပါတယ်။

“ရန်ကုန်ကနေ ရောက်နေတဲ့ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးအောင်သိန်းလည်း ရောက်နေတဲ့အခါကျတော့ ဆရာဦးအောင်သိန်းကို ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးခိုင်းပါတယ်။ တက်ရောက်လာတဲ့ မြို့နယ်များကလည်း ပြန်လည်မေးမြန်းဆွေးနွေးတာတွေ လုပ်ပါတယ်။ နောက်တခုက လူငယ်လေးတွေက တော်တော်များများ ကျနော်တို့အဖွဲ့ထဲက မဟုတ်ပေမယ့် လာတက်ရောက်တာ တွေ့တယ်။”

မိတ္ထီလာခ±ိုင်အဖွဲ့ချုပ်ကတော့ သာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လေးရဲ့နေအိမ်မှာ ကျင်းပခဲ့တယ်လို့ မိတ္ထီလာအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက အခုလို ပြောပြပါတယ်။

“မိထ္တီလာခရိုင်၊ မန္တလေးခရိုင်၊ မြင်းခြံခ±ိုင် သုံးခ±ိုင်က မြို့နယ် (၆) ခုပေါ့။ မိထ္တီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ တောင်သာ၊ ပျော်ဘွယ်ပေါ့၊ (၆)မြို့နယ်လုပ်တယ်။ ၆၃ နှစ်မြောက်၊ ၆၃ယောက် တက်ရောက်တယ်။ အရဆကသအိးကအားဖြင့် ကျမတို့ရဲ့ အမျိုးဂုဏ် ဇာတိကို မြ‡င့်ခဲ့တဲ့ ကျမတို့ရဲ့ အမျိုးသားတွေ တက်ºကွပြီးတော့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ အမျိုးသားရေး စိတ်ရဆကသအားတ်ကို ကိုယ်တိုင်သိကြမှ သာလျှင် အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဖြစ်မယ်၊ အမျိုးသားရင်ကြားစေ့ရေးဆိုတာ မသိစိတ်ပေါ်မှာ အခြေခံပြီးတော့ တည်ဆောက်ရမှာ၊ အဲဒါကို အရဆကသအိးက ပြောတယ်။”

မကွေးတိုင်းအတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ချောက် စတဲ့မြို့နယ် အဖွဲ့ချုပ်ဝင် ၇ဝ လောက်ကလည်း တိုင်းအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်ခင်စောဌေးရဲ့ နေအိမ်မှာ လွတ်လပ်ရေးနေ့ အခမ်းနားကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ပွင့်ဖြူမြိုနယ်အတွင်းက နိုင်ငံရေးအကျဉ်း သား၂ ဦးကို ကူညီထောက်ပံ့ပေးတဲ့အပြင် လွတ်လပ်ရေး ဟောပြောပွဲ အစီစဉ်လည်း ပါတယ်လို့ သိရပါတယ်။ အရဆကသအိးကထား ပြောကြားခဲ့တာတွေကို ဒေါ်ခင်စောဌေးက အခုလို ပြောပြပါတယ်။

“ဒီနေ့အရဆကသအိးကထား ပြောတာတော့ အန်တီတို့နိုင်ငံက တကယ်တမ်းကျတော့ လွတ်လပ်ရေးရပေမယ့် ငြိမ်းချမ်းရေး မရသေးဘူးပေါ့။ ပြည်ထောင်စု တိုင်းရင်းသားဘဝ၊ တပြည်ထောင်စနစ်နဲ့ အုပ်ချုပ်နေတဲ့အတွက် ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်ရအောင်၊ ပြည်ထောင်စုတိုင်းရင်းသားတွေလည်း ဒီနေ့ဆိုရင် စစ်ဖြစ်နေကြတယ်။ အဲဒီပြည်တွင်းစစ်ကြီးကို ငြိမ်းရအောင် တကယ့်လွတ်လပ်ရေး စစ်စစ်ကို ရအောင် အန်တီတို့ဖန်တီးရမယ်ဆိုတာရယ်၊ ထောင်ကျတဲ့ ကလေးတွေကလည်း ဒါပဲပြောတယ်။ အားလုံးက အကျဉ်းထောင်ကြီးနဲ့ တူနေတယ်။

“ကျမတို့နိုင်ငံကြီးက ဒါကြောင့်မို့ သူတို့က ရဲဘက်စခန်းက ပြန်လာခဲ့တဲ့လူတွေက ဘာပဲဖြစ်ဖြစ် တိုင်းပြည်က ထောင်တခုပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်စုရဲ့ နောက်မှာ ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်မယ်ဆိုပြီး ကလေးတွေကလည်း ပြောတယ်။”

အလားတူ စစ်ကိုင်းတိုင်းအဖွဲ့ချုပ်ကလည်း မြို့နယ်၁၃ မြို့နယ်က အဖွဲ့ချုပ်ဝင်တွေ စုပေါင်းပြီး စစ်ကိုင်းမြို့ရှိ တိုင်းအဖွဲ့ချုပ်±ုံးမှာ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲမှာ အဖွဲ့ချုပ်ဝင် ၆ဝ လောက်တက်ရောက်ခဲ့ပြီး တိုင်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ မုံရွာအောင်ရှင်က လွတ်လပ်ရေးအကြောင်း ဟောပြောခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း တွံတေးမြို့မှာလည်း အဖွဲ့ချုပ်ဝင်တွေ၊ ဒီမိုကရေစီနဲ့ နိုင်ငံရေး တက်ºကွလှုပ်ရှား သူတွေ စုပေါင်းပြီး လွတ်လပ်ရေးနေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးတက်ºကွ လှုပ်ရှားသူတဦးဖြစ်တဲ့ ကျုရှင်ဆရာဦးအောင်ဖေက အခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်မြောက်ဖို့ ရည်စူးပြီးတော့ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အခိျု့ရယ်၊ မြို့နယ်မှာရှိတဲ့ ဒီမိုကရေစီအရေးကို တက်ºကွလှုပ်ရှားသူတွေ ပူးပေါင်းပြီးတော့ ကောက်ည‡င်းပေါင်းကျွေးတယ်။ လမ်းသွားလမ်းလာတွေကို ဝေတယ်။ နောက်တော့ ±ုံးထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ပြီးနောက်တနေ့ ရွှေဂုံတိုင်±ုံးရှေ့မှာ မိန့်ခွန်းပြောတဲ့ အခွေကို ဖွင့်ပြထားတယ်၊ ပြည်သူတွေ မြင်အောင်။”

ကော့သောင်မြို့က အဖွဲ့ချုပ်ဝင်တွေကလည်း လွတ်လပ်ရေးကျောက်တိုင်သွားပြီး အလေးပြုခဲ့ကြတယ်လို့ မြို့နယ်စည်းအဖွဲ့ဝင် ကိုမြင့်မောင်က အခုလို ပြောပြပါတယ်။

“မနက် ၈နာရီမှာ ကော့သောင်းမြို့မှာ ရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်မှာ လူအင်အား ၁၅ဝ လောက် သွားအလေးပြုပါတယ်။ အဖွဲ့ချုပ်ကို ပင်နီတိုက်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ အဖွဲ့ချုပ်အလံရယ်၊ တံဆိပ်တွေ တပ်ပြီးတော့ တူညီဝတ်စုံတွေနဲ့ မိန်းကလေးတွေဆိုရင်လည်း အင်္ကျီဖြူနဲ့ ယောထမိန်နဲ့ တူညီဝတ်စုံတွေနဲ့ သွားပါတယ်။ ဆိုင်ကယ်က အစီး ၅ဝ လောက် ရှိပါတယ်။ မြင်သမျှလူတွေကတော့ တော်တော်ထူးထူးခြားခြား စိတ်ဝင်တစား လိုက်လာပြီးတော့ အားပေးပါတယ်။”

ထားဝယ်မြို့မှာလည်း လွတ်လပ်ရေးနေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မြို့နယ်စည်း ဦးဘစိန်က ပြောပါတယ်။

“အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ဆွေးနွေးပြီးတော့ ကျနော့်အိမ်မှာပဲ လွတ်လပ်ရေးနေ့နဲ့ ပတ်သက်ပြီးတော့ ပြောတယ်။ နောက် စည်းလုံးရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြောတယ်၊ အဲလောက်ပဲ။”

နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးပြီး အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်

နအဖစစ်အစိုးရကို တောင်းဆို

အေးနိုင် ၄ ဇန်နဝါရီ ၂ဝ၁၁ DVB

နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့နဲ့ အနှစ်သာရရှိတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တောင်းဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်±ုံးမှာ ဒီကနေ့ ကျင်းပတဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံတောင်းဆိုလိုက်တာပါ။

“သံဃာတော် အရှင်သူမြတ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအင်အားစုများ၊ စသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ “ခ တိုင်းပြည်တွင်အမှန်တကယ် ကြုံတွေ့နေရသော အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်များ ပါဝင်လျက် တွေ့ဆုံဆွေးနွေးကြရန်၊ “(ဂ) တိုင်းရင်းသားလူမျိုးများ ပါဝင်တဲ့ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည် မဟုတ်သောကြောင့် အမျိုးသားရင်ကြားစေ့ရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်တို့ကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက။”

စစ်မှန်တဲ့လွတ်လပ်ရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်လင်းပြောဆိုပါတယ်။

“လူတွေက ဘာဖြစ်လို့ လွတ်လပ်ရေးကို လိုချင်နေကြတာလည်းဆိုတာ စဉ်းစားကြည့်ဖို့လိုပါတယ်။ အနှောင်အဖွဲ့တွေက ကင်းဝေချင်တယ်။ ဖိစီးမှုတွေက ကင်းဝေးချင်တယ်။ တယောက်ထဲ လွတ်လပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ့်အသိုင်းအဝိုင်းမှာပါ လွတ်လပ်ရမယ်။ ကိုယ်တယောက်ထဲပဲ အနှောင်အဖွဲ့တွေက လွတ်မြောက်နေပြီးတော့ ကျန်တဲ့လူတွေက မလွတ်မြောက်ဘူးဆိုရင် ဒါစစ်မှန်တဲ့ လွတ်လပ်ရေးလို့ မခေါ်နိုင်ဘူး။”

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ရဆကသအားတ် ရှင်သန်နိုးထရေးအတွက် ပြည်သူ့နိုင်ငံရေး၊ လူမှုရေး ကွန်ရက်ကြီးတရပ် ထူထောင်ပြီး မဖြစ်မနေကြိုးပမ်းရဦးမှာမို့ မင်္ဂလာနှစ်သစ်မှာ ခွန်သစ်၊ အားသစ် လုပ်ငန်းပုံစံအသစ်နဲ့ တိုင်းရင်းသားအားလုံး လက်တွဲကြိုးပမ်းသွားဖို့ နိုးဆော်တိုက်တွန်းသွားခဲ့ပါတယ်။

ဒီနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်စီးပွားရေး အခြေပြုကြေညာစာတမ်းတစောင်လည်း ထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာစာတမ်းပါအချက်တွေကို ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ခုလို ပြောပါတယ်။

လက်ရှိနိုင်ငံတွင်းစီးပွားရေး ယိုယွင်းဆိုးဝါးနေတာကို အချက်အလက်တွေနဲ့ထောက်ပြထားပြီး စီးပွားရေးတိုးတက်ဖို့အတွက် နိုင်ငံရေးအခြေပေါ်မှာ မူတည်တဲ့အကြောင်းနဲ့ စီးပွားရေးတိုးတက်ဖို့ မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်ရှိရမယ်လို့ အကြံ့ပြုထားပါတယ်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ဆန်းစစ်ကြည့်မယ်ဆိုရင် အလွန်ဆိုးဝါးနေတယ် ဆိုတာကို တွေ့ရမယ်။ ပြည်တွင်းလှည့်ပတ်သုံးစွဲမှုတွေ တအားများပြီးတော့ ငွေကြေးဖောင်းပွနေတယ်။ လွတ်လပ်တဲ့ စီးပွားရေးဆိုပေမယ့်လို့ အခွင့်ထူးခံ လူတန်းစားတွေအတွက် စီးပွားရေး အခွင့်အလမ်းတွေ ပေးနေတဲ့အတွက်ကြောင့် ပုဂ္ဂလိက လက်ဝါးအုပ်စီးပွားရေးစနစ်က တနေ့ထက်တနေ့ ကြီးထွားလာနေတယ်။

“သဘာဝ ပတ်ဝန်းကျင် အခြေအနေနဲ့ ပြည်သူလူထုအရေးကို ထည့်သွုင်းမစဉ်းစားဘဲ ဆည်မြောင်း တာတမံတွေ မြေတူးတာတမံတွေ အလွန်ပဲ တည်ဆောက်နေတဲ့အတွက် လယ်သမားတွေက စိုက်ပျိုးမြေတွေ အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေတာတွေ ရှိနေတယ်။

“နောက်တခုက လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးမှာ စနစ်တကျ စီမံခန့်ခွဲခြင်းမရှိတာတွေ့ရတယ်။ ပညာရေး ကျန်းမာရေးမှာ အသုံးစရိတ်တွေ နည်းနေတာတွေ့ရတဲ့အတွက်ကြောင့် တကယ်တကယ် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ လူ့စွမ်းအင်ဖွံဖြိုးမှုဟာ အတော်ကို နည်းနေတာ တွေ့ရတယ်။

“စီးပွားရေး တိုးတက်တဲ့ နိုင်ငံတည်ဆောက်မယ်ဆိုရင်တော့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော တာဝန်ခံသော အကျင့်ပျက် လာဒ်စားမှုကင်းသော ထိရောက်ထက်မြက်သော၊ မျှတသည့် တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား တရပ် မရှိမဖြစ် လိုအပ်တယ်။”

ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်±ုံးမှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို အရင်နှစ်တွေကနဲ့မတူဘဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ ထင်ရှားတဲ့ ပါတီခေါင်းဆောင်တွေလည်း စုံညီတက်ရောက်နိုင်ခဲ့ကြပါတယ်။

နိုင်ငံခြားသံတမန်တွေ၊ ပါတီဝင်တွေ၊ ဖိတ်ကြားထားသူတွေ ၅ဝဝ ကျော်လောက် တက်ရောက်ခဲ့ပြီး အခမ်းအနားတက်လာသူတွေထဲက ဆန္ဒရှိရင် နိုင်ငံရေးအကျဉ်းသားတဦးကို စပွန်စာသဘောမျိုး ထောက်ပံ့ကူညီနိုင်ဖို့ မဲနှိုက်တဲ့အစီအစဉ်ကို လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ရှိတဲ့အထဲက အဖွဲ့ချုပ်က တာဝန်ယူထောက်ပံ့နေတဲ့ နိုင်ငံရေးအကျဉ်းသား ၇ဝဝ ကို မဲနှိုက်ကြတာဖြစ်ပါတယ်။ ထောက်ပံ့မှုမှာ ±ုပ်ပိုင်းဆိုင်ရာ ငွေကြေးထောက်ပံ့မှုအတွက် မဟုတ်ဘဲ အကျဉ်းသားနဲ့အကျဉ်းသားမိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်အောင် စဉ်ဆက်မပြတ် ထိတွေ့နေအောင်စီမံတဲ့ ကွန်ရက်သဘောဖြစ်ပါတယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်က ရှင်းပြပါတယ်။

“မလွတ်သေးတဲ့လူ တဦးအတွက် လွတ်နေတဲ့ လူတဦးက တာဝန်ယူပြီးတော့ လှုပ်ရှားတယ်ပေါ့။ ဒီလိုလည်း ပြောလို့ရပါတယ်။ နောက်တခုပြောလို့ရတာက အကျဉ်းသားတာဝန်ခံ ကွန်ရက်ကြီးတခု ထူထောင်တာပဲ။” ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ကလည်း ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေနေအိမ်မှာ အရင်နှစ်တွေကလိုပဲ အခမ်းအနားလုပ်ပါတယ်။ ဒီနှစ်သစ်အတွက် လွတ်လပ်ရေးအထိမ်းအမှတ် မေးမြန်းရာမှာ ဝါရင့်အဖွဲ့ ပြောခွင့်ရှိသူ သခင်ချန်ထွန်းက မြန်မာပြည်မှာ လွတ်လပ်ရေးရပေမယ့် မလွတ်လပ်သေးလို့ ဆက်လက်ကြိုးပမ်းနေရတာလို့ ပြောပါတယ်။

“အရဆကသအိးကတော့ လွပ်လပ်ရေး ရတယ်ဆိုတာ လူထုတရပ်လုံးအတွက် လွတ်လပ်ရေးပါ ရဖို့လိုတယ်။ လွတ်လပ်စွာ ရေးသားခွင့် ပြောဆိုခွင့် စည်း±ုံးခွင့်ဆိုတဲ့ အခွင့်အရေးတွေပေါ့။ ဒီအခွင့်အရေးတွေ အားလုံး ပြည့်ပြည့်ဝဝ ရရှိဖို့လိုအပ်တယ်။ ဒီဟာရဖို့ ဝါရင့်တွေအနေနဲ့က တောင့်တတာပေါ့။”

ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီအတွင်းရေးမှူး ဦးအေးသာအောာင်ကို မေးမြန်းရာမှာ ၂ဝ၁ဝ မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ မျှော်လင့်ပေမယ့် ဖြစ်မလာတာကြောင့် ဆက်လက်ကြိုးပမ်းရမယ်လို့ ခုလို ပြောဆိုပါတယ်။

“အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် ၂ဝ၁၁ မှာ နိုင်ငံရေး အဖွဲ့အစည်းတွေကော၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကော၊ ပြည်သူတွေပါ တကယ့် ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးတဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်တဲ့ တကယ့်ပြည်ထောင်စုစစ်စစ် ပေါ်ပေါက်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းကြရဦးမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွေကို ပြည်တွင်းပြည်ပ ဒေသအသီးသီးမှာလည်း လုပ်ဆောင်ခဲ့ပါတယ်။

ကြံ့ခိုင်ရေးကိုယ်စားလှယ်တို့၏ အသုံးစရိတ်များကို ကြပ်မတ်စစ်ဆေးရန်

ကိုယ်စားလှယ်လောင်းအခိျု့ တောင်းဆို

အံ့ဘုန်းမြတ် ၄ ဇန်နဝါရီ ၂ဝ၁ဝ DVB

ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေရဲ့ ရွေးကောက်ပွဲအကြိုကာလ အသုံးစားငွေစာရင်းတွေကို ကော်မရှင်အနေနဲ့ ကြပ်မတ်စစ်ဆေးဖို့ လိုအပ်တယ်လို့ အရွေးအချယ်မခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းအခိျု့ ပြောကြားလိုက်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဒီလ (၇) ရက်နေ့ နောက်ဆုံးထား တင်ပြကြရတဲ့နေရာမှာ မြန်မာနိုင်ငံလုံးနီးပါး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေရဲ့ ငွေစာရင်းတွေကို ကြပ်မတ်စစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ အနိုင်ရ ကိုယ်စားလှယ်တွေထဲက ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးတွေရဲ့ ရွေးကောက်ပွဲ အကြိုကာလ အသုံးစရိတ်တွေဟာ နိုင်ငံတော်ပိုင်ငွေကြေးနဲ့ ပါတီပိုင်ငွေကြေး ကွဲပြားမှု မရှိသလို ရွေးကောက်ပွဲကာလအသုံးစရိတ်တွေမှာလည်း အခြားကိုယ်စားလှယ်တွေထက် အဆမတန် အသုံးပြုထားတာကြောင့် ကြပ်မတ်စစ်ဆေးဖို့ လိုအပ်တာဖြစ်တယ်လို့ ဒီမိုကရက်ကိုယ်စားလှယ်တွေက ပြောကြားပါတယ်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က အခုလို ပြောပါတယ်။

“ကိုယ်စားလှယ်တယောက်က ရွေးကောက်ပွဲ အသုံးစရိတ် သိန်း ၁ဝဝ ထိ သုံးနိုင်တယ်လို့ သူတို့က လုပ်ထားတာကို။ အဲဒါ သိန်း ၁ဝဝ ဆိုတဲ့ ကန့်သတ်ချက်ကို ကျော်ပြီးတော့ သုံးများသုံးမယ်ဆိုရင် သုံးနိုင်တဲ့ ပုဂ္ဂိုလ်များကတော့ဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးက ကိုယ်စားလှယ်များပဲ ဖြစ်နိုင်ပါတယ်။ အဲတော့ သူတို့က သိန်း ၁ဝဝ ထက် ကျော်သုံးထားတယ်ဆိုရင်လည်း သိန်း ၁ဝဝ ထိသုံးတယ်၊ သိန်း၁ဝဝ ပဲပြမှာပေါ့။ ဒါပြတာကို စစ်ဆေးပေးဖို့က ရွေးကောက်ပွဲ ကျင်းပပေးတဲ့ ကော်မရှင်ပဲ။ ကော်မရှင်က မှန်မှန်ကန်ကန် စိစစ်မယ်၊ ရှေး±ှုမယ်၊ စစ်ဆေးမယ်ဆိုရင်တော့ အမှန်ပေါ်မှာပေါ့။”

ဒါ့အပြင် ရွေးကောက်ပွဲကာလ အခြေအနေတွေကို သုံးသပ်ပြီးတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဘိုမောင်းကလည်း အခုလိုပြောပါတယ်။

“သူတို့က တကယ်လိုက်ရင် သတ်မှတ်ထားတာထက် ကျော်မှာပဲ။ ပြည်ခိုင်ဖြိုးအနေနဲ့ သုံးတာ၊ ကျနော်သိသလောက် သူတို့က ငွေကြေးနဲ့သုံးပြီး လုပ်သွားတာ။ မဲဆွယ်စည်း±ုံးတယ်၊ သုံးထောင်တန်တဲ့လူ သုံးထောင်ပေးတယ်၊ ၅ထောင်တန်တဲ့လူ၊ သောင်းချီတန်တဲ့လူ သောင်းချီပေးပြီး အဲလိုလုပ်သွားတာ။ အဲလိုစရိတ်တွေပါတင်ရင် သူတို့ သိန်း ၁ဝဝ ကျော်မှာ။

“ပြည်ခိုင်ဖြိုးအနေနဲ့၊ သူတို့တကယ့် သုံးတာ တကယ်လွန်နေလို့ ကျနော်တို့ လိုက်ကန့်ကွက်နေလို့လည်း ကော်မရှင်တွေက လုပ်မှာလည်း မဟုတ်ဘူးလေ။ ကျနော်တို့က ကော်မရှင်ကို တင်ရတာကို။ ခ±ိုင်ကော်မရှင် အနေနဲ့လည်း လုပ်မှာမဟုတ်ဘူး။ တကယ်တမ်း စိစိစစ်စစ် လုပ်မယ်ဆိုရင်တော့ အများကြီးပဲ။ ကျနော်တို့ ဒီပဲယင်းမှာ သုံးပါတီဝင်တယ်။ သုံးပါတီလုံး ပြန်ခေါ်စစ်၊ အဲလိုဆိုရင် တဝည ပါတီကလည်း ပြောမှာပဲ။ ကျနော်တို့ ပါတီကလည်း ပြောမှာပဲ။ အဲလိုမျိုးလည်း လုပ်ခွင့်ပေးမှာမဟုတ်ဘူး။”

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကျေးလက်မြို့နယ်တွေမှာ ငွေကျပ် ၅ သိန်းကနေ ၇ သိန်းကြား ကုန်ကျခဲ့ရသလို နယ်မြို့တွေက မြို့တွေက ကိုယ်စားလှယ်တွေအနေနဲ့ ၇ သိန်းကနေ သိန်း ၂ဝ ကြား ကုန်ကျမှုတွေရှိခဲ့ပါတယ်။

ရန်ကုန်မြို့က မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ငွေကျပ် သိန်း ၅ဝ ကနေ အထက် ကုန်ကျမှုရှိခဲ့ပါတယ်။

ဒီကိုယ်စား လှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကာလ ကုန်ကျငွေနဲ့ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပုဒ်မ ၇၇၊ ၈ဝ (ဃ) နဲ့ ၈၄ တို့မှာတော့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေညာတဲ့နေ့ရက်ကစတင်ပြီး ရက်ပေါင်း ၆ဝ အတွင်း တင်ပြကြရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာတော့ ကိုယ်စားလှယ်လောင်းအများစု ဒီစာရင်းတွေကို တင်သွင်းထားကြပြီးဖြစ်သလို တင်ပြဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာမှာဖြစ်ပြီး နိုင်ငံတော် ပြန်တမ်းမှာ ထည့်သွင်းမှာဖြစ်ပြီး နောက်တကြိမ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံပိုင်ခွင့် ရှိတော့မှာ မဟုတ်ဘူးလို့လည်း ရွေးကောက်ပွဲဥပဒေတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အမတ်ကို ကြံ့ဖွံ့အမတ်လောင်း ကန့်ကွက်

အေးနိုင် ၄ ဇန်နဝါရီ ၂ဝ၁ DVB

၁ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအမတ် ဦးလှမောင်သိန်းကို ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးသိန်းမောင်က ကော်မရှင်မှာ ကန့်ကွက်လိုက်ပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ခံထားရတဲ့ ရခိုင်တိုးတက်ရေးပါတီအမတ် ဦးလှမောင်သိန်းကို ကန့်ကွက်ရတဲ့ အချက် ၁၅ ချက် ရေးသားပြီး ကြံ့ခိုင်ရေးပါတီ အမတ်လောင်းက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကတဆင့် ကနေ့ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကန့်ကွက်စာကို အခုလ ၁ ရက်နေ့က လက်ခံရရှိတယ်လို့ ဦးလှမောင်သိန်းက ပြောပါတယ်။

“ရသေ့တောင်မြို့နယ် အမှတ်(၁) နယ်မြေက လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမောင်က ကျနော့်ကိုတိုင်ကြားတဲ့စာကို ၁ ရက်နေ့ ၁ လပိုင်းက ကျနော်ရရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးလှမောင်သိန်းအား အ±ှုံးပေးပြီး ကျနော့်အား အနိုင်ပေးပါလို့ တိုင်ထားတာကို။”

ဒီကန့်ကွက်ချက်နဲ့ပတ်သက်လို့ ဒီလ ၁၇ ရက်နေ့နောက်ဆုံးထားပြီး နေပြည်တော်ကို လာရောက်ဖြေရှင်းဖို့နဲ့ မလာခင် ၄ ရက်တင်ကြိုပြီး ဖြေရှင်းချက်စာတမ်းပေးပို့ဖို့ ကော်မရှင်က ညွှန်ကြားထားပြီး ပျက်ကွက်ရင် အမတ်အဖြစ်ကနေ ±ုပ်သိမ်းခံရဖွယ်ရှိတယ်လို့ ဦးလှမောင်သိန်းက ပြောပါတယ်။

သူ့အပေါ် ကန့်ကွက်ချက်ထဲမှာ တချက်သာ သူနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ကျန် ၁၄ ချက်က မဲရုံးမှူးတွေနဲ့ သက်ဆိုင်တဲ့ ကိတ်စတွေဖြစ်တယ်လို့ သူက ပြောပါတယ်၊ ကန့်ကွက်ချက်ပါ အသေးစိတ်အချက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး၊ ရသေ့တောင်အမတ်ပေါ် ကန့်ကွက်ချက်ကို ရခိုင်ပြည်နယ်ကော်မရှင်က စစ်တွေမှာရှိတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဌာနချုပ်ကို အကြောင်းကြားစာပေးပို့လို့ လက်ခံရရှိထားပါတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကာလတုန်းက များပြားလွန်းတဲ့ ကြိုတင်မဲတွေနဲ့ အနိုင်ယူတယ်ဆိုပြီး ပြိုင်ဘက်ပါတီအများအပြားက စွပ်စွဲပြောဆိုတာခံခဲ့ရပါတယ်။ အခုတော့ ကြံ့ခိုင်ရေးပါတီက ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ကန့်ကွက်ချက်ကြောင့် ကြံ့ခိုင်ရေးပါတီက မသမာမှုတွေမရှိဘူးလား၊ တရားဝင် မကန့်ကွက်ဘူးလားလို့ မေးမြန်းတဲ့အခါ ဒေါက်တာအေးမောင်က မဲမသမာမှုတွေကို ကန့်ကွက်ဖို့အတွက် ငွေကြေးအားဖြင့် အချိန်အားဖြင့် အကန့်အသတ်တွေရှိတယ်လို့ ဖြေဆိုပါတယ်။

“ကျနော်တို့ဘက်က အနိုင်ရခဲ့တဲ့ မြို့နယ်တွေမှာတော့ ကျနော်တို့က ကန့်ကွက်စာ တင်သွားဖို့ အကြောင်းမရှိဘူးလေ။ ကျနော်တို့ ±ှုံးနိမ့်ခဲ့တဲ့ မြို့နယ်တခိျု့မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်လောင်းတခိျု့က တင်ပြကြတာရှိပါတယ်။

“ဥပမာ မာန်အောင်မှာ ဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်က တိုင်မယ်တန်းမယ်ဆိုတာ အချက်အလက်တွေတောင်မှ ရှိပါတယ်။ ဒါပေမယ့်လို့ ငွေ ၁ဝ သိန်း သွင်းပြီးကာမှ ကော်မရှင်က ဒီကိစ္စကို အတည်ပြုကြတာကို။ အဲဒီကိစ္စလေး နဲ့ ငွေကြေးလိုအပ်မှုရယ်၊ ငွေ ၁ဝ သိန်းရဲ့ နောက်မှာ ထပ်ကုန်မှာရှိတာကြောင့် လောလောဆယ် သူတို့သဘောထားက တိုင်တန်းခြင်းမရှိဘဲနဲ့ ကော်မရှင်ကို အသိပေးဒါမျိုးပဲ ရှိပါတယ်။”

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၄ နေရာ ဝင်ပြိုင်တဲ့အနက် ၃၅ နေရာ အနိုင်ရခဲ့ပါတယ်၊၊

စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ လျှော့ပေါ့ပေးရန်

နိုင်ငံရေးပါတီသစ်များ တောင်းဆို

အံ့ဘုန်းမြတ် ၄ ဇန်နဝါရီလ ၂ဝ၁၁ DVB

မြန်မာနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးဖို့ နိုင်ငံရေးပါတီသစ်တွေက ဒီကနေ့ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးမှာ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြုလုပ်တဲ့ (၆၃) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ မြန်မာနိုင်ငံအပေါ် အမေရိကန်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးဖို့ အဆိုအပါအဝင် အစိုးရကိုယ်တိုင်ဦးဆောင်ပြီး နိုင်ငံရေးခေါင်ဆောင်တွေနဲ့ ည‡ိနှိုင်းဆွေးနွေး အဖြေရှာဖို့ စတဲ့အဆိုနှစ်ရပ်ကို တင်သွင်းခဲ့တာပါ။

ဒီအဆိုတွေကို တက်ရောက်လာကြတဲ့ ပါတီကိုယ်စားလှယ်တွေကလည်း သဘောတူညီခဲ့ကြတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောပါတယ်။

“ပြည်ထောင်စုသားများရဲ့အကျိုးဟာ နိုင်ငံရေးခေါင်းဆောင်များ ညီညွတ်ပေါင်းစည်းရေးအတွက် အစိုးရက ဦးဆောင်ပြီး ညိ‡နှိုင်းဆွေးနွေးအဖြေရှာကြရန် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အလေးအနက် တိုက်တွန်းပါကြောင်း ဒါအဆိုအမှတ်တစ်။

“နောက် အဆိုအမှတ် ၂ က အမေရိကန်နဲ့ အီးယူနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာပြည်သူတို့အား လွန်မင်းစွာ ထိခိုက်ပါသဖြင့် ပြန်လည်±ုပ်သိမ်းပေးပါရန် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကြီးမှူးကျင်းပသော ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားမှာ မေတ္တာရပ်ခံတယ်။

“အဲဒါကို တက်ရောက်လာတဲ့ပါတီတွေကို ကျနော်တို့က မေးတဲ့အခါကျတော့ တက်ရောက်လာတဲ့ ပါတီတွေက သူတို့သဘောတူတယ်ဆိုတဲ့အကြောင်း ကျနော်တို့ကို ပြောတယ်။ ပြောတဲ့အခါကျတော့ သူတို့ကို လက်မှတ်ထိုးဖို့အတွက် ကျနော်တို့စာရေးနေတယ်။ ပြီးရင်သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပေးသင့်ပေးထိုက်တဲ့သူတွေကို ဖြန့်ဝေပေးဖို့ ကျနော်တို့ လုပ်နေပါတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ကျင်းပပြုလုပ်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၊

ပြည်ထောင်စု ဒီမိုကရေစီပါတီ၊

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊

ဝံသာနုအန်အယ်လ်ဒီနဲ့

ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီ ခေါင်းဆောင်တွေ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အဆိုတွေထဲမှာ စီးပွားရေး ပိတ်ဆို့ဒဏ်ခက်မှုတွေကို လျှော့ပေါ့ပေးဖို့ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ အရဆကသအိးကအတိုက်အခံ နိုင်ငံရေးပါတီ တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆန့်ကျင်နေတာနဲ့ပတ်သက်ပြီးတော့ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က အခုလိုပြောပါတယ်။

“လောလောဆယ်မှာ အန်အယ်လ်ဒီကလည်း သူ့အနေနဲ့ လူမှုရေးလှုပ်ရှားမှုတွေ စတင်ပြီး ရပ်တည်နေကြတာပဲလေ။ ကျနော်တို့ကလည်း တရားဝင် နိုင်ငံရေးပါတီတခုအနေနဲ့ ရပ်တည်နေတဲ့အခါကျတော့ ကိုယ့်နိုင်ငံရေးလမ်းကြောင်းနဲ့ သွားတာလေ။ ဒီအပေါ်မှာတော့ မှတ်ချက်ပေးစရာတော့ မရှိဘူး။ သူတို့လမ်းကြောင်းနဲ့ သူတို့ပေါ့။ ဒီမှာ တခြားပါတီတော်တော်များများက ကျနော်တို့နဲ့ မဟာမိတ်သဘောမျိုး လေးငါးပါတီက၊ ကျနော်တို့ ပို့လိုက်တဲ့အခါကျတော့ သူတို့သဘောတူတဲ့ဟာတွေနဲ့ ကျနော်တို့က လုပ်ကြမှာလေ။

ဒီကနေ့မှာကျရောက်တဲ့ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေထဲက အမျိုးသားဒီမို ကရေစီအင်အားစ္ဒုင်္ီ ပါတီကလည်း ကျင်းပပြုလုပ်ပြီး နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေနဲ့ တာဝန် ရှိသူတွေ တက်ရောက်ခဲ့ကြသလို ရွေးကောက်ပွဲကို တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တသီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်တွေလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို အသီးသီးပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံး ဖတ်စရာ

ဒေါ်ချိုချိုကျော်ငြိမ်းက ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို စွဲချက်တင်ပြီ

ထက်အောင်ကျော် ၄ ဇန်နဝါရီ ၂ဝ၁၁ DVB

ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ အတွင်းရေးမှူးတဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ကို မဲမသာမှုနဲ့ နေပြည်တော်မှာ တရားစွဲလိုက်ကြောင်း သိရပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေရဲ့ မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေကို ကော်မရှင်ဆီတိုင် ကြားမယ်လို့ ပြိုင်ဘက် ကိုယ်စားလှယ်အတော်များများက ပြောနေပေမယ့် ဒီနေ့ သိရတဲ့ နောက်ဆုံးစာရင်းတွေအရဆိုရင် ဒီမိုကရေစီအင်အားစုတွေဘက်က ဒေါ်ချိုချိုကျော်ငြိမ်းတယောက်ပဲ တိုင်ထားတာ ရှိသေးတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးဘက်က ပြန်တိုင်ထားသူကတော့ ၁၁ ဦးရှိပြီး အားလုံး ၁၂ မှုကို နေပြည်တော်မှာ စစ်ဆေးဖို့ ပြင်နေပါတယ်။

ဒီ ၁၂ မှုထဲက ထူးထူးခြားခြား ဒီမိုကရေစီအင်အားစုဘက်ကနေ ကြံ့ခိုင်ရေးကို ပြန်စွဲထားသူ ဒေါ်ချိုချိုကျော်ငြိမ်းကို ဘာကြောင့် ဒီလိုစွဲချက်တင်သလဲ။ ခိုင်မာတဲ့အထောက်ထား ဘာများ တွေ့ထားသလဲဆိုပြီး ကိုထက်အောင်ကျော်က မေးမြန်းထားပါတယ်။

“ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက ဦးသန့်ဇင်တဲ့။ တအိမ်တည်းနေတဲ့ ယောက္ခမကကော်မရှင် ဥက္ကဋ္ဌ၊ ပြီးတော့ မိန်းမရဲ့ ဦးလေးက ရယက ဥက္ကဋ္ဌ၊ အဲဒီ ဥက္ကာဦးစု မဲရုံမှာဆိုရင် သုံးယောက်တောင်။ ယောက္ခမကော၊ ဦးလေးကော၊ မိန်းမကော သုံးယောက်လုံးထိုင်နေတဲ့အတွက် အဲဒီကို မဲပေးမယ့်လူတွေက မပေးရဲဘူးဖြစ်နေတယ်။ မိန်းမကလည်း ပေးကိုပေးရမယ်ဆိုပြီး လက်နဲ့ထောက်ပြတယ်။ အဲဒါကို အန်တီတို့က ကန့်ကွက်ထားတယ်။ နောက်တခုက မဲ±ုံမှာ စံလှိုင်ဆိုတဲ့ အတွင်းရေးမှူးက အမတ်လောင်းရဲ့ ဦးလေးကလည်း မဲပုံးကြီးကို လေးနာရီခွဲမှာ မဲ±ုံပိတ်တဲ့အချိန်မှာ မရေတွက်ဘဲနဲ့ ပုံးကို ထမ်းသွားပြီးတော့ သူတို့အိမ်ထိ သယ်သွားတယ်၊ တရွာလုံးလည်းမြင်တယ်။ အမှုက အရမ်းကို ခိုင်မာတယ်။ ယောက္ခမလည်း ပါတယ်၊ မိန်းမလည်းပါတယ်၊ ဦးလေးလည်းပါတယ်၊ ငြင်းလို့လည်းမရဘူး။ အထောက်အထားတွေ ရှိတယ်ဆိုတော့ တရားမျှတစွာ လုပ်ပေးမယ်လို့ ပြောထားတဲ့ ခေါင်းဆောင်ကြီးကို ဒါကတော့ လေးလေးစားစားနဲ့ သူတို့ဆုံးဖြတ်ပေးရမှာပေါ့။”

ဒီလိုစွဲနိုင်ဖို့အတွက် ငွေ ၁ဝ သိန်းတင်ထားရပြီး အမှု ရှုံးရှုံး၊ နိုင်နိုင် အဲဒီ ၁ဝ သိန်းကို ကော်မရှင်ကပြန်မပေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် တိုင်ကြားသူဘက်က ရှုံးသွားရင်တော့ ထောင် တနှစ်ကျခံရမယ်လို့ ကော်မရှင်မှာ ခံဝန်လက်မှတ်ထိုးပေးခဲ့ရတယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သမီး ၃ ဦးပါဝင်တဲ့ ဒီပါတီဟာ ကိုယ်စားလှယ်ဟောင်း ၄၈ ဦး ဝင်ပြိုင်တဲ့အထဲ ၃ ဦးသာ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် အရွေးခံရပါတယ်။ အဲဒီထဲက တဦးဖြစ်သူ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ကိုယ်စားလှယ် ဒေါ်တင်တင်မာကို မဲဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြံ့ခိုင်ရေးဘက်က ပြန်တရားစွဲထားပါတယ်။ ဒီအမှုနံ့ပတ်သက်ပြီး ဒေါ်တင်တင်မာကို ဆက်သွယ်မေးကြည့်တဲ့အခါ အခုလို ရှင်းလင်းချက်ပေးပါတယ်။

“ကျမတို့ ၁ဝ ရက်၊ ၁၁ ရက် ချိန်းလိုက်ပါတယ်။ ကျမတို့ကိုတော့ စွဲချက်တွေ တင်ထားတာပေါ့။ မွတ်စလင်တွေကို စည်း±ုံးတယ်။ နောက်တခါ ၁၅ဝဝ စီပေးပြီးတော့ စည်း±ုံးတယ်တို့၊ ပြီးတော့ ကျမတို့စာရွက်ပေါ့ အမှန်ကတော့ ကျမတို့က (နသ) ±ိုက်ပြီးမှ ဝေတာကိုလည်း သူတို့က ဘယ်က အလွတ်တွေရလို့ ရမှန်းမသိဘူး၊ တရွက်နဲ့ တင်ပြီးတော့ (နသ)မပါဘူး၊ အဲလိုတွေ ပြောတယ်။ အဲဒါလည်း မဟုတ်ပါဘူး။ ကျမမှာ ၁၅ဝဝ ပေးနိုင်တဲ့ အင်အားလည်းမရှိပါဘူး။ ကျမတို့အနေနဲ့ကလည်း အဲလောက်လည်း လုပ်ငန်းကြီးနောက်မှာ မရှိဘူး။ ကျမအိမ်မှာ အမှုန့်ကြိတ်လုပ်ငန်းလေး လုပ်ပါတယ်။ စာအုပ်အငှားဆိုင်လေး ဖွင့်ထားတယ်။

ဘာပဲဖြစ်ဖြစ် ကျမတော့ ဒီလိုပဲ ဆုတောင်းပါတယ်။ ရတနာ သုံးပါး ဂုဏ်ကျေးဇူးကိုပဲ စောင့်ပြီးတော့ သမာသမတ်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးပါစေ။ ကြေညာပြီးသား ထွေးပြီးသား တံတွေးကို ပြန်မမြိုပါစေနဲ့ ဆိုတာပဲ ဆုတောင်းရပါတယ်။

ကြံ့ခိုင်ရေးက တရားစွဲထားတဲ့ နောက်ထပ် ၁ဝ ဦးအမည်နဲ့ပါတီကို အတိအကျ မသိရသေးပေမယ့် ရှမ်းတိုင်းရင်သားများဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ တစည ပါတီမှ ၃ ဦး သို့မဟုတ် ၄ ဦး ပါဝင်နေတယ်လို့သိရပါတယ်။

ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို တရားစွဲဖို့ပြင်နေသူတွေထဲမှာတော့ ရှမ်းပါတီက တဦး၊ အန်ဒီအက်ဖ်ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုမှ ၅ ဦး၊ တသီးပုဂ္ဂလတဦး၊ ရခိုင်ပါတီမှ တဦးရှိနေပြီး တခြားကိုယ်စားလှယ်တချို‹ကလည်း အခြေနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီတရားစွဲမှုတွေကို အခုလ ၇ ရက် သို့မဟုတ် တခိျု့ဒေသတွေအတွက် ၁ဝ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာဖြစ်တဲ့အတွက် ကြံခိုင်ရေးကစွဲထားတဲ့ ၁၁ မှုနဲ့အပြင် ဒီမိုကရေစီနဲ့ တိုင်းရင်းသား အင်အားစုတွေဘက်က ဘယ်နှမှု ပြန်စွဲနိုင်မလဲဆိုတာ ရှေ့သတင်းပတ်အတွင်း အတိအကျသိရမှာ ဖြစ်ပါတယ်။

ပြီးဘီ The End

မိုးမခ

No comments:

Post a Comment