17 November 2010

Thet Khaing

သက်ခိုင် လာပြီ
မင်းဒင်
နိုဝင်ဘာ ၁၈၊ ၂၀၁၀

စာဖတ်သူများသို့ လေးစားစွာ သတင်းစကား ပါးအပ်ပါသည်။

ကျနော် ၂ နှစ်ကျော်မျှ ကြာအောင် ကြိုးကြားအားထုတ်မှုဖြင့် ရေးသားခဲ့သော မင်းဒင်ရဲ့သက်ခိုင် ဇာတ်လမ်းကို ပုံနှိပ်စာအုပ်အဖြစ် လာမည့် ဒီဇင်ဘာလဆန်းတွင် ထုတ်ဝေတော့မည် ဖြစ်ပါသည်။ အဆိုပါ စာအုပ်၌ www.mindin.info တွင် ဖော်ပြထားပြီးဖြစ်သည့် အခန်း ပေါင်း (၈၈)ခန်းအပါအဝင်၊ ဇာတ်သိမ်းခန်း အတွဲ(၄) အဖြစ် ကျန် ၁၃ ခန်း ကိုပါ ထည့်သွင်း ဖော်ပြထားပါသည်။

မင်းဒင်ရဲ့သက်ခိုင်ကို အစမှ အဆုံးတိုင် ဘလော့တွင် ဖော်ပြပေးပါမည် ဟူသော ကတိစကားကိုလည်း မပျက်စေရဘဲ တင်နေကျအတိုင်း ဆက်လက် တင်ပြပေးသွားမည် ဖြစ်ကြောင်းကိုလည်း စကားလက်ဆောင် ပါးလိုပါသည်။

ပုံနှိပ်စာအုပ် မှာယူလိုသူများ အနေဖြင့် mindin3000@gmail.com သို့ ဆက်သွယ်နိုင်ပါကြောင်း နှင့် အောက်ဖော်ပြပါ ဖြန့်ချိရေး ကိုယ်စားလှယ်များထံ ဆက်သွယ် ဝယ်ယူနိုင်ကြပါသည်။ စာအုပ်ထွက်မည့်ရက်နှင့် ဈေးနှုန်းကို ထပ်မံ ကြေညာပါမည်။

ဖြန့်ချိရေး။။
ဂျစ်တူး(မုံရွာ) စကာင်္ပူ (ဖုန်း) )+၆၅၉၃၈၃၃၄၂၉ jittoo.momywa@gmail.com
ကိုဝင်းမြင့် စကာင်္ပူ (ဖုန်း) +၆၅ ၉၇၉၄ ၇၂၀၆ kolay.aoab@gmail.com
ကိုရဲ စကာင်္ပူ (ဖုန်း ) +၆၅ ၉၁၀၇ ၅၅၅၄ ytaung@gmail.com
ကိုအောင်ကျော်စိုးထွန်း၊ စကာင်္ပူ (ဖုန်း) +၆၅ ၈၂၈၆ ၁၉၄၀ akst007@gmail.com
………………………….
ဤနေရာတွင် အလျဉ်းသင့်သည်ဖြစ်၍ မင်းဒင်ရဲ့သက်ခိုင် အပေါ် စာဖတ်သူတချို့၏ သဘောထား မှတ်ချက်အချို့ကို အောက်တွင် ဖော်ပြအပ်ပါသည်။

ချမ်းသာကိုယ်စိတ် မြဲပါစေ။
လေးစားမှုများဖြင့်

မင်းဒင်
…………………………………………

မင်းဒင်ရဲ့သက်ခိုင် ကို ဤသို့ ရှုမြင်ကြသည်။

ကိုသက်ခိုင် အကြောင်း ဖတ်ရတာ ခေတ်ကြီးကို ဒေါင်လိုက်ရော အလျားလိုက်ပါ ပြန်မြင် နေရသလိုပါပဲဗျာ။ ကျွန်တော်တို့ တယောက်စကား တယောက်နား နဲ့ပဲ ပြီးခဲ့ရတဲ့ အချိန်တွေ နည်းမှ မနည်းတော့တာ။ အခုလို ဖော်ထုတ် ရေးသားမှပဲ အများ သိခွင့်ရတော့တာပဲ ဗျာ... ဒီ ဇာတ်လမ်းက လူတစ်ယောက်အကြောင်းပါ။ ဒါပေမဲ့ တပြိုင်နက်တည်း ခေတ်ကြီး အကြောင်းလဲ ဖြစ်နေတယ်ဗျာ။ သစ်တစ်ပင်တော့ သစ်တစ်ပင်ပါပဲ... ဒါပေမဲ့ တချိန်တည်းမှာပဲ တောအုပ်ကြီးကိုလည်း မြင်နေရပါတယ်။ ကျွန်တော်တို့ စာပေမှာ ကွက်လပ် ဖြစ်နေတဲ့ နေရာတွေ လိုက်ဖြည့်ပေးတဲ့အတွက် ကျေးဇူးပါ။
(ညိုထက်ညို၊ smsy.mmwordpress.com)
…………………………..
မင်းဒင်၏ အိတ်သွန်ဖာမှောက် အရေးအသား..
မြန်မာပြည်စာပေ စီစစ်ရေး စားပွဲပေါ် ရောက်ပါက တအုပ်လုံး မီးရှို့ခံရမည့်စာအုပ်။
(နှင်းခါးမိုး)
………………………………
အမြဲ စောင့်ဖတ်နေမိတယ်။ အကြောင်းအရာရော၊ အရေးအသား တင်ပြပုံပါ ကောင်းလွန်းလို့ တစ်ပိုင်းဖတ်ပြီးတိုင်း နောက်တစ်ပိုင်း မျှော်မိတယ်။ မြန်မာပြည်မှာ စီးပွားရေး အကြီးအကျယ် လုပ်ကြတာတွေ၊ မထူးဆန်းစွာ ပျက်စီးခြင်း ငါးပါး ဆိုက် သွားတာတွေ ဖတ်ရပြီး ကျနော်တော့ powerful actors တွေနဲ့ powerless တွေ play နေကြတာလို့ပဲ စိတ်ပျက်လက်ပျက် မြင်မိတယ်။
Mg September 4, 2008 9:20 AM
……………………………………
ဘလော်ဂါ အများစုသည် လူငယ်များ ဖြစ်သည်။ ရှုပ်ထွေးလှသော မြန်မာ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို သိသလိုလို မသိသလိုလို ဖြတ်သန်းလာရသော လူငယ်များအဖို့ မြန်မာပြည်၏ ခေတ်၊ စနစ်သည် အထူး အားထုတ် လေ့လာမှု မရှိလျှင် လုံးစေ့ ပတ်စေ့ နားလည်ရန် ခက်နိုင်မည်။ မှတ်တမ်းမှတ်ရာ၊ ပြောကြဆိုကြသည်မှာ ကလည်း ပြန့်ကျဲ၍ နေသည်။ ထိုထို ပြန့်ကျဲပြီး နားလည်ရ ခက်နေသည့် သော့ချက်ကို မင်းဒင်ရဲ့ သက်ခိုင်က ဖွင့်ပေးလိုက်သလို ရှိသည်။ ထို့ကြောင့် “လှုပ်” သည်ဟု ကျနော် အကဲခတ်သည်။

ခင်မင်သော ဘလော်ဂါများ၏ မင်းဒင် ဘလော့ဂ်နှင့် ပတ်သက်၍ အများဆုံး အမေးခံရသော မေးခွန်းမှာ “မင်းဒင်နဲ့ သက်ခိုင်က အတူတူပဲလား” ဟူ၍ ဖြစ်သည်။ တဖန် ကျနော်ကလည်း ကိုမင်းဒင်ကို ဒီလို အမေးခံရသည်ဟု ပြန်ပြောပြဖြစ်သော်လည်း အဖြေကို မတောင်းခဲ့၊ တောင်းရန်လည်း စိတ်မကူး။ မင်းဒင်နှင့် သက်ခိုင်သည် တယောက်တည်းဖြစ်စေ၊ နှစ်ယောက် ဖြစ်စေ၊ ဤအချက်သည် အဓိက မကျလှ။ ဝါးတားတားစာမျက်နှာဖြစ်နေသည့် အနီးကပ်သမိုင်း (ခေတ်ပြိုင် သမိုင်း) ကို သိချင်သည်က ကျနော်၏ အာသာ။ အပျက်ပျက်ခေတ်ကြီး၊ အလွဲလွဲ စနစ်ကြီး၏ အမြစ်ကို တူးဆွကြည့်ချင်သော ဆန္ဒကို မင်းဒင်ရဲ့ သက်ခိုင်က ဖြည့်ဆည်းပေးသည်။ သေချာသည်က မင်းဒင်ရဲ့ သက်ခိုင်သည် အသက်ရှူနေသော ဝတ္ထု၊ သို့မဟုတ် အတွင်းသားကို လှစ်ပြသည့် ခေတ်ပြိုင်သမိုင်းပျို ဖြစ်သည်။ ဒါကိုပဲ ကျေနပ်လှပြီ။

သင်ကာ။။ www.mmfreethinker.wordpress.com
…………………………………………….
မင်းဒင်ရေးတာနဲ့ ပတ်သက်ပြီး လူပြိန်းကြိုက်တွေလို့ ကိုယ် ခဏခဏ ပြောဆိုဖူးတယ်။
ကိုယ်က ခေတ်တစ်ခုကို အသုံးချပြီးလုံးစေ့ ပတ်စေ့ ပုံပြောသလို ရေးသွားတာမျိုးကို သဘောမကျဘူး။ ဒါ မင်းဒင် ရဲ့ သက်ခိုင်ကိုမှ မဟုတ်ပါဘူး။ သိန်းဖေမြင့် ရေးတဲ့ အရှေ့က နေ၀န်းထွက်သည့်ပမာတို့ ဘာတို့လည်း သဘော မကျပြန်ဘူး။ ဒါပေမဲ့ တခါတလေ ခေတ်အကြောင်း သက်သက် ပုံရိပ် ထင်ပြချင်တဲ့ စာတွေကျတော့ ခေတ်အကြောင်းပဲ တွေ့ရတော့မှာပေါ့။ အနုပညာဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်ချင်းတော့ မတူနိုင်ပါဘူး။

ခိုင်စိုးလင်း
……………………………….
hi u min din,

ur writing style is so nice n creative. don’t stop it. really I told u that u r burmese George Owel. keep in mind u min din, DON’T STOP UR WRITING. U R SO CREATIVE. i’l spread ur blog whom r interestd in.

Stay Away
………………………………………
Hi My respected writer Ko Min Din,

In the recent days, I happened to find out your blog "www.mindin.info" and I tasted "Thet Khine (87), ..Mg Wait"
and then, I was extremely excited to read your writing. And I downloaded all "ThetKhineOfMinDin" 1, 2, 3 and I read them all.
within the two consecutive days without doing noting about my job. I like it, I love it, I enjoy it, I feel it, so so much.
Honor to you, Ko Min Din. Let me say something about my reading status, I'm no longer a fan of Min Thein Kha. I was it when I was only at the ages of teen.

Now, I'm 40. I've read From "Gone With The Wind", "Peace and War","City of Joy", "Beyond Love", 'Catcher in the Rye","Stranger/Outsier", "PawThut", "A-Yine", "Toot-Pe" to "Digital Fortress", "The Lost symbol" and even the fucking 2008-Burma-Constitotion.
So, please kindly let me say about your writing. "ThetKhine Of MinDin" would be one of the greatest writing ever in modern Burmese literature history .
I see the economy, ecology, politics, culture, religion, social relations, philosophy, history, drama, action, romance, love, justice, injustice, coward, bravery, etc,
etc, etc and all the different levels of various kinds of people of our great golden land, Burma. I was shocked, amazed, crashed, pleased, happy, sorry, frightened,
active, hopeless, optimistic, pessimistic, etc, etc, etc. Please Please please carry on, please be confident, let us continue to read ThetKhine.
But, sadly I'd say, the pigs would not know the purity of pearl and the buffalo won't feel the sweet music of harp. Please do not care about them. There are a lot people hoping your coming series.
(Anonymous)
………………………
hello ko mindinn,
your novel is very, very intresting and very good one. please more quickly.
when you finish this please made all pdf file.
go on ko mindinn
hta2
……………………………………..
ကျနော် မထင်မှတ်ဘဲ ကိုမင်းဒင်ရဲ့ သက်ခိုင်ဇတ်လမ်းကို အွန်လိုင်းမြန်မာ့ ဖေါ်ရမ်တစ်ခုက ညွန်းလို့ အမှုမဲ့ အမှတ်မဲ့ ဖတ်လိုက်မိပါတယ်။ ဘဝ တစ်ဆစ်ချိုးပြောင်းပြီး ပတ်ဝန်းကျင် နေရာဒေသတွေ ကွာခဲ့လို့ မြန်မာ့ ရသစာပေတွေကို မခံစား နိုင်ခဲ့တာ ကြာပါပြီ။ ကျနော် ၈၈၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး ထိုင်းမြန်မာ နယ်စပ်မှာ ၈ နှစ်ကြာနေခဲ့ပြီး ပြည်ပကို ပညာသင်ချင် လို့  ထွက်လာခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
ဦးသက်ခိုင် ဇတ်လမ်းကို စဖတ်စက အမှုမဲ့ အမှတ်မဲ့ သမန်ကာသျှံကာပါဘဲ။ နောက် သိ လာရတာ ဇာတ်လမ်းအရ ဇာတ်ကောင် တစ်ခုကို အခြေခံထားပေမဲ့ ကျနော်တို့ မသိခွင့်ရတဲ့ လက်ရှိပြည်တွင်းမှာ ဘာတွေ ဖြစ်ပျက်နေတယ်၊ လောဘ သားကောင်တွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ခုတ်ထစ်လှီးကြ၊ ဂွင်တွေဘယ်လိုဖန်တီးကြ၊ ပြည်သူတွေကိုဘယ်လို ခေါင်းပုံဖြတ်ကြ၊ ဘယ်သူတွေ ဘယ်သူကိုပင်းပြီး ဘယ်လိုပေါင်းစားကြဆိုတာ မျက်စိထဲမှာ မျက်ဝါးထင်ထင်ပေါ်လာတာပါဘဲ။ ပြီး ဖြတ်သန်းလာခဲ့တဲ့ ခေတ် အဆက်ဆက်နဲ့ လူတွေရဲ့ အကြောင်းတွေကိုပါတပါတည်း သိခွင့်ရပါတယ်။ ကျနော် နေ့တိုင်း သက်ခိုင်ဇာတ်လမ်းကို ဝင်ကြည့်ပါတယ်။ မကြည့်ရရင် မနေနိုင်ပါ။ အခြားသူများလည်း ဒီလိုဘဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Methalone
………………………………
မင်းဒင်ရဲ့ သက်ခိုင်ကို အတွဲ(၃)ထိ တထိုင်ထဲ ဖတ်လိုက်မိတဲ့အထိ ဆွဲဆောင်မှု ကောင်းလှ ပါတယ်... နောက်ဆက်တွဲလေးလည်း မျှော်နေမိတယ်။
tharthar1111@yahoo.co.jp
……………………………..
U Min Din,

You showed us the real life of MM.
You showed us the truth of Buddhism.
You showed us black business of MM .......
I am waiting your "coming Thet Khaing's episodes".
Please continue Ko Thet Khaing's episodes to support Burmese literature, for youths motivating, to understand what is permanent and what is not (the core of Buddhism)......

I wish you to have a good health ..
Hoping to meet you if I have a change to visit Phu Khat .
Phone Pyae November 2, 2010 10:59 PM
……………………………….
Dear UMD,
Well done. The present writing is much better.It's like Swe Hlaing Oo.Please continue writing Thet Khaing as he was and is.

Sincerely,

Maung Maung Nyo
………………………………
နှစ်နဲ့ချီပြီး စောင့်ဖတ်ပြီးတဲ့နောက်မှာတော့ ကျနော် ဘာကြောင့် သက်ခိုင် ဇာတ်လမ်းတွဲ တွေကို သဘောကျသလဲ ဆိုတာ စေ့ငုမိတော့....။
လူလတ်တန်းစားတွေ မသိမမြင်နိင်တဲ့ လှမ်းကြည့်ခွင့်မရတဲ့ အလွှာတစ်ခုကို သူအရိုးရှင်း ဆုံးချပြထားတယ်။ လက်လှမ်း မမှီခဲ့တဲ့ လူမိုက်လောက အကြောင်းကလည်း သုတရသကို တပြိုင်နက်တည်း ပေးခဲ့တယ်။
ပြည်သူတွေပြန်ပြောခွင့် မရသေးတဲ့ လူတစ်စုရဲ့ လုပ်ရပ်တွေကို အတွင်းကျကျ သိလာရတော့ ငုံ့လျှိုးနေခဲ့တဲ့ မခံချင်စိတ်တွေက ဒင်းတို့လည်း ဘာမှမဟုတ်ပါဘူး ဆိုတဲ့ အားရမှုကို ဖြစ်ပေါ် စေခဲ့တယ်။ စီးပွားရေးလောက ရဲ့ လောကဓံအနိမ့်အမြင့်တွေ လာဘ်ပေးလာဘ်ယူမှုတွေကို သက်ရှိထင်ရှား ရှိသေးတဲ့ ရာထူးကြီးသူတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သက်ခိုင် အကြောင်းက အပျော်ဖတ် ဇာတ်လမ်းတစ်ခု မဟုတ်တော့ဘူး။ ဒါဟာ ကျနော်တို့ မသိခဲ့တဲ့ သမိုင်း တစ်ခုပါပဲ။ တကယ်တော့ သက်ခိုင်ဆိုတာ လူတစ်ယောက်ရဲ့ အထ္ထုပ္ပတ္တိ ထက်ပို တယ်။
ခင်မင်သောအားဖြင့်
(မြစ်ကျိုးအင်း)
.................................................
အသေးစိတ် ၀တ္ထုရှည်ကြီး ရေးခဲ့တဲ့ အားထုတ်မှုကို ချီးကျုး လေးစားပါတယ်။ အရေး အသားနဲ့ တင်ပြပုံတွေက မင်းသိင်္ခဆန်ပါလားလို့ ထင်မိခဲ့တယ်။ အပြင်မှာ တကယ်ရှိတဲ့ ဇာတ်ကောင်တွေကို ထည့်ထားတာ၊ ဖြစ်စဉ်တွေကို အကွက်စေ့စေ့ ပြောပြထားတာ၊ ဇာတ်လိုက်ဟာ ဒီလောက်နှံ့စပ် ပေါက်ရောက်ပြီး ရှိရှိသမျှ နာမည်ကြီး တွေနဲ့ အသိအကျွမ်းဖြစ် ဆက်စပ်ပတ်သက်နေတာတွေက တအံ့တသြ စိတ်ဝင်စားစရာ ဖြစ်စေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါမျိုးတွေ ဖတ်ရတာ လူတွေ ကြိုက်ကြမှာပါ။
ပန်ဒိုရာ

1 comment:

  1. ကျနော်တို့လိုမလွတ်မလပ်နဲ့ ကျီးလန့်စာစား နေရတဲ့ မြန်မာ
    ပြည်ကသူတွေ ဘတ်ချင်လိုက်တာ ဘယ်လိုဘတ်ရမလဲ

    ReplyDelete